Emotional Intelligence ေကာင္းသူတို႔၏ လကၡဏာ(၇)ခု

(Zawgyi)

Emotional Intelligence (EI) ဆိုတာ ဘာကို ဆိုလိုပါသလဲ။ Emotional Intelligence ဆိုတာကေတာ့ မိမိကိုယ္ပိုင္ စိတ္ခံစားမႈေတြနဲ႔ အျခားသူေတြရဲ႕ စိတ္ခံစားမႈေတြကို အတိအက်သိမွတ္ဆင္ျခင္ႏိုင္စြမ္း၊ စိတ္ခံစားမႈေတြကို ထိန္းခ်ဳပ္ကိုင္တြယ္ႏိုင္ၿပီး စဥ္းစားေတြးေခၚမႈနဲ႔ ျပႆနာေျဖရွင္းမႈတို႔မွာ အသံုးခ်ႏိုင္စြမ္း၊ မိမိကိုယ္တိုင္ရဲ႕ စိတ္ခံစားမႈအျပင္ အျခားသူေတြရဲ႕ စိတ္ခံစားမႈကိုပါ စီမံခန္႔ခြဲႏိုင္ျခင္း ကို ဆိုလိုပါတယ္။ Emotional Intelligence ဟာ ဥာဏ္ရည္ထက္ျမက္မႈ (IQ) ထက္ပိုၿပီး လူတစ္ေယာက္ရဲ႕ ေအာင္ျမင္မႈမွာ အေရးပါလာပါတယ္။ Emotional Intelligence ေကာင္းသူေတြရဲ႕ လကၡဏာေတြကေတာ့ ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

၁။ သူတို႔ဟာ ေျပာင္းလဲတတ္သူေတြျဖစ္ပါတယ္။
Emotional Intelligence ျမင့္မားသူေတြဟာ ေျပာင္းလဲမႈကို ေၾကာက္ေလ့မရွိပါဘူး။ ေျပာင္းလဲမႈဟာ ဘ၀ရဲ႕ လိုအပ္ခ်က္တစ္ခုဆိုတာကို နားလည္ထားၾကၿပီး အလိုက္သင့္ေျပာင္းလဲႏိုင္စြမ္းရွိၾကပါတယ္။

၂။ သူတို႔ဟာ ကိုယ့္အေၾကာင္း ကိုယ္သိၾကတယ္
Emotional Intelligence ေကာင္းသူေတြဟာ သူတို႔ဘယ္ေနရာမွာ ထူးခၽြန္လဲ၊ ဘာေတြကို ဆက္ၿပီး ေလ့လာဖို႔ လိုလဲ၊ သူတို႔ရဲ႕ အားနည္းခ်က္ေတြက ဘာေတြလဲဆိုတာကို နားလည္သေဘာေပါက္ၾကပါတယ္။ သူတို႔အတြက္ ဘယ္လိုပတ္၀န္းက်င္မ်ိဳးက အဆင္အေျပဆံုးျဖစ္မလဲဆိုတာကိုလည္း သိၾကပါတယ္။

၃။ သူတို႔ဟာ ကိုယ္ခ်င္းစာတတ္ၾကတယ္
Emotional Intelligence ရဲ႕ အဓိက လကၡဏာကေတာ့ အျခားသူေတြအတြက္ ကိုယ္ခ်င္းစာတတ္ၿပီး မွ်ေ၀ခံစားတတ္ျခင္းပဲ ျဖစ္ပါတယ္။ သူတို႔ဟာ လုပ္ေဖာ္ကိုင္ဖက္နဲ႔ အေပါင္းအသင္းေတြရဲ႕ အခက္အခဲေတြနဲ႔ ျပႆနာေတြကို နားလည္ႏိုင္စြမ္းရွိၾကၿပီး ကူညီေျဖရွင္းေပးတတ္ၾကသူေတြ ျဖစ္ပါတယ္။

၄။ သူတို႔ဟာ အမွားကင္းျပည့္စံုသူေတြ မဟုတ္ၾကဘူး။
Emotional Intelligence အားေကာင္းသူေတြဟာ ၿပီးျပည့္စံုမႈဆိုတာ မျဖစ္ႏိုင္မယ္ သိထားၾကပါတယ္။ သူတို႔ဟာ လုပ္ေဆာင္မိတဲ့ အမွားနဲ႔ ေတြ႕ၾကံဳရတဲ့ အခက္အခဲေတြကေန သင္ခန္းစာယူႏိုင္ၾကသူေတြ ျဖစ္ပါတယ္။

