တစ္ေန႔တာရဲ႕ တန္ဖိုးအရွိဆံုး အခ်ိန္
(Unicode)
သင္ ဘယ္သူပဲျဖစ္ျဖစ္၊ ဘာအလုပ္ကိုပဲ လုပ္လုပ္ က်န္တဲ့လူေတြ အားလံုးနဲ႔ တူညီတာတစ္ခုေတာ့ ရွိပါတယ္။ အဲ့ဒါကေတာ့ အလုပ္မ်ားတာပဲျဖစ္ပါတယ္။ ေက်ာင္းသားတစ္ေယာက္ပဲျဖစ္ျဖစ္၊ အလုပ္သမား ၀န္ထမ္းတစ္ေယာက္ပဲျဖစ္ျဖစ္၊ မိဘတစ္ေယာက္ေယာက္ပဲျဖစ္ျဖစ္ အခ်ိန္က ရွားပါးပစၥည္းတစ္ခု ျဖစ္ေနတတ္ပါတယ္။ အလုပ္ကေန Gym ကို ဒါမွမဟုတ္ Bar ကို ေျပးလႊားသြားလာေနရၿပီး အလုပ္နဲ႔ က်န္းမာေရး၊ လူမႈေရးေတြကို ဘက္ညီေအာင္ ႀကိဳးစားေနၾကရပါတယ္။
အလုပ္ကို ထြက္လိုက္မလား ဒါမွမဟုတ္ က်န္းမာေရး ထိခိုက္ခံမလား ဒါမွမဟုတ္ မိတ္ေဆြသူငယ္ခ်င္းေတြကို အဆံုး႐ႈံးခံမလား။ အားလံုးအဆင္ေျပဖို႔အတြက္ အခ်ိန္စီမံခန္႔ခြဲမႈသင္တန္းပဲ ေျပးတက္ရမလား။ ဒါေတြအားလံုးအတြက္ အခ်ိန္ရေအာင္ ဘယ္လိုလုပ္ႏိုင္မလဲ။
တကယ္ေတာ့ အလုပ္၀င္ေငြ၊ က်န္းမာေရးနဲ႔ မိတ္ေဆြအေပါင္းအသင္းေတြထဲက ဘယ္တစ္ခုကိုမွ စြန္႔လႊတ္လိုက္လို႔ မျဖစ္ပါဘူး။ ဒီလိုမ်ိဳး တစ္ခုခုကို အဆံုး႐ႈံးခံရမယ့္အစား လိုအပ္ေနတဲ့အခ်ိန္ကို အလြယ္ဆံုးရရွိႏိုင္တဲ့ နည္းလမ္းတစ္ခုရွိပါတယ္။ အဲ့ဒါကေတာ့ သင့္တစ္ေန႔တာရဲ႕ မနက္ခင္းအခ်ိန္ကို အသံုးခ်ဖို႔ ျဖစ္ပါတယ္။
လက္ရွိေအာင္ျမင္ေနသူအားလံုးဟာလည္း သူတို႔ရဲ႕ မနက္ခင္းေတြကို အက်ိဳးရွိရွိအသံုးခ်တတ္ၾကသူေတြ ျဖစ္ၾကပါတယ္။ စာေရးတာ၊ မိသားစုကို အခ်ိန္ေပးတာ၊ ေလ့က်င့္ခန္းလုပ္တာ၊ အစီအစဥ္ေရးဆြဲတာ၊ စသျဖင့္ သူတို႔ရဲ႕ တစ္ေန႔တာကို မစတင္ခင္မွာ အေရးႀကီးကိစၥေတြကို စတင္လုပ္ေဆာင္ထားတတ္ၾကပါတယ္။
မနက္ခင္းမွာ လုပ္ေဆာင္တာက ဘာျဖစ္လို႔အက်ိဳးသက္ေရာက္မႈရွိတာလဲဆိုတာကို နားလည္ဖို႔ လြယ္ပါတယ္။ မနက္ခင္းမွာဆိုရင္ အာရုံေနာက္စရာ အေႏွာက္အယွက္နည္းပါတယ္။ အေႏွာက္အယွက္ေတြက ညေနခင္းပိုင္းမွာ ပိုမ်ားပါတယ္။ ရုံးဆင္းခ်ိန္ၿပီးမွ ၀င္လာတတ္တဲ့ ဖုန္းေတြ၊ ရုတ္တရက္ေပၚေပါက္လာတဲ့ ညစာစားပြဲေတြနဲ႔ မိသားစုအေရးေပၚကိစၥေတြက ညေနခင္းပိုင္မွာ ပိုၾကံဳရတတ္ပါတယ္။ ဒါေပမယ့္ မနက္ခင္း အေစာပိုင္းမွာေတာ့ ဘယ္သူကမွ သင့္ကို ေႏွာက္ယွက္မွာ မဟုတ္ပါဘူး။
