ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ဖို႔အတြက္ အစားပိုစားသင့္တဲ့ လကၡဏာ(၆)ခု

ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ဖို႔အတြက္ အစားပိုစားသင့္တဲ့ လကၡဏာ(၆)ခု

(Zawgyi)

ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်တာနဲ႔ ေငြေၾကးစုေဆာင္းတာဟာ ကြဲျပားျခားနားမႈ သိပ္မရွိပါဘူး။ ေငြေၾကးစုေဆာင္းရာမွာ အသံုးအျဖဳန္းကို ေလွ်ာ့ခ်ရသလို ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ဖို႔အတြက္လည္း အစားအေသာက္ကို ဆင္ျခင္ေလွ်ာ့ခ်ၿပီး စားသံုးရပါတယ္။ ဒါေပမယ့္ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်င္သူေတြ သတိမထားမိတာတစ္ခုက ကယ္လိုရီပမာဏကို အမ်ားအျပားေလ်ာ့နည္းသြားေစတာက ၀ိတ္ခ်ဖို႔အတြက္ အဟန္႔အတားတစ္ခု ျဖစ္လာတာပဲျဖစ္ပါတယ္။ ခႏၶာကိုယ္က တစ္ေန႔တာမွာ ေလာင္ကၽြမ္းရမယ့္ ကယ္လိုရီပမာဏတစ္ခုကို လုိအပ္ပါတယ္။ အစားစားျခင္းဟာ ခႏၶာကိုယ္က ေလာင္ကၽြမ္းရမယ္ ကယ္လိုရီေတြ ျဖည့္စြက္ေပးတာနဲ႔ အတူတူပါပဲ။ သင့္အေနနဲ႔ ေတာ္သင့္ရုံသာ စားေသာက္မယ္ဆိုရင္ ခႏၶာကိုယ္က ကယ္လိုရီေတြကို ေလာင္ကၽြမ္းေစၿပီး အင္အားအျဖစ္ျပန္လည္အသံုးခ်မယ့္ အဆီအေနနဲ႔ သိုေလွာင္ထားပါတယ္။ ဒါေပမယ့္ ကယ္လိုရီပမာဏကို အလြန္အကၽြံေလွ်ာ့ခ်လိုက္မယ္ဆိုရင္ ခႏၶာကိုယ္က ခြန္အားရရွိဖို႔အတြက္ ၾကြက္သားတစ္႐ႈးေတြကို ျဖိဳခြဲအသံုးခ်ရပါတယ္။ ဒီျဖစ္စဥ္ ဇီ၀ကမၼျဖစ္စဥ္ကို ေႏွးေစၿပီး ကိုယ္အေလးခ်ိန္ေလ်ာ့က်ဖို႔အတြက္ ခက္ခဲသြားေစပါတယ္။

ခႏၶာကိုယ္က တစ္ေန႔တာအတြက္ ကယ္လိုရီလိုအပ္ခ်က္ တစ္ေယာက္နဲ႔တစ္ေယာက္ ကြဲျပားျခားနားၾကပါတယ္။ ဒါေပမယ့္ ေယာကၤ်ားေလးအမ်ားစုကေတာ့ တစ္ေန႔ကို ကယ္လိုရီပမာဏ (၂၂၀၀)ကေန (၂၆၀၀)ေလာက္အထိ လိုအပ္ၾကပါတယ္။ ဒီပမာဏထက္ ေလ်ာ့နည္းၿပီး စားသံုးမယ္ဆိုရင္ သင့္ရဲ႕ ခႏၶာကိုယ္က ဇီ၀ျဖစ္စဥ္ေတြကို ထိခိုက္ေစႏိုင္ပါတယ္။ သင့္အေနနဲ႔ ကယ္လိုရီပမာဏ ေလ်ာ့နည္းေနၿပီး အစားပိုစားေပးဖို႔ လိုေနၿပီဆိုရင္ ဒီလကၡဏာေတြ ျဖစ္ေပၚလာမွာျဖစ္ပါတယ္။

အခ်ိန္တိုင္း တစ္ခုခုစားေသာက္ဖို႔ပဲ စဥ္းစားေနမိျခင္း
ေန႔လည္စာ စားၿပီးတာ မၾကာေသးေပမယ့္ တစ္ခုခုကို ထပ္စားခ်င္ေနတာ ဒါမွမဟုတ္ ညစာကို ဘာစားရင္ ေကာင္းမလဲေတြးေနမိတာ စတာေတြက လံုေလာက္တဲ့အစားအစာ မစားရတဲ့လကၡဏာေတြျဖစ္ပါတယ္။ ဒီလိုျဖစ္လာတဲ့အခါမွာ အဆာခံေနစရာမလိုပဲ က်န္းမာေရးနဲ႔ညီညြတ္တဲ့ အဆာေျပစရာတစ္ခုခုကို စားသံုးႏိုင္ပါတယ္။ အဆာေျပမစားပဲ အဆာခံေနမယ္ဆိုရင္ ညစာကို အလြန္အကၽြံစားမိေစႏိုင္ပါတယ္။

အစားကို ပံုမွန္အခ်ိန္နဲ႔ မစားျခင္း
မနက္စာလံုး၀မစားတာ ဒါမွမဟုတ္ ေကာ္ဖီတစ္ခြက္ေလာက္ပဲ ေသာက္ၿပီး ေန႔လည္စာအထိ အငတ္ခံေနတာက ကိုယ္အေလးခ်ိန္ေလွွ်ာ့ခ်ဖို႔အတြက္ နည္းလမ္းေကာင္းမဟုတ္ပါဘူး။ ၀ိတ္ခ်ဖို႔အတြက္ ကယ္လိုရီပမာဏကို သတိထားရမယ္ဆိုေပမယ့္ လိုတာထက္ပိုၿပီး အဆာခံေနတာက စိတ္ပိုင္းဆိုင္ရာအရ ဆာေလာင္မြတ္သိပ္မႈ ပိုျဖစ္ေစပါတယ္။ ကိုယ္အေလးခ်ိန္ကို ထိေရာက္စြာ ေလွ်ာ့ခ်ႏိုင္ဖို႔အတြက္ တစ္ေန႔ကို သင့္တင့္မွ်တတဲ့ ပံုမွန္ မနက္စာ၊ ေန႔လည္စာ၊ ညစာတို႔အျပင္ အဆာေျပ ႏွစ္နပ္ပါ ထပ္စားသင့္တယ္လို႔ ကၽြမ္းက်င္သူေတြက ဆိုပါတယ္။ စားတဲ့အခါမွာလည္း က်န္းမာေရးအတြက္ အေထာက္အကူျဖစ္ေစတဲ့ သန္႔ရွင္းလတ္ဆတ္တဲ့ ထုတ္ကုန္ေတြ၊ အသားေတြ၊ အဆီေတြနဲ႔ အေစ့အဆန္ေတြကို ေရြးခ်ယ္စားသံုးရမွာ ျဖစ္ပါတယ္။

ေခါင္းကိုက္ျခင္း
သင့္ရဲ႕ ဦးေႏွာက္ဟာ ေသြးအတြင္း ဂလူးကို႔စ္ ဓာတ္အေပၚမွာ မွီခိုၿပီး လုပ္ငန္းလုပ္ေဆာင္ေနတာျဖစ္ပါတယ္။ ဂလူးကို႔စ္ဓာတ္ကို သင္စားသံုးလိုက္တဲ့ ကာဘိုဟိုက္ျဒိဳတ္ဓာတ္ေတြကေန ရရွိပါတယ္။ ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်ဖို႔အတြက္ ကယ္လိုရီနဲ႔ ကာဘိုဟိုက္ၿဒိတ္ကို အလြန္အကၽြံေလွ်ာ့ခ်လိုက္တဲ့အခါမွာ ဦးေႏွာက္က လုံေလာက္တဲ့ စြမ္းအင္းေထာက္ပံ့မႈ မရႏိုင္ေတာ့ပါဘူး။ ဒီအခါမွာ ကတုန္တယင္ျဖစ္တာ၊ မူးေနာက္ေနာက္ျဖစ္တာ၊ အာရုံစိုက္လို႔ မရတာနဲ႔ ေခါင္းကိုက္တာေတြ ျဖစ္လာႏိုင္ပါတယ္။ ဒီလကၡဏာေတြဟာ အစာအဟာရမလံုေလာက္ျခင္းနဲ႔ ေသြးအတြင္း သၾကားဓာတ္ေလ်ာ့နည္းတဲ့ လကၡဏာေတြပဲ ျဖစ္ပါတယ္။

ေလ့က်င္းခန္းလုပ္ဖို႔ စဥ္းစားမိလိုက္ရင္ အိပ္ခ်င္လာျခင္း
ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်မႈကို အေထာက္အကူျဖစ္ေစဖို႔ ကိုယ္လက္လႈပ္ရွားေလ့က်င့္ခန္းေတြ လုပ္ေဆာင္ဖို႔ ၾကံစည္လိုက္တာနဲ႔ အိပ္ခ်င္လာတာကလည္း အစားအေသာက္ မလုံေလာက္တဲ့ လကၡဏာတစ္ခုပဲ ျဖစ္ပါတယ္။ အစားအဟာရ လံုေလာက္မႈ မရွိတဲ့အခါမွာ တစ္ခ်ိန္လံုးပင္ပန္းႏြမ္းနယ္မႈကို ခံစားေနရၿပီး စိတ္အားတက္ၾကြမႈကိုလည္း ယုတ္ေလ်ာ့သြားေစပါတယ္။

စိတ္ဆိုးေဒါသျဖစ္လြယ္ျခင္း
ဆာေလာင္ျခင္းက ေဒါသကို ပိုမိုႀကီးထြားေစပါတယ္။ ကယ္လိုရီမွီ၀ဲမႈ လိုတာထက္ပိုၿပီး ေလ်ာ့နည္းေနတဲ့အခါမွာလည္း အလားတူပဲ ျဖစ္ပါတယ္။ သင့္ခႏၶာကိုယ္က ဆာေလာင္ေနတဲ့အတြက္ အလြယ္တကူ စိတ္ဆိုးေဒါသျဖစ္လြယ္လာတတ္ပါတယ္။

အစားအေသာက္ကို မတင္းတိမ္ႏိုင္ျခင္း
ညစာကို အရြက္သုတ္တစ္ပြဲေလာက္ပဲ စားလိုက္တာက စိတ္ေက်နပ္မႈမရွိေစပဲ ထပ္စားခ်င္စိတ္ေတြ ျဖစ္လာေစပါတယ္။ ဒီလို ေလွ်ာ့ခ်စားသံုးမယ့္အစား က်န္းမာေရးနဲ႔ညီညြတ္တဲ့ အဆီဓာတ္၊ အသားဓာတ္ေတြကို သင့္တင့္မွ်တေအာင္ စားသံုးေပးမယ္ဆိုရင္ေတာ့ အဆင္ေျပသြားေစႏိုင္မွာျဖစ္ပါတယ္။ အစားကို ေလွ်ာ့စားတယ္ဆိုတာက နည္းနည္းေလးစားတာကို အဓိကဆိုလိုတာမဟုတ္ပါဘူး။ က်န္းမာေရးအတြက္ အေထာက္အကူျဖစ္ေစတာေတြကို မ်ားမ်ားစားၿပီး က်န္းမာေရးနဲ႔ မညီညြတ္တာေတြကို ေလွ်ာ့စားရမွာျဖစ္ပါတယ္။

[sg_popup id=6]

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

++++++++++++++++++++++++++++++++++++++++++++++++

ကိုယ်အလေးချိန်လျှော့ချဖို့အတွက် အစားပိုစားသင့်တဲ့ လက္ခဏာ(၆)ခု

(Unicode)

ကိုယ်အလေးချိန်လျှော့ချတာနဲ့ ငွေကြေးစုဆောင်းတာဟာ ကွဲပြားခြားနားမှု သိပ်မရှိပါဘူး။ ငွေကြေးစုဆောင်းရာမှာ အသုံးအဖြုန်းကို လျှော့ချရသလို ကိုယ်အလေးချိန်လျှော့ချဖို့အတွက်လည်း အစားအသောက်ကို ဆင်ခြင်လျှော့ချပြီး စားသုံးရပါတယ်။ ဒါပေမယ့် ကိုယ်အလေးချိန်လျှော့ချင်သူတွေ သတိမထားမိတာတစ်ခုက ကယ်လိုရီပမာဏကို အများအပြားလျော့နည်းသွားစေတာက ၀ိတ်ချဖို့အတွက် အဟန့်အတားတစ်ခု ဖြစ်လာတာပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်က တစ်နေ့တာမှာ လောင်ကျွမ်းရမယ့် ကယ်လိုရီပမာဏတစ်ခုကို လိုအပ်ပါတယ်။ အစားစားခြင်းဟာ ခန္ဓာကိုယ်က လောင်ကျွမ်းရမယ် ကယ်လိုရီတွေ ဖြည့်စွက်ပေးတာနဲ့ အတူတူပါပဲ။ သင့်အနေနဲ့ တော်သင့်ရုံသာ စားသောက်မယ်ဆိုရင် ခန္ဓာကိုယ်က ကယ်လိုရီတွေကို လောင်ကျွမ်းစေပြီး အင်အားအဖြစ်ပြန်လည်အသုံးချမယ့် အဆီအနေနဲ့ သိုလှောင်ထားပါတယ်။ ဒါပေမယ့် ကယ်လိုရီပမာဏကို အလွန်အကျွံလျှော့ချလိုက်မယ်ဆိုရင် ခန္ဓာကိုယ်က ခွန်အားရရှိဖို့အတွက် ကြွက်သားတစ်ရှုးတွေကို ဖြိုခွဲအသုံးချရပါတယ်။ ဒီဖြစ်စဉ် ဇီဝကမ္မဖြစ်စဉ်ကို နှေးစေပြီး ကိုယ်အလေးချိန်လျော့ကျဖို့အတွက် ခက်ခဲသွားစေပါတယ်။

ခန္ဓာကိုယ်က တစ်နေ့တာအတွက် ကယ်လိုရီလိုအပ်ချက် တစ်ယောက်နဲ့တစ်ယောက် ကွဲပြားခြားနားကြပါတယ်။ ဒါပေမယ့် ယောင်္ကျားလေးအများစုကတော့ တစ်နေ့ကို ကယ်လိုရီပမာဏ (၂၂၀၀)ကနေ (၂၆၀၀)လောက်အထိ လိုအပ်ကြပါတယ်။ ဒီပမာဏထက် လျော့နည်းပြီး စားသုံးမယ်ဆိုရင် သင့်ရဲ့ ခန္ဓာကိုယ်က ဇီဝဖြစ်စဉ်တွေကို ထိခိုက်စေနိုင်ပါတယ်။ သင့်အနေနဲ့ ကယ်လိုရီပမာဏ လျော့နည်းနေပြီး အစားပိုစားပေးဖို့ လိုနေပြီဆိုရင် ဒီလက္ခဏာတွေ ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။

အချိန်တိုင်း တစ်ခုခုစားသောက်ဖို့ပဲ စဉ်းစားနေမိခြင်း
နေ့လည်စာ စားပြီးတာ မကြာသေးပေမယ့် တစ်ခုခုကို ထပ်စားချင်နေတာ ဒါမှမဟုတ် ညစာကို ဘာစားရင် ကောင်းမလဲတွေးနေမိတာ စတာတွေက လုံလောက်တဲ့အစားအစာ မစားရတဲ့လက္ခဏာတွေဖြစ်ပါတယ်။ ဒီလိုဖြစ်လာတဲ့အခါမှာ အဆာခံနေစရာမလိုပဲ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆာပြေစရာတစ်ခုခုကို စားသုံးနိုင်ပါတယ်။ အဆာပြေမစားပဲ အဆာခံနေမယ်ဆိုရင် ညစာကို အလွန်အကျွံစားမိစေနိုင်ပါတယ်။

အစားကို ပုံမှန်အချိန်နဲ့ မစားခြင်း
မနက်စာလုံးဝမစားတာ ဒါမှမဟုတ် ကော်ဖီတစ်ခွက်လောက်ပဲ သောက်ပြီး နေ့လည်စာအထိ အငတ်ခံနေတာက ကိုယ်အလေးချိန်လျှှော့ချဖို့အတွက် နည်းလမ်းကောင်းမဟုတ်ပါဘူး။ ၀ိတ်ချဖို့အတွက် ကယ်လိုရီပမာဏကို သတိထားရမယ်ဆိုပေမယ့် လိုတာထက်ပိုပြီး အဆာခံနေတာက စိတ်ပိုင်းဆိုင်ရာအရ ဆာလောင်မွတ်သိပ်မှု ပိုဖြစ်စေပါတယ်။ ကိုယ်အလေးချိန်ကို ထိရောက်စွာ လျှော့ချနိုင်ဖို့အတွက် တစ်နေ့ကို သင့်တင့်မျှတတဲ့ ပုံမှန် မနက်စာ၊ နေ့လည်စာ၊ ညစာတို့အပြင် အဆာပြေ နှစ်နပ်ပါ ထပ်စားသင့်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ စားတဲ့အခါမှာလည်း ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ သန့်ရှင်းလတ်ဆတ်တဲ့ ထုတ်ကုန်တွေ၊ အသားတွေ၊ အဆီတွေနဲ့ အစေ့အဆန်တွေကို ရွေးချယ်စားသုံးရမှာ ဖြစ်ပါတယ်။

ခေါင်းကိုက်ခြင်း
သင့်ရဲ့ ဦးနှောက်ဟာ သွေးအတွင်း ဂလူးကို့စ် ဓာတ်အပေါ်မှာ မှီခိုပြီး လုပ်ငန်းလုပ်ဆောင်နေတာဖြစ်ပါတယ်။ ဂလူးကို့စ်ဓာတ်ကို သင်စားသုံးလိုက်တဲ့ ကာဘိုဟိုက်ဒြိုတ်ဓာတ်တွေကနေ ရရှိပါတယ်။ ကိုယ်အလေးချိန် လျှော့ချဖို့အတွက် ကယ်လိုရီနဲ့ ကာဘိုဟိုက်ဒြိတ်ကို အလွန်အကျွံလျှော့ချလိုက်တဲ့အခါမှာ ဦးနှောက်က လုံလောက်တဲ့ စွမ်းအင်းထောက်ပံ့မှု မရနိုင်တော့ပါဘူး။ ဒီအခါမှာ ကတုန်တယင်ဖြစ်တာ၊ မူးနောက်နောက်ဖြစ်တာ၊ အာရုံစိုက်လို့ မရတာနဲ့ ခေါင်းကိုက်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလက္ခဏာတွေဟာ အစာအဟာရမလုံလောက်ခြင်းနဲ့ သွေးအတွင်း သကြားဓာတ်လျော့နည်းတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။

လေ့ကျင်းခန်းလုပ်ဖို့ စဉ်းစားမိလိုက်ရင် အိပ်ချင်လာခြင်း
ကိုယ်အလေးချိန်လျှော့ချမှုကို အထောက်အကူဖြစ်စေဖို့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေ လုပ်ဆောင်ဖို့ ကြံစည်လိုက်တာနဲ့ အိပ်ချင်လာတာကလည်း အစားအသောက် မလုံလောက်တဲ့ လက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။ အစားအဟာရ လုံလောက်မှု မရှိတဲ့အခါမှာ တစ်ချိန်လုံးပင်ပန်းနွမ်းနယ်မှုကို ခံစားနေရပြီး စိတ်အားတက်ကြွမှုကိုလည်း ယုတ်လျော့သွားစေပါတယ်။

စိတ်ဆိုးဒေါသဖြစ်လွယ်ခြင်း
ဆာလောင်ခြင်းက ဒေါသကို ပိုမိုကြီးထွားစေပါတယ်။ ကယ်လိုရီမှီဝဲမှု လိုတာထက်ပိုပြီး လျော့နည်းနေတဲ့အခါမှာလည်း အလားတူပဲ ဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်က ဆာလောင်နေတဲ့အတွက် အလွယ်တကူ စိတ်ဆိုးဒေါသဖြစ်လွယ်လာတတ်ပါတယ်။

အစားအသောက်ကို မတင်းတိမ်နိုင်ခြင်း
ညစာကို အရွက်သုတ်တစ်ပွဲလောက်ပဲ စားလိုက်တာက စိတ်ကျေနပ်မှုမရှိစေပဲ ထပ်စားချင်စိတ်တွေ ဖြစ်လာစေပါတယ်။ ဒီလို လျှော့ချစားသုံးမယ့်အစား ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီဓာတ်၊ အသားဓာတ်တွေကို သင့်တင့်မျှတအောင် စားသုံးပေးမယ်ဆိုရင်တော့ အဆင်ပြေသွားစေနိုင်မှာဖြစ်ပါတယ်။ အစားကို လျှော့စားတယ်ဆိုတာက နည်းနည်းလေးစားတာကို အဓိကဆိုလိုတာမဟုတ်ပါဘူး။ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတာတွေကို များများစားပြီး ကျန်းမာရေးနဲ့ မညီညွတ်တာတွေကို လျှော့စားရမှာဖြစ်ပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine

Related Posts

%%footer%%