စိတ္အားတက္ၾကြေစမည့္ အေလ့အက်င့္မ်ား

စိတ္အားတက္ၾကြေစမည့္ အေလ့အက်င့္မ်ား

(Zawgyi)

ေအာင္ျမင္တဲ့စီးပြားေရးလုပ္ငန္းရွင္တစ္ေယာက္၊ ေခါင္းေဆာင္တစ္ေယာက္ ဒါမွမဟုတ္ အားကစားသမားတစ္ေယာက္ဆီက စိတ္ဓာတ္တက္ၾကြေစႏိုင္မယ့္ နည္းလမ္းေတြကို ၾကားဖူးပါသလား။ သူတို႔ရဲ႕ နည္းလမ္းေတြ၊ အေလ့အက်င့္ေတြက နားေထာင္ဖတ္႐ႈရသူေတြကိုလည္း စိတ္အားတက္ၾကြေစၿပီး ရည္မွန္းခ်က္ေတြ အေကာင္အထည္ေဖာ္ႏိုင္ဖို႔ တြန္းအားျဖစ္ေစႏိုင္ပါတယ္။

၁။ ကိုယ္ပိုင္ အေၾကာင္းရင္းကို ရွာေဖြပါ
စိတ္အားတက္ၾကြမႈအျပည့္ရွိသူေတြဟာ သူတို႔ကို တြန္းအားျဖစ္ေစမယ့္ အေၾကာင္းရင္းရွိၾကပါတယ္။ ဘာျဖစ္လို႔ ဒီအလုပ္ေတြကို ဘာေၾကာင့္လုပ္ေနရတာလဲဆိုတဲ့ အေၾကာင္းရင္းျဖစ္ပါတယ္။ ဒီအေၾကာင္းရင္းကို သိထားမယ္ဆိုရင္ အခက္အခဲေတြနဲ႔ ရင္ဆိုင္ရရင္ေတာင္မွ ေရွ႕ဆက္ခ်င္စိတ္ရွိေနဦးမွာ ျဖစ္ပါတယ္။

၂။ ခံစားခ်က္ကို အရွိအတိုင္းဆင္ျခင္ခံစားပါ
စိတ္ပ်က္စရာ၊ စိတ္ညစ္စရာကိစၥေတြ ၾကံဳလာတဲ့အခါမွာ လူအမ်ားစုက မေကာင္းတဲ့စိတ္ခံစားမႈေတြ ျဖစ္ေပၚလာၿပီး မွားယြင္းစြာ တုံ႔ျပန္တတ္ၾကပါတယ္။ စိတ္ဆိုးေဒါသျဖစ္တာ၊ စိတ္ပ်က္တာ၊ ၀မ္းနည္းတာ၊ စိတ္အားငယ္တာ စတဲ့ခံစားမႈေတြနဲ႔ ဘာမွမျဖစ္သလို ဟန္ေဆာင္ေနတာေတြက ေရရွည္မွာ စိတ္ေရာကိုယ္ပါ ထိခိုက္လာေစႏိုင္ပါတယ္။ ခံစားစရာတစ္ခုခုရွိလာရင္ အထိုက္အေလ်ာက္ခံစားလိုက္ၿပီး ေမ့ထားလိုက္ပါ။

၃။ မနက္ခင္းကို မွန္ကန္စြာစတင္ပါ
သင့္ရဲ႕တစ္ေန႔တာမွာ စိတ္အားတက္ၾကြေနဖို႔အတြက္ အလြယ္ကူဆံုးနဲ႔ အထိေရာက္ဆံုးနည္းလမ္းတစ္ခုကေတာ့ မနက္ခင္းအခ်ိန္ကို မွန္ကန္စြာအသံုးခ်ဖို႔ပဲ ျဖစ္ပါတယ္။ မနက္ခင္းမွာ အားလံုးအဆင္ေျပေခ်ာေမြ႕ေနရင္ တစ္ေန႔လံုးအဆင္ေျပေနမွာပါ။ ဒီလိုအဆင္ေျပႏို္င္ဖို႔အတြက္ လုပ္ၾကည့္သင့္တဲ့ အေလ့အက်င့္တခ်ိဳ႕ကေတာ့ –
အိပ္ရာက ေစာေစာထဖို႔ အေၾကာင္းျပခ်က္တစ္ခု ထားပါ။ ဥပမာ – လမ္းေလွ်ာက္ဖို႔
အေၾကာေလွ်ာ့ၿပီး အသက္႐ႈေလ့က်င့္ခန္းလုပ္ပါ
အိပ္ရာထတာနဲ႔ ရိုးရွင္းလြယ္ကူတဲ့ အလုပ္တစ္ခုၿပီးေအာင္လုပ္လိုက္ပါ။ ဥပမာ – အိပ္ရာသိမ္းျခင္း
တစ္ေန႔စာအတြက္ ရည္မွန္းခ်က္ေတြ ခ်မွတ္ပါ