၅။ သူတို႔ဟာ ဟန္ခ်က္ညီမွ်တယ္
မိမိကိုယ္ကို အေကာင္းဆံုး သိမွတ္ဆင္ျခင္ႏိုင္စြမ္းေၾကာင့္ အလုပ္နဲ႔ ဘ၀ကို ဟန္ခ်က္ညီေအာင္ ထိန္းေက်ာင္းႏိုင္စြမ္းရွိၾကပါတယ္။ အလုပ္ခ်ိန္ျပင္ပမွာ ေကာင္းေကာင္းစား၊ ေကာင္းေကာင္းနားၿပီး အျခားစိတ္၀င္စားစရာေတြအတြက္လည္း အခ်ိန္ေပးတတ္ၾကပါတယ္။

၆။ သူတို႔က သိလိုစိတ္မ်ားတယ္
ဘာမဆို စူးစမ္းေလ့လာလိုစိတ္က သူတို႔ကို ထင္ေပၚေစတဲ့အခ်က္တစ္ခု ျဖစ္ပါတယ္။ ဒါေပမယ့္ စူးစမ္းသိရွိလာေတြကို ခ်က္ခ်င္းအကဲျဖတ္ေလ့မရွိပဲ အျခားျဖစ္ႏိုင္ေခ်ေတြကို ထပ္မံရွာေဖြတတ္ၾကပါတယ္။ ေမးခြန္းေတြ ေမးေလ့ရွိၿပီး ေျဖရွင္းခ်က္အသစ္ေတြကို လက္ခံႀကိဳဆိုၾကပါတယ္။

၇။ သူတို႔က ေက်းဇူးသိတတ္ၾကတယ္
Emotional Intelligence ျမင့္မားသူေတြဟာ ေန႔စဥ္ေန႔တိုင္းမွာ ေကာင္းျမတ္ျခင္းေတြရွိေနၿပီး အရွိတရားကို ေက်းဇူးတင္တတ္ၾကသူေတြ ျဖစ္ပါတယ္။ ဖန္ခြက္တစ္ခြက္ထဲမွာ ေရတစ္၀က္သာျဖည့္ထားမယ္ဆိုရင္ လူအမ်ားစုက တ၀က္ေလ်ာ့ေနတဲ့အတြက္ အျပစ္ျမင္တတ္ၾကေပမယ့္ သူတို႔ကေတာ့ တ၀က္ရွိေနတဲ့အတြက္ ေက်းဇူးတင္တတ္သူေတြ ျဖစ္ပါတယ္။ သူတို႔ဘ၀ကို သူတို႔ေက်နပ္မႈရွိၿပီး ေ၀ဖန္ျပစ္တင္မႈေတြနဲ႔ ေဘးစကားေတြကို အာရုံမစိုက္တတ္ၾကသူေတြျဖစ္ပါတယ္။

[sg_popup id=6]

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

+++++++++++++++++++++++++++++++++++++++++++++++++++

Emotional Intelligence ကောင်းသူတို့၏ လက္ခဏာ(၇)ခု

(Unicode)

Emotional Intelligence (EI) ဆိုတာ ဘာကို ဆိုလိုပါသလဲ။ Emotional Intelligence ဆိုတာကတော့ မိမိကိုယ်ပိုင် စိတ်ခံစားမှုတွေနဲ့ အခြားသူတွေရဲ့ စိတ်ခံစားမှုတွေကို အတိအကျသိမှတ်ဆင်ခြင်နိုင်စွမ်း၊ စိတ်ခံစားမှုတွေကို ထိန်းချုပ်ကိုင်တွယ်နိုင်ပြီး စဉ်းစားတွေးခေါ်မှုနဲ့ ပြဿနာဖြေရှင်းမှုတို့မှာ အသုံးချနိုင်စွမ်း၊ မိမိကိုယ်တိုင်ရဲ့ စိတ်ခံစားမှုအပြင် အခြားသူတွေရဲ့ စိတ်ခံစားမှုကိုပါ စီမံခန့်ခွဲနိုင်ခြင်း ကို ဆိုလိုပါတယ်။ Emotional Intelligence ဟာ ဉာဏ်ရည်ထက်မြက်မှု (IQ) ထက်ပိုပြီး လူတစ်ယောက်ရဲ့ အောင်မြင်မှုမှာ အရေးပါလာပါတယ်။ Emotional Intelligence ကောင်းသူတွေရဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ သူတို့ဟာ ပြောင်းလဲတတ်သူတွေဖြစ်ပါတယ်။
Emotional Intelligence မြင့်မားသူတွေဟာ ပြောင်းလဲမှုကို ကြောက်လေ့မရှိပါဘူး။ ပြောင်းလဲမှုဟာ ဘဝရဲ့ လိုအပ်ချက်တစ်ခုဆိုတာကို နားလည်ထားကြပြီး အလိုက်သင့်ပြောင်းလဲနိုင်စွမ်းရှိကြပါတယ်။

