ေဆးလိပ္ျဖတ္ဖို႔ နည္းလမ္းေကာင္းမ်ား

ေဆးလိပ္ျဖတ္ဖို႔ နည္းလမ္းေကာင္းမ်ား

(Zawgyi)

ေဆးလိပ္ေသာက္ျခင္းဟာ က်န္းမာေရးကို ဆိုးရြားစြာ ထိခိုက္ေစႏုိင္တယ္ဆိုတာ အားလံုးသိၿပီးသားျဖစ္မွာပါ။ ဒါေပမယ့္လည္း ေဆးလိပ္ကို ျဖတ္ဖို႔ႀကိဳးစားတိုင္း မေအာင္ျမင္တဲ့အတြက္ ထိထိေရာက္ေရာက္ ေဆးလိပ္ျဖတ္ႏိုင္ေစမယ့္ နည္းလမ္းတစ္ခ်ိဳ႕ကို ေ၀မွ်လိုက္ပါတယ္။

၁။ ေဆးလိပ္ျဖတ္ဖို႔ ခိုင္လံုတဲ့အေၾကာင္းရင္းတစ္ခု ရွာပါ
လူအမ်ားစုကေတာ့ က်န္းမာေရးအတြက္ဆိုၿပီး ေဆးလိပ္ျဖတ္ၾကပါတယ္။ သူတို႔ခ်စ္ခင္ရသူေတြက ျဖတ္ခိုင္းတဲ့အတြက္လည္း ျဖတ္ၾကတာမ်ိဳး ရွိပါတယ္။ သင္ ေဆးလိပ္ျဖတ္ခ်င္တဲ့အေၾကာင္းကို သိၿပီဆိုတာနဲ႔ ေန႔တိုင္း ကိုယ့္ကိုယ္ကိုယ္ သတိေပးပါ။ ဘာေၾကာင့္ ေဆးလိပ္ျဖတ္ရမယ္ဆိုတာကို ဖုန္းထဲမွာ၊ ေရခဲေသတၱာမွာ၊ ကြန္ပ်ဴတာမွာ၊ ကားထဲမွာ စသျဖင့္ သင္ျမင္ႏိုင္တဲ့ေနရာတိုင္းမွာ သတိေပးစာေလးေတြ ေရးၿပီးကပ္ထားပါ။

၂။ ေဆးလိပ္ေသာက္ျခင္းရဲ႕ ဆိုးက်ိဳးေတြကို နားလည္ေအာင္ ေလ့လာပါ
ေဆးလိပ္ျဖတ္ႏိုင္ဖို႔ ေနာက္ထပ္တြန္းအားလိုေနေသးတယ္ဆိုရင္ ေဆးလိပ္ရဲ႕ဆိုးက်ိဳးေတြအေၾကာင္းကို ရွာေဖြ ေလ့လာပါ။ အဆုတ္ကင္ဆာျဖစ္ႏိုင္တာအျပင္ ႏွလံုးေသြးေၾကာဆိုင္ရာေရာဂါေတြနဲ႔ ေသြးတိုးေရာဂါေတြကို ျဖစ္ေစႏိုင္ပါတယ္။ ေဆးလိပ္သမားတစ္ေယာက္ျဖစ္မယ္ဆိုရင္ အဆုတ္ကင္ဆာအပါအ၀င္ အစာအိမ္၊ ပန္ခရိယ၊ အသည္း၊ လည္ေခ်ာင္း၊ ေက်ာက္ကပ္နဲ႔ ဆီးအိပတ္ကင္ဆာေတြ ျဖစ္ႏိုင္ေခ် ပိုမိုမ်ားျပားၿပီး ပန္းနာရင္ၾကပ္နဲ႔ အျခားအသက္ရႈလမ္းေၾကာင္းဆိုင္ရာ ေရာဂါေတြလည္း ျဖစ္ႏိုင္ပါတယ္။ ဒါ့အျပင္ သုက္ပိုးထုတ္လုပ္ႏိုင္စြမ္းကိုလည္း ေလ်ာ့က်ေစၿပီး ကေလးအေသေမြးတာနဲ႔ အဂၤါမစံုတာေတြလည္း ေတြ႕ၾကံဳရႏိုင္ပါတယ္။

၃။ နစ္ကိုတင္းျပတ္လပ္တဲ့ လကၡဏာေတြကို သတိထားပါ
ေဆးလိပ္ျဖတ္ဖို႔အတြက္ စိတ္ဓာတ္ခြန္အားအျပည့္အ၀ ရရွိၿပီဆိုရင္ တကယ္ျဖတ္တဲ့အခါ ရင္ဆိုင္ၾကံဳေတြ႕ရမယ့္အရာေတြကို နားလည္ထားဖို႔ လိုပါတယ္။ ပထမဆံုးအေနနဲ႔ နစ္ကိုတင္းျပတ္လပ္မႈရဲ႕ လကၡဏာေတြကို သိထားရမွာျဖစ္ပါတယ္။ ေဆးလိပ္ေသာက္တဲ့အခါမွာ ခံစားမႈေကာင္းေစတာက နစ္ကိုတင္းဓာတ္ေၾကာင့္ ျဖစ္ပါတယ္။ ေဆးလိပ္ျဖတ္တဲ့အခါ နစ္ကိုတင္းျပတ္လပ္မႈေၾကာင့္ ေဒါသထြက္လြယ္တာ၊ ေျခကုန္လက္ပန္းက်တာ၊ စိတ္ဓာတ္က်တာနဲ႔ စိုးရိမ္ေသာကမ်ားတာေတြ ျဖစ္တတ္ပါတယ္။ ေခါင္းကိုက္တာ၊ ပင္းပန္းႏြယ္နယ္တာ၊ ဗိုက္ဆာတာနဲ႔ ၀မ္းခ်ဳပ္တာေတြလည္း ျဖစ္တတ္ပါတယ္။ ဒီလို လကၡဏာေတြကို နားလည္ထားၿပီး ရင္ဆိုင္ႏိုင္ေအာင္ ျပင္ဆင္ထားသင့္ပါတယ္။

၄။ ေဆးလိပ္ေသာက္ခ်င္တဲ့ အေၾကာင္းရင္းကို ရွာပါ
လူအမ်ားစုမွာ ေဆးလိပ္ေသာက္ခ်င္စိတ္ကို ျဖစ္ေစတတ္တဲ့ အေၾကာင္းရင္းေတြ ရွိၾကပါတယ္။ အမ်ားစုက ယမကာတစ္ခုခု ေသာက္သံုးၿပီးခ်ိန္ ဒါမွမဟုတ္ အစားအေသာက္ စားသံုးၿပီးခ်ိန္ေတြမွာ ေဆးလိပ္ေသာက္ခ်င္တတ္ၾကပါတယ္။ တခ်ိဳ႕ေတြကလည္း သူတို႔ကို ေဆးလိပ္ေသာက္ခ်င္စိတ္ျဖစ္ေစတတ္တဲ့ ေနရာနဲ႔ လႈပ္ရွားမႈတစ္ခုခုရွိတတ္ၾကပါတယ္။ သင့္အေနနဲ႔လည္း ဘယ္အခ်ိန္မွာ ေဆးလိပ္ေသာက္ခ်င္စိတ္ ျဖစ္လာတတ္သလဲဆိုတာကို သိထားမယ္ဆိုရင္ ေဆးလိပ္ျဖတ္ဖို႔အတြက္ အေထာက္အကူျဖစ္ေစမွာပါ။ အစားစားၿပီးတိုင္း ေဆးလိပ္ေသာက္တတ္တယ္ဆိုရင္ အျခားတစ္ခုခုေျပာင္းလုပ္ၾကည့္ပါ။

၅။ မွတ္တမ္းေရးပါ
တစ္ေန႔မွာ ေဆးလိပ္ေသာက္ခ်င္စိတ္ျဖစ္တဲ့ အခ်ိန္၊ ေနရာနဲ႔ ေဆးလိပ္အေရအတြက္ကို သိရွိဆင္ျခင္ႏိုင္ဖို႔အတြက္ မွတ္တမ္းတစ္ခု ေရးသားပါ။ ဒီလိုေရးသားတာဟာ သင့္ရဲ႕ေဆးလိပ္ေသာက္တဲ့ အေလ့အက်င့္ကို တစ္ျဖည္းျဖည္းေျပာင္းလဲလာေစႏိုင္ပါတယ္။

၆။ ေဆးလိပ္နဲ႔ ပတ္သက္တာေတြ အားလံုးစြန္႔ပစ္လိုက္ပါ
တအိမ္လံုးကို ေမႊေႏွာက္ရွာေဖြၿပီး ေဆးလိပ္နဲ႔ပတ္သက္တာေတြ အားလံုးကို ဖယ္ရွားလိုက္ပါ။ ေဆးလိပ္ျပာခြက္၊ မီးျခစ္ စသျဖင့္ အားလံုးကို စြန္႔ပစ္လိုက္ပါ။

၇။ ခ်က္ခ်င္း ျဖတ္တာက သိပ္အလုပ္မျဖစ္ပါဘူး
သင့္ကိုယ္သင္ စိတ္ခိုင္တယ္လို႔ ထင္ေနေပမယ့္ ေဆးလိပ္ကို ခ်က္ခ်င္းျဖတ္ႏိုင္ဖို႔ဆိုတာက လြယ္ကူတဲ့ကိစၥတစ္ခု မဟုတ္ပါဘူး။ ေလ့လာမႈေတြအရ ရုတ္တရက္ေဆးလိပ္ျဖတ္သူ (၁၀၀)မွာ အမ်ားဆံုး(၆)ေယာက္ပဲ အမွန္တကယ္ေဆးလိပ္ျပတ္သြားၾကတယ္လို႔ ဆိုပါတယ္။ အေကာင္းဆံုးနည္းလမ္းကေတာ့ စနစ္တက် အစီအစဥ္တစ္ခုကို ေရးဆြဲၿပီး တျဖည္းျဖည္းခ်င္း ျဖတ္ေတာက္ရမွာ ျဖစ္ပါတယ္။

၈။ နစ္ကိုတင္းအစားထိုးကုထံုးေတြကို သံုးပါ
နစ္ကိုတင္းျပတ္လပ္မႈကို အစားထိုးႏိုင္ဖို႔ ပီေက၀ါးတာ၊ ေဆးျပားငံုတာ၊ နစ္ကိုတင္းကပ္ခြာသံုးတာ၊ ငံုေဆးနဲ႔ ႐ႈေဆးေတြ သံုးတာ စသျဖင့္ သင့္ခႏၶာကိုယ္ထဲကို နစ္ကိုတင္းဓာတ္အစားထိုးႏိုင္မယ့္ နည္းလမ္းေတြကို အသံုးျပဳရမွာ ျဖစ္ပါတယ္။

၉။ ပါးစပ္ကို အလုပ္ေပးထားပါ
ေဆးလိပ္ေသာက္သူအမ်ားစုဟာ ေဆးလိပ္ျဖတ္ဖို႔ႀကိဳးစားတဲ့အခါမွာ လက္နဲ႔ ပါးစပ္က တစ္ခုခုမလုပ္ရမေနႏိုင္ေအာင္ ျဖစ္ေနတတ္ပါတယ္။ ဒီကိစၥကို ေျဖရွင္းႏိုင္ဖို႔အတြက္ ပီေက၀ါးတာ၊ ငံုေဆးငံုတာ၊ တစ္ခုခုစားသံုးတာေတြက သင့္လက္နဲ႔ ပါးစပ္ကို အလုပ္ေပးထားႏိုင္မွာ ျဖစ္ပါတယ္။