၄။ ေျပာင္းလဲမႈလုပ္ေဆာင္ပါ
ေျပာင္းလဲမႈေတြက သင့္ကို စိတ္အားတက္ၾကြေစႏိုင္ပါတယ္။ ေန႔စဥ္လုပ္ငန္းေဆာင္တာေတြထဲက တစ္ခုခုကို ေျပာင္းလဲၾကည့္ပါ။ ဥပမာ – ေလ့က်င့္ခန္းအမ်ိဳးအစားေျပာင္းလုပ္ျခင္း။ ေျပာင္းလဲျခင္းဟာ စိတ္အားတက္ၾကြေစရုံသာမက အရည္အခ်င္းအသစ္ေတြနဲ႔ အေတြ႕အၾကံဳသစ္ေတြကိုလည္း ရရွိေစနိုင္ပါတယ္။

၅။ တိုးတက္မႈကို မွတ္တမ္းလုပ္ပါ
အခုခ်ိန္ထဲ သင့္ရည္ရြယ္ခ်က္ေတြကို ဘယ္ေလာက္အထိ လုပ္ေဆာင္ၿပီးၿပီလဲဆိုတာကို သိႏိုင္ဖို႔ ျဖစ္ပါတယ္။ ဥပမာအားျဖင့္ စာအုပ္မ်ားမ်ားဖတ္ဖို႔ စိတ္ကူးထားတယ္ဆိုပါစို႔။ တစ္ေန႔မွာ စာဖတ္ခ်ိန္ မိနစ္သံုးဆယ္လို႔ သတ္မွတ္ထားၿပီး တျဖည္းျဖည္းနဲ႔ မိနစ္ေလးဆယ္၊ ငါးဆယ္စသျဖင့္ တျဖည္းျဖည္းတိုးတက္ဖတ္႐ႈလာႏိုင္တာကို သိေနေစဖို႔ ျဖစ္ပါတယ္။ ဒီမွတ္တမ္းကို ျပန္ၾကည့္တိုင္း သင္လုပ္ခဲ့ၿပီးတဲ့အရာေတြအတြက္ စိတ္အားတက္ၾကြရမွာ ျဖစ္ပါတယ္။

၆။ ပတ္၀န္းက်င္မွာ သတိေပးစာေတြ ထားပါ
ရည္မွန္းခ်က္ေတြ၊ စိတ္အားတက္ၾကြေစတဲ့ စာေတြကို စာရြက္ေလးေတြမွာ ေရးသားၿပီး ျမင္သာတဲ့ေနရာေတြမွာ ကပ္ထားဖို႔ ျဖစ္ပါတယ္။ ဒါေတြကိုျမင္လိုက္တိုင္း စိတ္အားတက္ၾကြမႈျဖစ္ေအာင္ သတိေပးေနသလို ျဖစ္ေနမွာပါ။

၇။ အြန္လိုင္းမွာ ျဖစ္ျဖစ္၊ အျပင္ေလာကမွာျဖစ္ျဖစ္ အဖြဲ႕ေတြထဲ ၀င္ပါ
မိမိကိုယ္ကို အားေပးရတာက ခက္ခဲပါတယ္။ ဒါ့ေၾကာင့္ စိတ္တူကိုယ္တူ လူေတြနဲ႔ အခ်က္အလက္ေတြေ၀မွ်ရတာက စိတ္အားတက္ၾကြမႈ ျဖစ္ေစပါတယ္။ အၾကံဥာဏ္ေတြ၊ အကူအညီေတြနဲ႔ အားေပးပံ့ပိုးမႈေတြလည္း ရရွိလာႏိုင္ပါတယ္။