၂။ သူတို့ဟာ ကိုယ့်အကြောင်း ကိုယ်သိကြတယ်
Emotional Intelligence ကောင်းသူတွေဟာ သူတို့ဘယ်နေရာမှာ ထူးချွန်လဲ၊ ဘာတွေကို ဆက်ပြီး လေ့လာဖို့ လိုလဲ၊ သူတို့ရဲ့ အားနည်းချက်တွေက ဘာတွေလဲဆိုတာကို နားလည်သဘောပေါက်ကြပါတယ်။ သူတို့အတွက် ဘယ်လိုပတ်ဝန်းကျင်မျိုးက အဆင်အပြေဆုံးဖြစ်မလဲဆိုတာကိုလည်း သိကြပါတယ်။

၃။ သူတို့ဟာ ကိုယ်ချင်းစာတတ်ကြတယ်
Emotional Intelligence ရဲ့ အဓိက လက္ခဏာကတော့ အခြားသူတွေအတွက် ကိုယ်ချင်းစာတတ်ပြီး မျှဝေခံစားတတ်ခြင်းပဲ ဖြစ်ပါတယ်။ သူတို့ဟာ လုပ်ဖော်ကိုင်ဖက်နဲ့ အပေါင်းအသင်းတွေရဲ့ အခက်အခဲတွေနဲ့ ပြဿနာတွေကို နားလည်နိုင်စွမ်းရှိကြပြီး ကူညီဖြေရှင်းပေးတတ်ကြသူတွေ ဖြစ်ပါတယ်။

၄။ သူတို့ဟာ အမှားကင်းပြည့်စုံသူတွေ မဟုတ်ကြဘူး။
Emotional Intelligence အားကောင်းသူတွေဟာ ပြီးပြည့်စုံမှုဆိုတာ မဖြစ်နိုင်မယ် သိထားကြပါတယ်။ သူတို့ဟာ လုပ်ဆောင်မိတဲ့ အမှားနဲ့ တွေ့ကြုံရတဲ့ အခက်အခဲတွေကနေ သင်ခန်းစာယူနိုင်ကြသူတွေ ဖြစ်ပါတယ်။

၅။ သူတို့ဟာ ဟန်ချက်ညီမျှတယ်
မိမိကိုယ်ကို အကောင်းဆုံး သိမှတ်ဆင်ခြင်နိုင်စွမ်းကြောင့် အလုပ်နဲ့ ဘဝကို ဟန်ချက်ညီအောင် ထိန်းကျောင်းနိုင်စွမ်းရှိကြပါတယ်။ အလုပ်ချိန်ပြင်ပမှာ ကောင်းကောင်းစား၊ ကောင်းကောင်းနားပြီး အခြားစိတ်ဝင်စားစရာတွေအတွက်လည်း အချိန်ပေးတတ်ကြပါတယ်။

၆။ သူတို့က သိလိုစိတ်များတယ်
ဘာမဆို စူးစမ်းလေ့လာလိုစိတ်က သူတို့ကို ထင်ပေါ်စေတဲ့အချက်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် စူးစမ်းသိရှိလာတွေကို ချက်ချင်းအကဲဖြတ်လေ့မရှိပဲ အခြားဖြစ်နိုင်ချေတွေကို ထပ်မံရှာဖွေတတ်ကြပါတယ်။ မေးခွန်းတွေ မေးလေ့ရှိပြီး ဖြေရှင်းချက်အသစ်တွေကို လက်ခံကြိုဆိုကြပါတယ်။

၇။ သူတို့က ကျေးဇူးသိတတ်ကြတယ်
Emotional Intelligence မြင့်မားသူတွေဟာ နေ့စဉ်နေ့တိုင်းမှာ ကောင်းမြတ်ခြင်းတွေရှိနေပြီး အရှိတရားကို ကျေးဇူးတင်တတ်ကြသူတွေ ဖြစ်ပါတယ်။ ဖန်ခွက်တစ်ခွက်ထဲမှာ ရေတစ်ဝက်သာဖြည့်ထားမယ်ဆိုရင် လူအများစုက တဝက်လျော့နေတဲ့အတွက် အပြစ်မြင်တတ်ကြပေမယ့် သူတို့ကတော့ တဝက်ရှိနေတဲ့အတွက် ကျေးဇူးတင်တတ်သူတွေ ဖြစ်ပါတယ်။ သူတို့ဘဝကို သူတို့ကျေနပ်မှုရှိပြီး ဝေဖန်ပြစ်တင်မှုတွေနဲ့ ဘေးစကားတွေကို အာရုံမစိုက်တတ်ကြသူတွေဖြစ်ပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine