အလုပ္ထဲမွာ ေပ်ာ္ရႊင္ေစႏိုင္မည့္ နည္းလမ္း(၄)ခု

အလုပ္ထဲမွာ ေပ်ာ္ရႊင္ေစႏိုင္မည့္ နည္းလမ္း(၄)ခု

(Zawgyi)

ကၽြန္ေတာ္ေတာ္တို႔ အားလံုးနီးပါးဟာ အလုပ္သြားဖို႔ စိတ္မပါတာ၊ အလုပ္ထဲမွာ စိတ္မ၀င္တာမ်ိဳးေတြ ျဖစ္ဖူးၾကမွာပါ။ ဒီလိုအခ်ိန္မွာ အလုပ္လုပ္ေနရျခင္းရဲ႕ ရည္ရြယ္ခ်က္ကို မိမိကိုယ္ကို ျပန္သတိေပးၿပီး ကၽြန္ေတာ္တို႔ရဲ႕ ရည္မွန္းခ်က္ေတြနဲ႔ ျပန္လည္ခ်ိတ္ဆက္ႏိုင္ဖို႔ အေရးႀကီးပါတယ္။ သင့္အေနနဲ႔ အလုပ္သြားဖို႔ စိတ္မပါဘူးျဖစ္ေနတယ္ဆိုရင္ အလုပ္ထဲမွာ ျပန္လည္ေပ်ာ္ရႊင္ေစႏိုင္မယ့္ နည္းလမ္း(၄)ခုကို လုပ္ေဆာင္ၾကည့္ဖို႔ အၾကံျပဳလိုက္ပါတယ္။

၁။ အေကာင္းဆံုးေတြ လုပ္ႏိုင္ေအာင ္ႀကိဳးစားၾကည့္ပါ
အလုပ္ထဲမွာ တာ၀န္ေက်႐ုံေလာက္ေလး လုပ္ၿပီး သက္ေတာင့္သက္သာေနဖို႔က လြယ္ပါတယ္။ ဒါေပမယ့္ စိတ္အားထက္သန္မႈအျပည့္နဲ႔ စိတ္ပါလက္ပါလုပ္ေဆာင္ဖို႔ကေတာ့ ခက္ခဲတတ္ပါတယ္။ ဒီေန႔အတြက္ လုပ္စရာရွိတဲ့ အလုပ္မွန္သမွ်ကို စိန္ေခၚမႈအျဖစ္ သတ္မွတ္လိုက္ပါ။ ျပတင္းေပါက္မွန္သုတ္တာကအစ၊ အစည္းအေ၀းမွာ တင္ျပစရာရွိတာေတြပဲျဖစ္ျဖစ္ ဘယ္အလုပ္ကိုမဆံုး အေကာင္းဆံုး အျပစ္ေျပာစရာမရွိေအာင္ လုပ္မယ္လို႔ ဆံုးျဖတ္လိုက္ပါ။ ဒီလိုဆိုရင္ အလုပ္အရည္အေသြးနဲ႔ တာ၀န္ယူမႈ တိုးတက္လာႏိုင္သလို အေကာင္းဆံုးလုပ္ႏိုင္တဲ့အတြက္လည္း မိမိကိုယ္ကို ဂုဏ္ယူမိေနမွာ ျဖစ္ပါတယ္။

၂။ အလုပ္ထဲမွာ အဓိပၸါယ္ကို ရွာေဖြပါ
အလုပ္အကိုင္အမ်ားစုမွာ သင့္ရဲ႕စိတ္ဓာတ္ကို တက္ၾကြေစႏိုင္ၿပီး အလုပ္လုပ္ရတာ ေပ်ာ္ရႊင္ေနေစႏိုင္မယ့္ အဓိပၸါယ္အေၾကာင္းရင္းေတြကို ရွာေဖြပါ။ ဥပမာ သန္႔ရွင္းေရးသမားလုပ္တယ္ ဆိုပါစို႔။ သင့္ရဲ႕အလုပ္ဟာ အျခားသူေတြရဲ႕ က်န္းမာေရးကို အေထာက္အကူျဖစ္ေစၿပီး စိတ္ကို ၾကည္လင္ေစႏိုင္တယ္ဆိုတဲ့ အဓိပၸါယ္ရွိပါတယ္။ စားဖိုးမွဴးတစ္ေယာက္ျဖစ္ခဲ့မယ္ဆိုရင္လည္း သင္ခ်က္တဲ့ စားေသာက္ဖြယ္ရာေတြဟာ စားသံုးသူအတြက္ က်န္းမာေရးနဲ႔ညီညြတ္ၿပီး အရသာရွိမယ္၊ စိတ္ခ်မ္းသာေစႏိုင္မယ္ဆိုတဲ့ အဓိပၸါယ္ရွိပါတယ္။ ဒါ့ေၾကာင့္ တစ္ေန႔တာမွာ တာ၀န္ယူလုပ္ေဆာင္ထားရတဲ့ အလုပ္ဟာ အျခားသူေတြအတြက္ ဘယ္လိုအက်ိဳးရွိေစႏိုင္လဲ၊ ဘယ္လိုအဓိပၸါယ္ရွိေစလဲဆိုတာကို ျမင္ေအာင္ၾကည့္ပါ။

၃။ ကူညီပံ့ပိုးေပးဖို႔ ခံယူထားပါ
ဒီေန႔ကစၿပီး အျခားသူေတြကို ကူညီေပးႏိုင္မယ့္ အခြင့္အေရးေတြကို ရွာၾကည့္လိုက္ပါ။ ကိုယ့္အလုပ္ပဲ ကိုယ္အာရုံစိုက္ေနမယ့္အစား ပတ္၀န္းက်င္အတြက္ ဘာေတြလုပ္ေပးႏိုင္မလဲဆိုတာ ေလ့လာလိုက္ပါ။ လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္က အလုပ္တစ္ခုၿပီးစီးဖို႔အတြက္ အခက္အခဲျဖစ္ေနေပမယ့္ အကူအညီေတာင္းဖို႔ မ၀ံ့မရဲျဖစ္ေနတယ္ဆိုရင္ ကူညီေပးဖို႔ လက္တြန္႔မေနပါနဲ႔။ အျခားသူေတြကို ကူညီေပးျခင္းက အလုပ္မွာေပ်ာ္ရႊင္ေစဖို႔ အေထာက္အကူအမ်ားႀကီးျဖစ္ေစပါတယ္။

၄။ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ရင္းႏွီးစြာေနပါ
သင့္ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ စကားေျပာဆိုႏိုင္မယ့္ အခ်ိန္ကိုရွာပါ။ ရယ္ေမာေပ်ာ္ရႊင္စရာေတြ ေ၀မွ်ပါ။ ျပံဳးျပပါ။ လိုအပ္လာရင္ အကူအညီေပးႏိုင္တဲ့အေၾကာင္း ကမ္းလွမ္းထားပါ။ အလုပ္ထဲမွာ အဓိပၸါယ္ျပည့္၀ၿပီး အျပန္အလွန္ကူညီေပးႏိုင္တဲ့ လူမႈဆက္ဆံေရး တည္ေဆာက္ထားႏိုင္တာက အလုပ္ကို ပိုၿပီး လြယ္ကူသက္သာ ေပ်ာ္ရႊင္ေစႏိုင္ပါတယ္။

[sg_popup id=6]

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

++++++++++++++++++++++++++++++++++++++++++++++++++

အလုပ်ထဲမှာ ပျော်ရွှင်စေနိုင်မည့် နည်းလမ်း(၄)ခု

(Unicode)

ကျွန်တော်တော်တို့ အားလုံးနီးပါးဟာ အလုပ်သွားဖို့ စိတ်မပါတာ၊ အလုပ်ထဲမှာ စိတ်မဝင်တာမျိုးတွေ ဖြစ်ဖူးကြမှာပါ။ ဒီလိုအချိန်မှာ အလုပ်လုပ်နေရခြင်းရဲ့ ရည်ရွယ်ချက်ကို မိမိကိုယ်ကို ပြန်သတိပေးပြီး ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေနဲ့ ပြန်လည်ချိတ်ဆက်နိုင်ဖို့ အရေးကြီးပါတယ်။ သင့်အနေနဲ့ အလုပ်သွားဖို့ စိတ်မပါဘူးဖြစ်နေတယ်ဆိုရင် အလုပ်ထဲမှာ ပြန်လည်ပျော်ရွှင်စေနိုင်မယ့် နည်းလမ်း(၄)ခုကို လုပ်ဆောင်ကြည့်ဖို့ အကြံပြုလိုက်ပါတယ်။

၁။ အကောင်းဆုံးတွေ လုပ်နိုင်အောင ်ကြိုးစားကြည့်ပါ
အလုပ်ထဲမှာ တာဝန်ကျေရုံလောက်လေး လုပ်ပြီး သက်တောင့်သက်သာနေဖို့က လွယ်ပါတယ်။ ဒါပေမယ့် စိတ်အားထက်သန်မှုအပြည့်နဲ့ စိတ်ပါလက်ပါလုပ်ဆောင်ဖို့ကတော့ ခက်ခဲတတ်ပါတယ်။ ဒီနေ့အတွက် လုပ်စရာရှိတဲ့ အလုပ်မှန်သမျှကို စိန်ခေါ်မှုအဖြစ် သတ်မှတ်လိုက်ပါ။ ပြတင်းပေါက်မှန်သုတ်တာကအစ၊ အစည်းအဝေးမှာ တင်ပြစရာရှိတာတွေပဲဖြစ်ဖြစ် ဘယ်အလုပ်ကိုမဆုံး အကောင်းဆုံး အပြစ်ပြောစရာမရှိအောင် လုပ်မယ်လို့ ဆုံးဖြတ်လိုက်ပါ။ ဒီလိုဆိုရင် အလုပ်အရည်အသွေးနဲ့ တာဝန်ယူမှု တိုးတက်လာနိုင်သလို အကောင်းဆုံးလုပ်နိုင်တဲ့အတွက်လည်း မိမိကိုယ်ကို ဂုဏ်ယူမိနေမှာ ဖြစ်ပါတယ်။

၂။ အလုပ်ထဲမှာ အဓိပ္ပါယ်ကို ရှာဖွေပါ
အလုပ်အကိုင်အများစုမှာ သင့်ရဲ့စိတ်ဓာတ်ကို တက်ကြွစေနိုင်ပြီး အလုပ်လုပ်ရတာ ပျော်ရွှင်နေစေနိုင်မယ့် အဓိပ္ပါယ်အကြောင်းရင်းတွေကို ရှာဖွေပါ။ ဥပမာ သန့်ရှင်းရေးသမားလုပ်တယ် ဆိုပါစို့။ သင့်ရဲ့အလုပ်ဟာ အခြားသူတွေရဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်စေပြီး စိတ်ကို ကြည်လင်စေနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ရှိပါတယ်။ စားဖိုးမှူးတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်လည်း သင်ချက်တဲ့ စားသောက်ဖွယ်ရာတွေဟာ စားသုံးသူအတွက် ကျန်းမာရေးနဲ့ညီညွတ်ပြီး အရသာရှိမယ်၊ စိတ်ချမ်းသာစေနိုင်မယ်ဆိုတဲ့ အဓိပ္ပါယ်ရှိပါတယ်။ ဒါ့ကြောင့် တစ်နေ့တာမှာ တာဝန်ယူလုပ်ဆောင်ထားရတဲ့ အလုပ်ဟာ အခြားသူတွေအတွက် ဘယ်လိုအကျိုးရှိစေနိုင်လဲ၊ ဘယ်လိုအဓိပ္ပါယ်ရှိစေလဲဆိုတာကို မြင်အောင်ကြည့်ပါ။

၃။ ကူညီပံ့ပိုးပေးဖို့ ခံယူထားပါ
ဒီနေ့ကစပြီး အခြားသူတွေကို ကူညီပေးနိုင်မယ့် အခွင့်အရေးတွေကို ရှာကြည့်လိုက်ပါ။ ကိုယ့်အလုပ်ပဲ ကိုယ်အာရုံစိုက်နေမယ့်အစား ပတ်ဝန်းကျင်အတွက် ဘာတွေလုပ်ပေးနိုင်မလဲဆိုတာ လေ့လာလိုက်ပါ။ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က အလုပ်တစ်ခုပြီးစီးဖို့အတွက် အခက်အခဲဖြစ်နေပေမယ့် အကူအညီတောင်းဖို့ မဝံ့မရဲဖြစ်နေတယ်ဆိုရင် ကူညီပေးဖို့ လက်တွန့်မနေပါနဲ့။ အခြားသူတွေကို ကူညီပေးခြင်းက အလုပ်မှာပျော်ရွှင်စေဖို့ အထောက်အကူအများကြီးဖြစ်စေပါတယ်။

၄။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရင်းနှီးစွာနေပါ
သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောဆိုနိုင်မယ့် အချိန်ကိုရှာပါ။ ရယ်မောပျော်ရွှင်စရာတွေ ဝေမျှပါ။ ပြုံးပြပါ။ လိုအပ်လာရင် အကူအညီပေးနိုင်တဲ့အကြောင်း ကမ်းလှမ်းထားပါ။ အလုပ်ထဲမှာ အဓိပ္ပါယ်ပြည့်ဝပြီး အပြန်အလှန်ကူညီပေးနိုင်တဲ့ လူမှုဆက်ဆံရေး တည်ဆောက်ထားနိုင်တာက အလုပ်ကို ပိုပြီး လွယ်ကူသက်သာ ပျော်ရွှင်စေနိုင်ပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine

Related Posts

%%footer%%