၈။ ေက်းဇူးတင္တတ္ပါေစ
တစ္ေန႔မွာ သင့္အတြက္ ေက်းဇူးတင္စရာတစ္ခုေလာက္ ေတြ႕ရွိမယ္ဆိုရင္ ရည္မွန္းခ်က္ေတြ ေပါက္ေျမာက္ဖို႔ တြန္းအားျဖစ္ေစပါတယ္။ ဥပမာ ဒီေန႔မွာ အဆင္ေျပမႈတစ္ခုရွိတယ္ဆိုရင္ ခံစားရတဲ့ ေက်နပ္ေပ်ာ္ရႊင္မႈအတြက္ ေက်းဇူးတင္တတ္ရမွာ ျဖစ္ပါတယ္။ ဒါဆိုရင္ ေနာက္တစ္ေန႔မွာ အဆင္ေျပမႈေတြ ပိုၿပီးခံစားရမွာပါ။

၉။ စိတ္အားထက္သန္ရာကို ရွာေဖြပါ
စြဲလမ္းမႈဟာ စိတ္အားတက္ၾကြမႈကို ျဖစ္ေစႏိုင္တဲ့ စြမ္းအားရွိပါတယ္။ ေအာင္ျမင္တဲ့သူတိုင္းဟာလည္း သူတို႔ရဲ႕ စိတ္အားထက္သန္ရာကို ေရြးခ်ယ္ၿပီး သူတို႔လုပ္ခ်င္တာကို စြဲလမ္းတပ္မက္စြာလုပ္ေဆာင္တတ္ၾကသူေတြ ျဖစ္ပါတယ္။ သင့္အေနနဲ႔လည္း စိတ္အားထက္သန္ၿပီး လုပ္ေဆာင္ရမွာကို ေပ်ာ္ရႊင္ေနရတဲ့အရာတစ္ခုခုကို ေရြးခ်ယ္ပါ။

၁၀။ စိတ္ကူးပံုေဖာ္ၾကည့္ပါ
သင့္ရဲ႕ အိပ္မက္ေတြ၊ ရည္မွန္းခ်က္ေတြ ျပည့္၀သြားရင္ ဘယ္လိုျဖစ္မလဲဆိုတာကို စိတ္ကူးနဲ႔ ပံုေဖာ္ၾကည့္ရမွာ ျဖစ္ပါတယ္။ ဒီလို စိတ္ကူးပံုေဖာ္ျခင္းကလည္း စိတ္ဓာတ္ကို တက္ၾကြေစႏိုင္ပါတယ္။

[sg_popup id=6]

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

++++++++++++++++++++++++++++++++++++++++++++++++++++++++

စိတ်အားတက်ကြွစေမည့် အလေ့အကျင့်များ

(Unicode)

အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်၊ ခေါင်းဆောင်တစ်ယောက် ဒါမှမဟုတ် အားကစားသမားတစ်ယောက်ဆီက စိတ်ဓာတ်တက်ကြွစေနိုင်မယ့် နည်းလမ်းတွေကို ကြားဖူးပါသလား။ သူတို့ရဲ့ နည်းလမ်းတွေ၊ အလေ့အကျင့်တွေက နားထောင်ဖတ်ရှုရသူတွေကိုလည်း စိတ်အားတက်ကြွစေပြီး ရည်မှန်းချက်တွေ အကောင်အထည်ဖော်နိုင်ဖို့ တွန်းအားဖြစ်စေနိုင်ပါတယ်။

၁။ ကိုယ်ပိုင် အကြောင်းရင်းကို ရှာဖွေပါ
စိတ်အားတက်ကြွမှုအပြည့်ရှိသူတွေဟာ သူတို့ကို တွန်းအားဖြစ်စေမယ့် အကြောင်းရင်းရှိကြပါတယ်။ ဘာဖြစ်လို့ ဒီအလုပ်တွေကို ဘာကြောင့်လုပ်နေရတာလဲဆိုတဲ့ အကြောင်းရင်းဖြစ်ပါတယ်။ ဒီအကြောင်းရင်းကို သိထားမယ်ဆိုရင် အခက်အခဲတွေနဲ့ ရင်ဆိုင်ရရင်တောင်မှ ရှေ့ဆက်ချင်စိတ်ရှိနေဦးမှာ ဖြစ်ပါတယ်။

၂။ ခံစားချက်ကို အရှိအတိုင်းဆင်ခြင်ခံစားပါ
စိတ်ပျက်စရာ၊ စိတ်ညစ်စရာကိစ္စတွေ ကြုံလာတဲ့အခါမှာ လူအများစုက မကောင်းတဲ့စိတ်ခံစားမှုတွေ ဖြစ်ပေါ်လာပြီး မှားယွင်းစွာ တုံ့ပြန်တတ်ကြပါတယ်။ စိတ်ဆိုးဒေါသဖြစ်တာ၊ စိတ်ပျက်တာ၊ ၀မ်းနည်းတာ၊ စိတ်အားငယ်တာ စတဲ့ခံစားမှုတွေနဲ့ ဘာမှမဖြစ်သလို ဟန်ဆောင်နေတာတွေက ရေရှည်မှာ စိတ်ရောကိုယ်ပါ ထိခိုက်လာစေနိုင်ပါတယ်။ ခံစားစရာတစ်ခုခုရှိလာရင် အထိုက်အလျောက်ခံစားလိုက်ပြီး မေ့ထားလိုက်ပါ။

၃။ မနက်ခင်းကို မှန်ကန်စွာစတင်ပါ
သင့်ရဲ့တစ်နေ့တာမှာ စိတ်အားတက်ကြွနေဖို့အတွက် အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းတစ်ခုကတော့ မနက်ခင်းအချိန်ကို မှန်ကန်စွာအသုံးချဖို့ပဲ ဖြစ်ပါတယ်။ မနက်ခင်းမှာ အားလုံးအဆင်ပြေချောမွေ့နေရင် တစ်နေ့လုံးအဆင်ပြေနေမှာပါ။ ဒီလိုအဆင်ပြေနို်င်ဖို့အတွက် လုပ်ကြည့်သင့်တဲ့ အလေ့အကျင့်တချို့ကတော့ –
အိပ်ရာက စောစောထဖို့ အကြောင်းပြချက်တစ်ခု ထားပါ။ ဥပမာ – လမ်းလျှောက်ဖို့
အကြောလျှော့ပြီး အသက်ရှုလေ့ကျင့်ခန်းလုပ်ပါ
အိပ်ရာထတာနဲ့ ရိုးရှင်းလွယ်ကူတဲ့ အလုပ်တစ်ခုပြီးအောင်လုပ်လိုက်ပါ။ ဥပမာ – အိပ်ရာသိမ်းခြင်း
တစ်နေ့စာအတွက် ရည်မှန်းချက်တွေ ချမှတ်ပါ

၄။ ပြောင်းလဲမှုလုပ်ဆောင်ပါ
ပြောင်းလဲမှုတွေက သင့်ကို စိတ်အားတက်ကြွစေနိုင်ပါတယ်။ နေ့စဉ်လုပ်ငန်းဆောင်တာတွေထဲက တစ်ခုခုကို ပြောင်းလဲကြည့်ပါ။ ဥပမာ – လေ့ကျင့်ခန်းအမျိုးအစားပြောင်းလုပ်ခြင်း။ ပြောင်းလဲခြင်းဟာ စိတ်အားတက်ကြွစေရုံသာမက အရည်အချင်းအသစ်တွေနဲ့ အတွေ့အကြံုသစ်တွေကိုလည်း ရရှိစေနိုင်ပါတယ်။

၅။ တိုးတက်မှုကို မှတ်တမ်းလုပ်ပါ
အခုချိန်ထဲ သင့်ရည်ရွယ်ချက်တွေကို ဘယ်လောက်အထိ လုပ်ဆောင်ပြီးပြီလဲဆိုတာကို သိနိုင်ဖို့ ဖြစ်ပါတယ်။ ဥပမာအားဖြင့် စာအုပ်များများဖတ်ဖို့ စိတ်ကူးထားတယ်ဆိုပါစို့။ တစ်နေ့မှာ စာဖတ်ချိန် မိနစ်သုံးဆယ်လို့ သတ်မှတ်ထားပြီး တဖြည်းဖြည်းနဲ့ မိနစ်လေးဆယ်၊ ငါးဆယ်စသဖြင့် တဖြည်းဖြည်းတိုးတက်ဖတ်ရှုလာနိုင်တာကို သိနေစေဖို့ ဖြစ်ပါတယ်။ ဒီမှတ်တမ်းကို ပြန်ကြည့်တိုင်း သင်လုပ်ခဲ့ပြီးတဲ့အရာတွေအတွက် စိတ်အားတက်ကြွရမှာ ဖြစ်ပါတယ်။

၆။ ပတ်ဝန်းကျင်မှာ သတိပေးစာတွေ ထားပါ
ရည်မှန်းချက်တွေ၊ စိတ်အားတက်ကြွစေတဲ့ စာတွေကို စာရွက်လေးတွေမှာ ရေးသားပြီး မြင်သာတဲ့နေရာတွေမှာ ကပ်ထားဖို့ ဖြစ်ပါတယ်။ ဒါတွေကိုမြင်လိုက်တိုင်း စိတ်အားတက်ကြွမှုဖြစ်အောင် သတိပေးနေသလို ဖြစ်နေမှာပါ။

၇။ အွန်လိုင်းမှာ ဖြစ်ဖြစ်၊ အပြင်လောကမှာဖြစ်ဖြစ် အဖွဲ့တွေထဲ ၀င်ပါ
မိမိကိုယ်ကို အားပေးရတာက ခက်ခဲပါတယ်။ ဒါ့ကြောင့် စိတ်တူကိုယ်တူ လူတွေနဲ့ အချက်အလက်တွေဝေမျှရတာက စိတ်အားတက်ကြွမှု ဖြစ်စေပါတယ်။ အကြံဉာဏ်တွေ၊ အကူအညီတွေနဲ့ အားပေးပံ့ပိုးမှုတွေလည်း ရရှိလာနိုင်ပါတယ်။

၈။ ကျေးဇူးတင်တတ်ပါစေ
တစ်နေ့မှာ သင့်အတွက် ကျေးဇူးတင်စရာတစ်ခုလောက် တွေ့ရှိမယ်ဆိုရင် ရည်မှန်းချက်တွေ ပေါက်မြောက်ဖို့ တွန်းအားဖြစ်စေပါတယ်။ ဥပမာ ဒီနေ့မှာ အဆင်ပြေမှုတစ်ခုရှိတယ်ဆိုရင် ခံစားရတဲ့ ကျေနပ်ပျော်ရွှင်မှုအတွက် ကျေးဇူးတင်တတ်ရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် နောက်တစ်နေ့မှာ အဆင်ပြေမှုတွေ ပိုပြီးခံစားရမှာပါ။

၉။ စိတ်အားထက်သန်ရာကို ရှာဖွေပါ
စွဲလမ်းမှုဟာ စိတ်အားတက်ကြွမှုကို ဖြစ်စေနိုင်တဲ့ စွမ်းအားရှိပါတယ်။ အောင်မြင်တဲ့သူတိုင်းဟာလည်း သူတို့ရဲ့ စိတ်အားထက်သန်ရာကို ရွေးချယ်ပြီး သူတို့လုပ်ချင်တာကို စွဲလမ်းတပ်မက်စွာလုပ်ဆောင်တတ်ကြသူတွေ ဖြစ်ပါတယ်။ သင့်အနေနဲ့လည်း စိတ်အားထက်သန်ပြီး လုပ်ဆောင်ရမှာကို ပျော်ရွှင်နေရတဲ့အရာတစ်ခုခုကို ရွေးချယ်ပါ။

၁၀။ စိတ်ကူးပုံဖော်ကြည့်ပါ
သင့်ရဲ့ အိပ်မက်တွေ၊ ရည်မှန်းချက်တွေ ပြည့်ဝသွားရင် ဘယ်လိုဖြစ်မလဲဆိုတာကို စိတ်ကူးနဲ့ ပုံဖော်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒီလို စိတ်ကူးပုံဖော်ခြင်းကလည်း စိတ်ဓာတ်ကို တက်ကြွစေနိုင်ပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine

Related Posts

%%footer%%