ဒီကိစၥေနာက္ကြယ္မွာ စိတ္ခြန္အားလို႔ ေခၚဆိုတဲ့အရာတစ္ခု ရွိေနေသးပါတယ္။ စိတ္ခြန္အားဟာ ခႏၶာကိုယ္ ၾကြက္သားေတြလိုပဲ ေလ့က်င့္ေပးျခင္းအားျဖင့္ သန္မာလာႏိုင္ပါတယ္။ ေလ့က်င့္မႈပိုမ်ားေလေလ၊ ဆံုးျဖတ္ခ်က္ေတြ ပိုၿပီးမွန္မွန္ကန္ကန္ခ်မွတ္ႏိုင္ေစမယ့္ စိတ္ခြန္အား တိုးပြားလာေလပဲျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔အားလံုးက တစ္ေန႔လံုးမွာ ဆံုးျဖတ္ခ်က္ေတြ လုပ္ေဆာင္ေနရပါတယ္။ မနက္စာဘာစားမလဲ၊ အလုပ္၊ ေက်ာင္း၊ အိမ္ကို ဘာ၀တ္ရမလဲ စသျဖင့္ ဆံုးျဖတ္ရပါတယ္။ ဒါ့ေၾကာင့္ Apple တည္ေထာင္သူ Steve Jobs ကို အျမဲတမ္း ေခါင္းစြပ္အကႌ်အနက္ေရာင္နဲ႔ ဂ်င္းေဘာင္းဘီ ၀တ္ထားတာကို ေတြ႕ရတာျဖစ္ပါတယ္။ Steve Jobs ဟာ ဘာ၀တ္ရမလဲဆိုတာတဲ့ အေသးအမႊားကိစၥအတြက္ သူ႔ရဲ႕စိတ္ခြန္အားကို အသံုးမခ်ခ်င္တာျဖစ္ပါတယ္။ တစ္ေန႔လံုးလုပ္ေဆာင္ရတဲ့ ဆံုးျဖတ္ခ်က္ေတြ မ်ားျပားလွၿပီး ပိုၿပီးခက္ခဲလာတတ္ပါတယ္။ ဒါဟာ တစ္ေန႔တာျဖတ္သန္းလာတာနဲ႔အမွ် စိတ္ခြန္အား က်ဆင္းလာတာေၾကာင့္ ျဖစ္ပါတယ္။
မနက္ခင္းမွာဆိုရင္ သင့္ရဲ႕စိတ္ခြန္အားက အျမင့္ဆံုးအေျခအေနမွာ ရွိေနတဲ့အတြက္ မွန္ကန္တဲ့ဆံုးျဖတ္ခ်က္ေတြ ခ်မွတ္ႏိုင္ေစၿပီး ခက္ခဲတဲ့အရာေတြကို အလြယ္တကူလုပ္ေဆာင္ႏိုင္ေစပါတယ္။ ဒါ့ေၾကာင့္ ကိုယ္လက္လႈပ္ရွားေလ့က်င့္ခန္းလုပ္ပါ။ စာေရးပါ။ ေလ့လာလက္စ စာအုပ္ကိုဖတ္ပါ။ ညေနပိုင္းမွာ လုပ္ခ်င္စိတ္မရွိတဲ့အရာေတြ အားလံုးကို မနက္ခင္းမွာ အလြယ္တကူလုပ္ႏိုင္ပါလိမ့္မယ္။
ဒါေပမယ့္ ျပႆနာရွိေနတာက မနက္ခင္းမွာ ေစာေစာစီးစီးအိပ္ရာမထႏိုင္တာပဲ ျဖစ္ပါတယ္။ အိပ္ေရး၀၀မအိပ္ရရင္ ဘယ္လိုလုပ္ၿပီး အခ်ိန္ပိုရေအာင္ ထႏိုင္မွာပါလဲ။ ဒါ့ေၾကာင့္ သင့္အေနနဲ႔ မနက္ခင္းေစာေစာထၿပီး ထိေရာက္ေအာင္ျမင္တဲ့ ေန႔တစ္ေန႔ကို ျဖတ္သန္းႏိုင္ေစဖို႔ ဒီနည္းလမ္းေတြကို လုပ္ၾကည့္လိုက္ပါ။
၁။ ေစာေစာအိပ္ပါ
