တစ္ကိုယ္ရည္စိတ္ေျဖျခင္း အမွားမ်ား

တစ္ကိုယ္ရည္စိတ္ေျဖျခင္း အမွားမ်ား

(Zawgyi)

ပံုမွန္ေယာကၤ်ားေလးအမ်ားစုအေနနဲ႔ တစ္ကိုယ္ရည္စိတ္ေျဖျခင္းနဲ႔ မကင္းႏိုင္ၾကပါဘူး။ ဒီကိစၥဟာ ေယာကၤ်ားေလးေတြအတြက္ ပံုမွန္ကိစၥတစ္ခုျဖစ္ၿပီး သိသင့္သိထိုက္တာ အားလံုးကိုလည္း သိၿပီးသားပဲလို႔ ထင္တတ္ၾကပါတယ္။ ဒါေပမယ့္ တစ္ကိုယ္ရည္စိတ္ေျဖရာမွာ ကိုယ္တိုင္ေတာင္မသိပဲ အမွားလုပ္မိႏိုင္တာေတြ ရွိပါတယ္။

၁။ မၾကာခဏ စိတ္ေျဖျခင္း
အရမ္းမလြန္ပါေစနဲ႔ ေဘာ္ဒါတို႔ေရ။ သင့္အေနနဲ႔ အလုပ္ေတြေတာက္ေလွ်ာက္လုပ္ၿပီးရင္ အနားယူဖို႔ လိုအပ္သလို သင့္ဖြားေတာ္ကလည္း အနားယူခ်ိန္ လိုအပ္ပါတယ္။ မၾကာခဏဆိုသလို စိတ္ေျဖျခင္းဟာ သင့္ဖြားဖက္ေတာ္ထိပ္ပိုင္းက အေပါက္ကို ပြင့္ေနေစတဲ့အတြက္ ပိုး၀င္တာနဲ႔ အျခားေနာက္ဆက္တြဲျပႆနာေတြ ျဖစ္လာႏိုင္ပါတယ္။

၂။ အရမ္းညွစ္မိျခင္း
တစ္ကိုယ္ရည္စိတ္ေျဖခ်ိန္မွာ သင့္ပစၥည္းကို ညွစ္ကိုင္ထားရတာက ေကာင္းတာမွန္ပါတယ္။ ဒါေပမယ့္ အလြန္အကၽြံေတာ့ မလုပ္မိပါေစနဲ႔။ လိင္တံက်ိဳးတယ္ဆိုတာကို ၾကားဖူးပါသလား။ ဟုတ္ပါတယ္။ ကိုယ့္ပစၥည္းကိုယ္ကိုင္ၿပီး ေဆးခန္းကို မေျပးခ်င္ဘူးဆိုရင္ ခြန္အားကိုလုိတာထက္ ပိုမသံုးပါနဲ႔။

၃။ မိန္းမအဂၤါအတုမ်ား သံုးျခင္း
ဒီအရာေတြကို ေရွာင္ႏိုင္သမွ်ေရွာင္ဖို႔ လိုပါတယ္။ ေငြကုန္ေၾကးက်မ်ားေစၿပီး သင့္ပစၥည္းကို ထိခိုက္နာက်င္မႈေတြ ျဖစ္လာေစႏိုင္ပါတယ္။

၄။ ပင္ပန္းေနခ်ိန္မွာ စိတ္ေျဖျခင္း
သင့္အေနနဲ႔ အရမ္းပင္ပန္းႏြမ္းနယ္ေနေပမယ့္ တစ္ခါေလာက္ေတာ့ သာယာမႈရခ်င္တာမ်ိဳး ရွိလာႏိုင္ပါတယ္။ ဒါေပမယ့္ အရမ္းပင္ပန္းေနခ်ိန္မွာ တစ္ကိုယ္ရည္စိတ္ေျဖျခင္းကို မလုပ္ပါနဲ႔။ သင့္ရဲ႕ တက္တိုစတီရုန္းေဟာ္မုန္းပမာဏကို က်ဆင္းေစၿပီး ပင္ပန္းႏြမ္းနယ္မႈကို ပိုခံစားရေစႏိုင္ပါတယ္။

၅။ ေလ့က်င့္ခန္းမလုပ္ခင္မွာ စိတ္ေျဖျခင္း
တစ္ကိုယ္ရည္စိတ္ေျဖျခင္းဟာ သင့္ခႏၶာကိုယ္မွာရွိတဲ့ တက္စတိုစတီရုန္းေဟာ္မုန္းပမာဏကို က်ဆင္းေစတာေၾကာင့္ ခႏၶာကိုယ္စြမ္းေဆာင္ရည္ေတြကိုလည္း က်ဆင္းေစပါတယ္။ ဒါ့ေၾကာင့္ ကိုယ္လက္လႈပ္ရွားေလ့က်င့္ခန္းေတြ မလုပ္ခင္၊ Gym မကစားခင္မွာ မလုပ္ပါနဲ႔။

[sg_popup id=6]

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

+++++++++++++++++++++++++++++++++++++++++++++++++++

တစ်ကိုယ်ရည်စိတ်ဖြေခြင်း အမှားများ

(Unicode)

ပုံမှန်ယောင်္ကျားလေးအများစုအနေနဲ့ တစ်ကိုယ်ရည်စိတ်ဖြေခြင်းနဲ့ မကင်းနိုင်ကြပါဘူး။ ဒီကိစ္စဟာ ယောင်္ကျားလေးတွေအတွက် ပုံမှန်ကိစ္စတစ်ခုဖြစ်ပြီး သိသင့်သိထိုက်တာ အားလုံးကိုလည်း သိပြီးသားပဲလို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် တစ်ကိုယ်ရည်စိတ်ဖြေရာမှာ ကိုယ်တိုင်တောင်မသိပဲ အမှားလုပ်မိနိုင်တာတွေ ရှိပါတယ်။

၁။ မကြာခဏ စိတ်ဖြေခြင်း
အရမ်းမလွန်ပါစေနဲ့ ဘော်ဒါတို့ရေ။ သင့်အနေနဲ့ အလုပ်တွေတောက်လျှောက်လုပ်ပြီးရင် အနားယူဖို့ လိုအပ်သလို သင့်ဖွားတော်ကလည်း အနားယူချိန် လိုအပ်ပါတယ်။ မကြာခဏဆိုသလို စိတ်ဖြေခြင်းဟာ သင့်ဖွားဖက်တော်ထိပ်ပိုင်းက အပေါက်ကို ပွင့်နေစေတဲ့အတွက် ပိုးဝင်တာနဲ့ အခြားနောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

၂။ အရမ်းညှစ်မိခြင်း
တစ်ကိုယ်ရည်စိတ်ဖြေချိန်မှာ သင့်ပစ္စည်းကို ညှစ်ကိုင်ထားရတာက ကောင်းတာမှန်ပါတယ်။ ဒါပေမယ့် အလွန်အကျွံတော့ မလုပ်မိပါစေနဲ့။ လိင်တံကျိုးတယ်ဆိုတာကို ကြားဖူးပါသလား။ ဟုတ်ပါတယ်။ ကိုယ့်ပစ္စည်းကိုယ်ကိုင်ပြီး ဆေးခန်းကို မပြေးချင်ဘူးဆိုရင် ခွန်အားကိုလိုတာထက် ပိုမသုံးပါနဲ့။

၃။ မိန်းမအင်္ဂါအတုများ သုံးခြင်း
ဒီအရာတွေကို ရှောင်နိုင်သမျှရှောင်ဖို့ လိုပါတယ်။ ငွေကုန်ကြေးကျများစေပြီး သင့်ပစ္စည်းကို ထိခိုက်နာကျင်မှုတွေ ဖြစ်လာစေနိုင်ပါတယ်။

၄။ ပင်ပန်းနေချိန်မှာ စိတ်ဖြေခြင်း
သင့်အနေနဲ့ အရမ်းပင်ပန်းနွမ်းနယ်နေပေမယ့် တစ်ခါလောက်တော့ သာယာမှုရချင်တာမျိုး ရှိလာနိုင်ပါတယ်။ ဒါပေမယ့် အရမ်းပင်ပန်းနေချိန်မှာ တစ်ကိုယ်ရည်စိတ်ဖြေခြင်းကို မလုပ်ပါနဲ့။ သင့်ရဲ့ တက်တိုစတီရုန်းဟော်မုန်းပမာဏကို ကျဆင်းစေပြီး ပင်ပန်းနွမ်းနယ်မှုကို ပိုခံစားရစေနိုင်ပါတယ်။

၅။ လေ့ကျင့်ခန်းမလုပ်ခင်မှာ စိတ်ဖြေခြင်း
တစ်ကိုယ်ရည်စိတ်ဖြေခြင်းဟာ သင့်ခန္ဓာကိုယ်မှာရှိတဲ့ တက်စတိုစတီရုန်းဟော်မုန်းပမာဏကို ကျဆင်းစေတာကြောင့် ခန္ဓာကိုယ်စွမ်းဆောင်ရည်တွေကိုလည်း ကျဆင်းစေပါတယ်။ ဒါ့ကြောင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေ မလုပ်ခင်၊ Gym မကစားခင်မှာ မလုပ်ပါနဲ့။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine

Related Posts

%%footer%%