၁၀။ အကူအညီေတာင္းပါ
ေဆးလိပ္ျဖတ္ႏိုင္ဖို႔အတြက္ အသိမိတ္ေဆြ၊ မိသားစု၀င္ေတြ ဒါမွမဟုတ္ ေဆးဘက္ဆိုင္ရာ ပညာရွင္တစ္ေယာက္ေယာက္ကို အကူအညီေတာင္းလို႔ ရပါတယ္။ သူတို႔ရဲ႕ အကူအညီရမယ္ဆိုရင္လည္း ေဆးလိပ္ကို အလြယ္တကူျဖတ္ႏိုင္မွာ ျဖစ္ပါတယ္။

၁၁။ အလုပ္ပိုလုပ္ပါ
ေဆးလိပ္ျဖတ္တဲ့အခါ နစ္ကိုတင္းျပတ္လပ္မႈေၾကာင့္ မနားမေနျဖစ္ေနေစပါတယ္။ ဒါ့ေၾကာင့္ လုပ္စရာအလုပ္ေတြ ရွာၾကံၿပီး လုပ္ေနဖို႔ လိုပါတယ္။ ၀ါသနာအသစ္တစ္ခု လုပ္ေဆာင္တာ၊ ကားေရေဆးတာ၊ ေတာင္တက္တာ စသျဖင့္ တစ္ခုခုလုပ္ပါ။ အေျပးေလ့က်င့္တာတို႔ သူငယ္ခ်င္းေတြနဲ႔ ေန႔လည္စာသြားစားတာတို႔လည္း လုပ္လို႔ရပါတယ္။ အလုပ္အရမ္းမ်ားေနတာက နစ္ကိုတင္းျပတ္လပ္မႈေၾကာင့္ ၾကံဳေတြ႕ရတာေတြကို ေမ့သြားေစမွာပါ။ ဒါေပမယ့္ စိတ္ဖိစီးစရာကိစၥေတြကို တတ္ႏိုင္သမွ် ေရွာင္ပါ။ စိတ္ဖိစီးမႈေတြက ေဆးလိပ္ေသာက္ခ်င္စိတ္ကို ျဖစ္ေစပါတယ္။

၁၂။ က်န္းမာေရးလိုက္စားသူေတြနဲ႔ အခ်ိန္ျဖဳန္းပါ
သင့္ရဲ႕ သူငယ္ခ်င္းမိတ္ေဆြေတြထဲမွာ ေဆးလိပ္မေသာက္တတ္ပဲ က်န္းမာေရးလိုက္စားသူရွိခဲ့မယ္ဆိုရင္ သူတို႔နဲ႔ အခ်ိန္ပိုျဖဳန္းလိုက္ပါ။ သူတို႔ရဲ႕ လႈံေဆာ္မႈက ေဆးလိပ္ျဖတ္ျခင္းကို ပိုၿပီးထိေရာက္ေစႏိုင္ပါတယ္။

၁၃။ အစီအစဥ္ေရးဆြဲပါ
ေဆးလိပ္ျဖတ္ဖို႔အတြက္ တိက်ေသခ်ာတဲ့ အေသးစိတ္အစီအစဥ္တစ္ခု ေရးဆြဲထားမယ္ဆိုရင္ ေအာင္ျမင္ဖို႔ အလားအလာပိုမ်ားပါတယ္။ ေန႔စြဲေတြ အတိအက်နဲ႔ မွတ္တမ္းတစ္ခု ထားရွိပါ။ ဥပမာအားျဖင့္ တစ္ရက္ကို ေဆးလိပ္ဘယ္ႏွလိပ္ပဲေသာက္မယ္။ ဘယ္ေန႔က်ရင္ ေနာက္ထပ္ ဘယ္ႏွစ္လိပ္ေလွ်ာ့ခ်မယ္၊ ေနာက္ဆံုး ဘယ္ရက္မွာ လံုး၀မေသာက္ပဲ ေနႏိုင္ရမယ္ စသျဖင့္ အစီအစဥ္ေရးဆြဲရမွာ ျဖစ္ပါတယ္။

အေလ့အက်င့္တစ္ခုကို ေဖ်ာက္ဖ်က္ဖို႔ဆိုတာ ထင္ထားသေလာက္ မလြယ္ကူပါဘူး။ ဒါေပမယ့္ ႀကိဳတင္ျပင္ဆင္မႈရွိၿပီး နည္းလမ္းေကာင္းတစ္ခ်ိဳ႕ကို က်င့္သံုးမယ္ဆိုရင္ ေဆးလိပ္ကို အျပတ္ျဖတ္ေတာက္ႏုိင္ၿပီး က်န္းမာေပ်ာ္ရႊင္တဲ့ ဘ၀ကို ရရွိႏိုင္မွာ ျဖစ္ပါတယ္။

[sg_popup id=6]

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

+++++++++++++++++++++++++++++++++++++++++++++++++++

ဆေးလိပ်ဖြတ်ဖို့ နည်းလမ်းကောင်းများ

(Unicode)

ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်တယ်ဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။ ဒါပေမယ့်လည်း ဆေးလိပ်ကို ဖြတ်ဖို့ကြိုးစားတိုင်း မအောင်မြင်တဲ့အတွက် ထိထိရောက်ရောက် ဆေးလိပ်ဖြတ်နိုင်စေမယ့် နည်းလမ်းတစ်ချို့ကို ဝေမျှလိုက်ပါတယ်။

၁။ ဆေးလိပ်ဖြတ်ဖို့ ခိုင်လုံတဲ့အကြောင်းရင်းတစ်ခု ရှာပါ
လူအများစုကတော့ ကျန်းမာရေးအတွက်ဆိုပြီး ဆေးလိပ်ဖြတ်ကြပါတယ်။ သူတို့ချစ်ခင်ရသူတွေက ဖြတ်ခိုင်းတဲ့အတွက်လည်း ဖြတ်ကြတာမျိုး ရှိပါတယ်။ သင် ဆေးလိပ်ဖြတ်ချင်တဲ့အကြောင်းကို သိပြီဆိုတာနဲ့ နေ့တိုင်း ကိုယ့်ကိုယ်ကိုယ် သတိပေးပါ။ ဘာကြောင့် ဆေးလိပ်ဖြတ်ရမယ်ဆိုတာကို ဖုန်းထဲမှာ၊ ရေခဲသေတ္တာမှာ၊ ကွန်ပျူတာမှာ၊ ကားထဲမှာ စသဖြင့် သင်မြင်နိုင်တဲ့နေရာတိုင်းမှာ သတိပေးစာလေးတွေ ရေးပြီးကပ်ထားပါ။

၂။ ဆေးလိပ်သောက်ခြင်းရဲ့ ဆိုးကျိုးတွေကို နားလည်အောင် လေ့လာပါ
ဆေးလိပ်ဖြတ်နိုင်ဖို့ နောက်ထပ်တွန်းအားလိုနေသေးတယ်ဆိုရင် ဆေးလိပ်ရဲ့ဆိုးကျိုးတွေအကြောင်းကို ရှာဖွေ လေ့လာပါ။ အဆုတ်ကင်ဆာဖြစ်နိုင်တာအပြင် နှလုံးသွေးကြောဆိုင်ရာရောဂါတွေနဲ့ သွေးတိုးရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သမားတစ်ယောက်ဖြစ်မယ်ဆိုရင် အဆုတ်ကင်ဆာအပါအဝင် အစာအိမ်၊ ပန်ခရိယ၊ အသည်း၊ လည်ချောင်း၊ ကျောက်ကပ်နဲ့ ဆီးအိပတ်ကင်ဆာတွေ ဖြစ်နိုင်ချေ ပိုမိုများပြားပြီး ပန်းနာရင်ကြပ်နဲ့ အခြားအသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် သုက်ပိုးထုတ်လုပ်နိုင်စွမ်းကိုလည်း လျော့ကျစေပြီး ကလေးအသေမွေးတာနဲ့ အင်္ဂါမစုံတာတွေလည်း တွေ့ကြုံရနိုင်ပါတယ်။

၃။ နစ်ကိုတင်းပြတ်လပ်တဲ့ လက္ခဏာတွေကို သတိထားပါ
ဆေးလိပ်ဖြတ်ဖို့အတွက် စိတ်ဓာတ်ခွန်အားအပြည့်အဝ ရရှိပြီဆိုရင် တကယ်ဖြတ်တဲ့အခါ ရင်ဆိုင်ကြံုတွေ့ရမယ့်အရာတွေကို နားလည်ထားဖို့ လိုပါတယ်။ ပထမဆုံးအနေနဲ့ နစ်ကိုတင်းပြတ်လပ်မှုရဲ့ လက္ခဏာတွေကို သိထားရမှာဖြစ်ပါတယ်။ ဆေးလိပ်သောက်တဲ့အခါမှာ ခံစားမှုကောင်းစေတာက နစ်ကိုတင်းဓာတ်ကြောင့် ဖြစ်ပါတယ်။ ဆေးလိပ်ဖြတ်တဲ့အခါ နစ်ကိုတင်းပြတ်လပ်မှုကြောင့် ဒေါသထွက်လွယ်တာ၊ ခြေကုန်လက်ပန်းကျတာ၊ စိတ်ဓာတ်ကျတာနဲ့ စိုးရိမ်သောကများတာတွေ ဖြစ်တတ်ပါတယ်။ ခေါင်းကိုက်တာ၊ ပင်းပန်းနွယ်နယ်တာ၊ ဗိုက်ဆာတာနဲ့ ၀မ်းချုပ်တာတွေလည်း ဖြစ်တတ်ပါတယ်။ ဒီလို လက္ခဏာတွေကို နားလည်ထားပြီး ရင်ဆိုင်နိုင်အောင် ပြင်ဆင်ထားသင့်ပါတယ်။

၄။ ဆေးလိပ်သောက်ချင်တဲ့ အကြောင်းရင်းကို ရှာပါ
လူအများစုမှာ ဆေးလိပ်သောက်ချင်စိတ်ကို ဖြစ်စေတတ်တဲ့ အကြောင်းရင်းတွေ ရှိကြပါတယ်။ အများစုက ယမကာတစ်ခုခု သောက်သုံးပြီးချိန် ဒါမှမဟုတ် အစားအသောက် စားသုံးပြီးချိန်တွေမှာ ဆေးလိပ်သောက်ချင်တတ်ကြပါတယ်။ တချို့တွေကလည်း သူတို့ကို ဆေးလိပ်သောက်ချင်စိတ်ဖြစ်စေတတ်တဲ့ နေရာနဲ့ လှုပ်ရှားမှုတစ်ခုခုရှိတတ်ကြပါတယ်။ သင့်အနေနဲ့လည်း ဘယ်အချိန်မှာ ဆေးလိပ်သောက်ချင်စိတ် ဖြစ်လာတတ်သလဲဆိုတာကို သိထားမယ်ဆိုရင် ဆေးလိပ်ဖြတ်ဖို့အတွက် အထောက်အကူဖြစ်စေမှာပါ။ အစားစားပြီးတိုင်း ဆေးလိပ်သောက်တတ်တယ်ဆိုရင် အခြားတစ်ခုခုပြောင်းလုပ်ကြည့်ပါ။

၅။ မှတ်တမ်းရေးပါ
တစ်နေ့မှာ ဆေးလိပ်သောက်ချင်စိတ်ဖြစ်တဲ့ အချိန်၊ နေရာနဲ့ ဆေးလိပ်အရေအတွက်ကို သိရှိဆင်ခြင်နိုင်ဖို့အတွက် မှတ်တမ်းတစ်ခု ရေးသားပါ။ ဒီလိုရေးသားတာဟာ သင့်ရဲ့ဆေးလိပ်သောက်တဲ့ အလေ့အကျင့်ကို တစ်ဖြည်းဖြည်းပြောင်းလဲလာစေနိုင်ပါတယ်။

၆။ ဆေးလိပ်နဲ့ ပတ်သက်တာတွေ အားလုံးစွန့်ပစ်လိုက်ပါ
တအိမ်လုံးကို မွှေနှောက်ရှာဖွေပြီး ဆေးလိပ်နဲ့ပတ်သက်တာတွေ အားလုံးကို ဖယ်ရှားလိုက်ပါ။ ဆေးလိပ်ပြာခွက်၊ မီးခြစ် စသဖြင့် အားလုံးကို စွန့်ပစ်လိုက်ပါ။

၇။ ချက်ချင်း ဖြတ်တာက သိပ်အလုပ်မဖြစ်ပါဘူး
သင့်ကိုယ်သင် စိတ်ခိုင်တယ်လို့ ထင်နေပေမယ့် ဆေးလိပ်ကို ချက်ချင်းဖြတ်နိုင်ဖို့ဆိုတာက လွယ်ကူတဲ့ကိစ္စတစ်ခု မဟုတ်ပါဘူး။ လေ့လာမှုတွေအရ ရုတ်တရက်ဆေးလိပ်ဖြတ်သူ (၁၀၀)မှာ အများဆုံး(၆)ယောက်ပဲ အမှန်တကယ်ဆေးလိပ်ပြတ်သွားကြတယ်လို့ ဆိုပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ စနစ်တကျ အစီအစဉ်တစ်ခုကို ရေးဆွဲပြီး တဖြည်းဖြည်းချင်း ဖြတ်တောက်ရမှာ ဖြစ်ပါတယ်။

၈။ နစ်ကိုတင်းအစားထိုးကုထုံးတွေကို သုံးပါ
နစ်ကိုတင်းပြတ်လပ်မှုကို အစားထိုးနိုင်ဖို့ ပီကေဝါးတာ၊ ဆေးပြားငုံတာ၊ နစ်ကိုတင်းကပ်ခွာသုံးတာ၊ ငုံဆေးနဲ့ ရှုဆေးတွေ သုံးတာ စသဖြင့် သင့်ခန္ဓာကိုယ်ထဲကို နစ်ကိုတင်းဓာတ်အစားထိုးနိုင်မယ့် နည်းလမ်းတွေကို အသုံးပြုရမှာ ဖြစ်ပါတယ်။

၉။ ပါးစပ်ကို အလုပ်ပေးထားပါ
ဆေးလိပ်သောက်သူအများစုဟာ ဆေးလိပ်ဖြတ်ဖို့ကြိုးစားတဲ့အခါမှာ လက်နဲ့ ပါးစပ်က တစ်ခုခုမလုပ်ရမနေနိုင်အောင် ဖြစ်နေတတ်ပါတယ်။ ဒီကိစ္စကို ဖြေရှင်းနိုင်ဖို့အတွက် ပီကေဝါးတာ၊ ငုံဆေးငုံတာ၊ တစ်ခုခုစားသုံးတာတွေက သင့်လက်နဲ့ ပါးစပ်ကို အလုပ်ပေးထားနိုင်မှာ ဖြစ်ပါတယ်။

၁၀။ အကူအညီတောင်းပါ
ဆေးလိပ်ဖြတ်နိုင်ဖို့အတွက် အသိမိတ်ဆွေ၊ မိသားစုဝင်တွေ ဒါမှမဟုတ် ဆေးဘက်ဆိုင်ရာ ပညာရှင်တစ်ယောက်ယောက်ကို အကူအညီတောင်းလို့ ရပါတယ်။ သူတို့ရဲ့ အကူအညီရမယ်ဆိုရင်လည်း ဆေးလိပ်ကို အလွယ်တကူဖြတ်နိုင်မှာ ဖြစ်ပါတယ်။

၁၁။ အလုပ်ပိုလုပ်ပါ
ဆေးလိပ်ဖြတ်တဲ့အခါ နစ်ကိုတင်းပြတ်လပ်မှုကြောင့် မနားမနေဖြစ်နေစေပါတယ်။ ဒါ့ကြောင့် လုပ်စရာအလုပ်တွေ ရှာကြံပြီး လုပ်နေဖို့ လိုပါတယ်။ ၀ါသနာအသစ်တစ်ခု လုပ်ဆောင်တာ၊ ကားရေဆေးတာ၊ တောင်တက်တာ စသဖြင့် တစ်ခုခုလုပ်ပါ။ အပြေးလေ့ကျင့်တာတို့ သူငယ်ချင်းတွေနဲ့ နေ့လည်စာသွားစားတာတို့လည်း လုပ်လို့ရပါတယ်။ အလုပ်အရမ်းများနေတာက နစ်ကိုတင်းပြတ်လပ်မှုကြောင့် ကြံုတွေ့ရတာတွေကို မေ့သွားစေမှာပါ။ ဒါပေမယ့် စိတ်ဖိစီးစရာကိစ္စတွေကို တတ်နိုင်သမျှ ရှောင်ပါ။ စိတ်ဖိစီးမှုတွေက ဆေးလိပ်သောက်ချင်စိတ်ကို ဖြစ်စေပါတယ်။

၁၂။ ကျန်းမာရေးလိုက်စားသူတွေနဲ့ အချိန်ဖြုန်းပါ
သင့်ရဲ့ သူငယ်ချင်းမိတ်ဆွေတွေထဲမှာ ဆေးလိပ်မသောက်တတ်ပဲ ကျန်းမာရေးလိုက်စားသူရှိခဲ့မယ်ဆိုရင် သူတို့နဲ့ အချိန်ပိုဖြုန်းလိုက်ပါ။ သူတို့ရဲ့ လှုံဆော်မှုက ဆေးလိပ်ဖြတ်ခြင်းကို ပိုပြီးထိရောက်စေနိုင်ပါတယ်။

၁၃။ အစီအစဉ်ရေးဆွဲပါ
ဆေးလိပ်ဖြတ်ဖို့အတွက် တိကျသေချာတဲ့ အသေးစိတ်အစီအစဉ်တစ်ခု ရေးဆွဲထားမယ်ဆိုရင် အောင်မြင်ဖို့ အလားအလာပိုများပါတယ်။ နေ့စွဲတွေ အတိအကျနဲ့ မှတ်တမ်းတစ်ခု ထားရှိပါ။ ဥပမာအားဖြင့် တစ်ရက်ကို ဆေးလိပ်ဘယ်နှလိပ်ပဲသောက်မယ်။ ဘယ်နေ့ကျရင် နောက်ထပ် ဘယ်နှစ်လိပ်လျှော့ချမယ်၊ နောက်ဆုံး ဘယ်ရက်မှာ လုံးဝမသောက်ပဲ နေနိုင်ရမယ် စသဖြင့် အစီအစဉ်ရေးဆွဲရမှာ ဖြစ်ပါတယ်။

အလေ့အကျင့်တစ်ခုကို ဖျောက်ဖျက်ဖို့ဆိုတာ ထင်ထားသလောက် မလွယ်ကူပါဘူး။ ဒါပေမယ့် ကြိုတင်ပြင်ဆင်မှုရှိပြီး နည်းလမ်းကောင်းတစ်ချို့ကို ကျင့်သုံးမယ်ဆိုရင် ဆေးလိပ်ကို အပြတ်ဖြတ်တောက်နိုင်ပြီး ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%