ဒါကေတာ့ သိသာပါတယ္။ ေစာေစာအိပ္ ေစာေစာထပါ။ ညနက္တဲ့အထိ မအိပ္ႏိုင္ေလာက္ေအာင္ ျဖစ္ေစတဲ့အေၾကာင္းေတြက ဘာေတြပါလဲ။ အဲ့ဒါေတြက အေရးႀကီးပါသလား။ ေနာက္တစ္ေန႔မွာ လုပ္ရမယ့္ကိစၥေတြထက္ အေရးႀကီးပါသလား။ တကယ္လို႔ ညဖက္မွာမွ သူငယ္ခ်င္းေတြနဲ႔ ေတြ႕ရတယ္ဆိုရင္ ေန႔ဖက္ဘယ္အခ်ိန္ေတြမွာ ေတြ႕ႏိုင္မလဲ စဥ္းစားပါ။ အၾကံေပးခ်င္တာကေတာ့ ေတြ႕ခ်င္တဲ့သူငယ္ခ်င္းနဲ႔ စေနတနဂၤေႏြရုံးပိတ္ရက္မွာ ေန႔လည္စာအတူစားတာ အေကာင္းဆံုးပါပဲ။
၂။ တစ္ေရးျပန္မအိပ္ပါနဲ႔
ဒီအခ်က္က ခက္ခဲႏိုင္ပါတယ္။ လူအမ်ားစုက ႏႈိးစက္ျမည္လာရင္ ပိတ္ၿပီး ေနာက္တစ္ခါျမည္ခ်ိန္အထိ တစ္ေရးျပန္အိပ္တတ္ပါတယ္။ ဒီအက်င့္က မေကာင္းပါဘူး။ ႏႈိးစက္ကိုပိတ္ၿပီး ျပန္အိပ္တာက ေကာင္းေကာင္းအိပ္မေပ်ာ္ပါဘူး။ ေနာက္တစ္ခါ ႏႈိးစက္ျမည္ရင္ ျပန္ႏိုးရပါတယ္။ ဒါက အခ်ိန္ျဖဳန္းတာပဲ ျဖစ္ပါတယ္။ အိပ္ေပ်ာ္ေနတာလည္း မဟုတ္ ႏိုးထလာတာလည္း မဟုတ္ဘူးဆိုရင္ တန္ဖိုးရွိတဲ့အခ်ိန္ေတြကို အက်ိဳးမဲ့ျဖဳန္းတီးပစ္တာပဲ ျဖစ္ပါတယ္။
၃။ မနက္ခင္းအတြက္ ျပင္ဆင္ပါ
ဒီအခ်က္က အေရးႀကီးပါတယ္။ မနက္ခင္းမွာ Gym သြားကစားမယ္ဆိုၾကပါစို႔။ မနက္အိပ္ရာႏိုးတာနဲ႔ အလြယ္တကူ တန္းသြားလို႔ရေအာင္ ညကတည္းက ျပင္ဆင္ထားသင့္ပါတယ္။ အ၀တ္အစားေတြ ထုတ္ထားမယ္။ ဖိနပ္အသင့္ျပင္ထားမယ္၊ ယူသြားမယ့္အိတ္ကိုလည္း ျပင္ဆင္ထားရပါမယ္။ မနက္ခင္းအတြက္ ႀကိဳတင္ျပင္ဆင္ထားမႈမရွိဘူးဆိုရင္ ဥပမာ အ၀တ္အစားရွာရမယ္၊ ဖိနပ္လည္း မေတြ႕ဘူး စသျဖင့္ အဟန္႔အတားေတြရွိေနမယ္ဆိုရင္ သြားျဖစ္မွာမဟုတ္ပဲ ျပန္၀င္အိပ္မိပါလိမ့္မယ္။ ႀကိဳတင္ျပင္ဆင္မႈဟာ က်႐ႈံးမႈအတြက္ ခံတပ္တစ္ခုပါပဲ။
၄။ မနက္ခင္းက သင့္ကိုယ္ပိုင္အခ်ိန္ျဖစ္ပါေစ
မနက္ခင္းကို သင္ပိုင္ဆိုင္ပါတယ္။ တစ္ေန႔လံုးမွာ လုပ္ခ်င္ေပမယ့္ အခ်ိန္မရတာေတြ အားလံုးကို မနက္ခင္းမွာ လုပ္ေဆာင္ပါ။ ၀ါသနာပါတာ၊ စိတ္အားထက္သန္တာေတြကို ဒီအခ်ိန္မွာ လုပ္ေဆာင္ဖို႔ အေကာင္းဆံုးပါပဲ။ မနက္ခင္းအခ်ိန္ေတြကို အသံုးခ်တတ္ၿပီဆိုတာနဲ႔ အရာရာက ပိုၿပီးလြယ္ကူလာတာကို ေတြ႕ရမွာပါ။
[sg_popup id=6]
မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine
+++++++++++++++++++++++++++++++++++++++++++++++++
တစ်နေ့တာရဲ့ တန်ဖိုးအရှိဆုံး အချိန်
(Unicode)
သင် ဘယ်သူပဲဖြစ်ဖြစ်၊ ဘာအလုပ်ကိုပဲ လုပ်လုပ် ကျန်တဲ့လူတွေ အားလုံးနဲ့ တူညီတာတစ်ခုတော့ ရှိပါတယ်။ အဲ့ဒါကတော့ အလုပ်များတာပဲဖြစ်ပါတယ်။ ကျောင်းသားတစ်ယောက်ပဲဖြစ်ဖြစ်၊ အလုပ်သမား ၀န်ထမ်းတစ်ယောက်ပဲဖြစ်ဖြစ်၊ မိဘတစ်ယောက်ယောက်ပဲဖြစ်ဖြစ် အချိန်က ရှားပါးပစ္စည်းတစ်ခု ဖြစ်နေတတ်ပါတယ်။ အလုပ်ကနေ Gym ကို ဒါမှမဟုတ် Bar ကို ပြေးလွှားသွားလာနေရပြီး အလုပ်နဲ့ ကျန်းမာရေး၊ လူမှုရေးတွေကို ဘက်ညီအောင် ကြိုးစားနေကြရပါတယ်။
အလုပ်ကို ထွက်လိုက်မလား ဒါမှမဟုတ် ကျန်းမာရေး ထိခိုက်ခံမလား ဒါမှမဟုတ် မိတ်ဆွေသူငယ်ချင်းတွေကို အဆုံးရှုံးခံမလား။ အားလုံးအဆင်ပြေဖို့အတွက် အချိန်စီမံခန့်ခွဲမှုသင်တန်းပဲ ပြေးတက်ရမလား။ ဒါတွေအားလုံးအတွက် အချိန်ရအောင် ဘယ်လိုလုပ်နိုင်မလဲ။
တကယ်တော့ အလုပ်ဝင်ငွေ၊ ကျန်းမာရေးနဲ့ မိတ်ဆွေအပေါင်းအသင်းတွေထဲက ဘယ်တစ်ခုကိုမှ စွန့်လွှတ်လိုက်လို့ မဖြစ်ပါဘူး။ ဒီလိုမျိုး တစ်ခုခုကို အဆုံးရှုံးခံရမယ့်အစား လိုအပ်နေတဲ့အချိန်ကို အလွယ်ဆုံးရရှိနိုင်တဲ့ နည်းလမ်းတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ သင့်တစ်နေ့တာရဲ့ မနက်ခင်းအချိန်ကို အသုံးချဖို့ ဖြစ်ပါတယ်။
လက်ရှိအောင်မြင်နေသူအားလုံးဟာလည်း သူတို့ရဲ့ မနက်ခင်းတွေကို အကျိုးရှိရှိအသုံးချတတ်ကြသူတွေ ဖြစ်ကြပါတယ်။ စာရေးတာ၊ မိသားစုကို အချိန်ပေးတာ၊ လေ့ကျင့်ခန်းလုပ်တာ၊ အစီအစဉ်ရေးဆွဲတာ၊ စသဖြင့် သူတို့ရဲ့ တစ်နေ့တာကို မစတင်ခင်မှာ အရေးကြီးကိစ္စတွေကို စတင်လုပ်ဆောင်ထားတတ်ကြပါတယ်။
မနက်ခင်းမှာ လုပ်ဆောင်တာက ဘာဖြစ်လို့အကျိုးသက်ရောက်မှုရှိတာလဲဆိုတာကို နားလည်ဖို့ လွယ်ပါတယ်။ မနက်ခင်းမှာဆိုရင် အာရုံနောက်စရာ အနှောက်အယှက်နည်းပါတယ်။ အနှောက်အယှက်တွေက ညနေခင်းပိုင်းမှာ ပိုများပါတယ်။ ရုံးဆင်းချိန်ပြီးမှ ၀င်လာတတ်တဲ့ ဖုန်းတွေ၊ ရုတ်တရက်ပေါ်ပေါက်လာတဲ့ ညစာစားပွဲတွေနဲ့ မိသားစုအရေးပေါ်ကိစ္စတွေက ညနေခင်းပိုင်မှာ ပိုကြုံရတတ်ပါတယ်။ ဒါပေမယ့် မနက်ခင်း အစောပိုင်းမှာတော့ ဘယ်သူကမှ သင့်ကို နှောက်ယှက်မှာ မဟုတ်ပါဘူး။
ဒီကိစ္စနောက်ကွယ်မှာ စိတ်ခွန်အားလို့ ခေါ်ဆိုတဲ့အရာတစ်ခု ရှိနေသေးပါတယ်။ စိတ်ခွန်အားဟာ ခန္ဓာကိုယ် ကြွက်သားတွေလိုပဲ လေ့ကျင့်ပေးခြင်းအားဖြင့် သန်မာလာနိုင်ပါတယ်။ လေ့ကျင့်မှုပိုများလေလေ၊ ဆုံးဖြတ်ချက်တွေ ပိုပြီးမှန်မှန်ကန်ကန်ချမှတ်နိုင်စေမယ့် စိတ်ခွန်အား တိုးပွားလာလေပဲဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးက တစ်နေ့လုံးမှာ ဆုံးဖြတ်ချက်တွေ လုပ်ဆောင်နေရပါတယ်။ မနက်စာဘာစားမလဲ၊ အလုပ်၊ ကျောင်း၊ အိမ်ကို ဘာဝတ်ရမလဲ စသဖြင့် ဆုံးဖြတ်ရပါတယ်။ ဒါ့ကြောင့် Apple တည်ထောင်သူ Steve Jobs ကို အမြဲတမ်း ခေါင်းစွပ်အင်္ကျီအနက်ရောင်နဲ့ ဂျင်းဘောင်းဘီ ၀တ်ထားတာကို တွေ့ရတာဖြစ်ပါတယ်။ Steve Jobs ဟာ ဘာဝတ်ရမလဲဆိုတာတဲ့ အသေးအမွှားကိစ္စအတွက် သူ့ရဲ့စိတ်ခွန်အားကို အသုံးမချချင်တာဖြစ်ပါတယ်။ တစ်နေ့လုံးလုပ်ဆောင်ရတဲ့ ဆုံးဖြတ်ချက်တွေ များပြားလှပြီး ပိုပြီးခက်ခဲလာတတ်ပါတယ်။ ဒါဟာ တစ်နေ့တာဖြတ်သန်းလာတာနဲ့အမျှ စိတ်ခွန်အား ကျဆင်းလာတာကြောင့် ဖြစ်ပါတယ်။
မနက်ခင်းမှာဆိုရင် သင့်ရဲ့စိတ်ခွန်အားက အမြင့်ဆုံးအခြေအနေမှာ ရှိနေတဲ့အတွက် မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်စေပြီး ခက်ခဲတဲ့အရာတွေကို အလွယ်တကူလုပ်ဆောင်နိုင်စေပါတယ်။ ဒါ့ကြောင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ပါ။ စာရေးပါ။ လေ့လာလက်စ စာအုပ်ကိုဖတ်ပါ။ ညနေပိုင်းမှာ လုပ်ချင်စိတ်မရှိတဲ့အရာတွေ အားလုံးကို မနက်ခင်းမှာ အလွယ်တကူလုပ်နိုင်ပါလိမ့်မယ်။
ဒါပေမယ့် ပြဿနာရှိနေတာက မနက်ခင်းမှာ စောစောစီးစီးအိပ်ရာမထနိုင်တာပဲ ဖြစ်ပါတယ်။ အိပ်ရေးဝဝမအိပ်ရရင် ဘယ်လိုလုပ်ပြီး အချိန်ပိုရအောင် ထနိုင်မှာပါလဲ။ ဒါ့ကြောင့် သင့်အနေနဲ့ မနက်ခင်းစောစောထပြီး ထိရောက်အောင်မြင်တဲ့ နေ့တစ်နေ့ကို ဖြတ်သန်းနိုင်စေဖို့ ဒီနည်းလမ်းတွေကို လုပ်ကြည့်လိုက်ပါ။
၁။ စောစောအိပ်ပါ
ဒါကတော့ သိသာပါတယ်။ စောစောအိပ် စောစောထပါ။ ညနက်တဲ့အထိ မအိပ်နိုင်လောက်အောင် ဖြစ်စေတဲ့အကြောင်းတွေက ဘာတွေပါလဲ။ အဲ့ဒါတွေက အရေးကြီးပါသလား။ နောက်တစ်နေ့မှာ လုပ်ရမယ့်ကိစ္စတွေထက် အရေးကြီးပါသလား။ တကယ်လို့ ညဖက်မှာမှ သူငယ်ချင်းတွေနဲ့ တွေ့ရတယ်ဆိုရင် နေ့ဖက်ဘယ်အချိန်တွေမှာ တွေ့နိုင်မလဲ စဉ်းစားပါ။ အကြံပေးချင်တာကတော့ တွေ့ချင်တဲ့သူငယ်ချင်းနဲ့ စနေတနင်္ဂနွေရုံးပိတ်ရက်မှာ နေ့လည်စာအတူစားတာ အကောင်းဆုံးပါပဲ။
၂။ တစ်ရေးပြန်မအိပ်ပါနဲ့
ဒီအချက်က ခက်ခဲနိုင်ပါတယ်။ လူအများစုက နှိုးစက်မြည်လာရင် ပိတ်ပြီး နောက်တစ်ခါမြည်ချိန်အထိ တစ်ရေးပြန်အိပ်တတ်ပါတယ်။ ဒီအကျင့်က မကောင်းပါဘူး။ နှိုးစက်ကိုပိတ်ပြီး ပြန်အိပ်တာက ကောင်းကောင်းအိပ်မပျော်ပါဘူး။ နောက်တစ်ခါ နှိုးစက်မြည်ရင် ပြန်နိုးရပါတယ်။ ဒါက အချိန်ဖြုန်းတာပဲ ဖြစ်ပါတယ်။ အိပ်ပျော်နေတာလည်း မဟုတ် နိုးထလာတာလည်း မဟုတ်ဘူးဆိုရင် တန်ဖိုးရှိတဲ့အချိန်တွေကို အကျိုးမဲ့ဖြုန်းတီးပစ်တာပဲ ဖြစ်ပါတယ်။
၃။ မနက်ခင်းအတွက် ပြင်ဆင်ပါ
ဒီအချက်က အရေးကြီးပါတယ်။ မနက်ခင်းမှာ Gym သွားကစားမယ်ဆိုကြပါစို့။ မနက်အိပ်ရာနိုးတာနဲ့ အလွယ်တကူ တန်းသွားလို့ရအောင် ညကတည်းက ပြင်ဆင်ထားသင့်ပါတယ်။ အဝတ်အစားတွေ ထုတ်ထားမယ်။ ဖိနပ်အသင့်ပြင်ထားမယ်၊ ယူသွားမယ့်အိတ်ကိုလည်း ပြင်ဆင်ထားရပါမယ်။ မနက်ခင်းအတွက် ကြိုတင်ပြင်ဆင်ထားမှုမရှိဘူးဆိုရင် ဥပမာ အဝတ်အစားရှာရမယ်၊ ဖိနပ်လည်း မတွေ့ဘူး စသဖြင့် အဟန့်အတားတွေရှိနေမယ်ဆိုရင် သွားဖြစ်မှာမဟုတ်ပဲ ပြန်ဝင်အိပ်မိပါလိမ့်မယ်။ ကြိုတင်ပြင်ဆင်မှုဟာ ကျရှုံးမှုအတွက် ခံတပ်တစ်ခုပါပဲ။
၄။ မနက်ခင်းက သင့်ကိုယ်ပိုင်အချိန်ဖြစ်ပါစေ
မနက်ခင်းကို သင်ပိုင်ဆိုင်ပါတယ်။ တစ်နေ့လုံးမှာ လုပ်ချင်ပေမယ့် အချိန်မရတာတွေ အားလုံးကို မနက်ခင်းမှာ လုပ်ဆောင်ပါ။ ၀ါသနာပါတာ၊ စိတ်အားထက်သန်တာတွေကို ဒီအချိန်မှာ လုပ်ဆောင်ဖို့ အကောင်းဆုံးပါပဲ။ မနက်ခင်းအချိန်တွေကို အသုံးချတတ်ပြီဆိုတာနဲ့ အရာရာက ပိုပြီးလွယ်ကူလာတာကို တွေ့ရမှာပါ။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine