ပရဟိတ လုပ္ေဆာင္ျခင္းရဲ႕ အက်ိဳးေက်းဇူးမ်ား

(Zawgyi)

ေစတနာ့၀န္ထမ္းအျဖစ္ ပရဟိတလုပ္ငန္းေတြ လုပ္ေဆာင္ျခင္း တနည္းအားျဖင့္ လုပ္အားေပးျခင္း (Volunteering) ဆိုတာကေတာ့ လူတစ္ေယာက္ ဒါမွမဟုတ္ အဖြဲ႕အစည္းတစ္ခုခုအတြက္ အက်ိဳးအျမတ္ရယူျခင္းမရွိပဲ ၀န္ေဆာင္မႈေပးတာ၊ လုပ္ငန္းလုပ္ေဆာင္ေပးတာကို ဆိုလိုပါတယ္။

Volunteering (ေစတနာ့၀န္ထမ္း)ဆိုတဲ့ စကားလံုးကေတာ့ ၁၈၅၁ ခုႏွစ္ အေမရိကန္ျပည္တြင္းစစ္ပြဲကာလမွာ စတင္ေပၚေပါက္လာခဲ့တာျဖစ္ပါတယ္။ ပညာေရး၀န္ထမ္းတစ္ဦးျဖစ္သူ Clara Barton က စတင္ၿပီး စစ္ပြဲအတြင္း ထိခိုက္ဒဏ္ရာရသူေတြနဲ႔ နာမက်န္းျဖစ္သူေတြကို အစားအေသာက္၊ အ၀တ္အစားနဲ႔ ေထာက္ပံ့ေရးပစၥည္းေတြ ပံ့ပိုးေပးတဲ့ လုပ္အားေပးအဖြဲ႕ကို ဖြဲ႔စည္းခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ အေမရိကန္ ၾကက္ေျခနီအဖြဲ႕အစည္းကို တည္ေထာင္ခဲ့ၿပီး သဘာ၀ေဘး ကယ္ဆယ္ေထာက္ပံ့ေရး ေစတနာ့၀န္ထမ္းအလုပ္ေတြကို စတင္လုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။

အခုခ်ိန္မွာေတာ့ ေစတနာ့၀န္ထမ္းအလုပ္ဟာ အက်ိဳးအျမတ္မယူတဲ့အဖြဲ႕အစည္းေတြရဲ႕ ပင္မေက်ာရိုးတစ္ခုျဖစ္ေနပါၿပီ။ လုပ္အားေပး ေစတနာ့၀န္ထမ္းလုပ္ျခင္းဟာ အမ်ားေကာင္းက်ိဳးလုပ္ေဆာင္တာျဖစ္တဲ့အတြက္ ကုသိုလ္ရတာ ေသခ်ာပါတယ္။ ဒါ့အျပင္ သင့္အတြက္ လက္ငင္း အက်ိဳးရွိေစႏိုင္တာေတြလည္း ရွိပါတယ္။ လုပ္အားေပးေစတနာ့၀န္တမ္း လုပ္ေဆာင္ျခင္းရဲ႕ အက်ိဳးေက်းဇူးေတြကို ေဖာ္ျပလိုက္ပါတယ္။

ကိုယ္ေရာစိတ္ပါ က်န္းမာေစတယ္။
သုေတသနရလဒ္ေတြအရ ေစတနာ့၀န္ထမ္းအလုပ္ဟာ သင့္ကို ကိုယ္ေရာစိတ္ပါ က်န္းမာေစၿပီး ခံစားမႈကို ပိုမိုေကာင္းမြန္ေစတယ္လို႔ ဆိုပါတယ္။ ေစတနာ့၀န္ထမ္းလုပ္သူေတြဟာ စိတ္ခံစားမႈ တိုးတက္ေကာင္းမြန္ၿပီး မိမိကိုယ္ကို ယုံၾကည္မႈ၊ တန္ဖိုးထားမႈလည္း ပိုအားေကာင္းၾကပါတယ္။ စိတ္ဖိစီးမႈကိုလည္း အေကာင္းဆံုး ေျဖေဖ်ာက္ႏိုင္ၾကၿပီး ပတ္၀န္းက်င္အသိုင္းအ၀ိုင္းနဲ႔လည္း ပိုမိုေကာင္းမြန္ခိုင္မာတဲ့ ဆက္ဆံေရးရွိၾကတာေၾကာင့္ အျခားသူေတြထက္ က်န္းမာေပ်ာ္ရႊင္ေနႏိုင္ၾကတာ ျဖစ္ပါတယ္။

အရည္အခ်င္းအသစ္ေတြ သင္ယူႏိုင္တယ္။
ေစတနာ့၀န္ထမ္းလုပ္ေဆာင္တဲ့အခါမွာ ပညာရပ္အသစ္ေတြ၊ အရည္အခ်င္းအသစ္ေတြ အမ်ားႀကီးကို ေလ့လာသင္ယူရပါတယ္။ ဒီအရည္အခ်င္းေတြကလည္း စာသင္ေက်ာင္းနဲ႔ တကၠသိုလ္ေတြမွာ သင္ယူလို႔မရႏိုင္တဲ့ ေျပာဆိုဆက္ဆံမႈစြမ္းရည္၊ အသင္းအဖြဲ႕လိုက္လုပ္ေဆာင္မႈစြမ္းရည္နဲ႔ အေျခအေနကို လိုက္ေလ်ာညီေထြေအာင္လုပ္ေဆာင္ႏိုင္မႈ စြမ္းရည္ စတဲ့အရည္အခ်င္းေတြ ျဖစ္ပါတယ္။ ပေရာဂ်က္တစ္ခုမွာ သူစိမ္းေတြနဲ႔အတူတူ အလုပ္လုပ္ရတာကလည္း သင့္ဘ၀အတြက္ အေရးပါတဲ့ အေတြ႕အၾကံနဲ႔ အရည္အခ်င္းေတြ တိုးတက္လာေစပါတယ္။

မိတ္ေဆြသူငယ္ခ်င္း အသစ္ေတြရႏိုင္တယ္။
ဒီအခ်က္ကေတာ့ ေစတနာ့၀န္ထမ္းလုပ္ေဆာင္ျခင္းရဲ႕ အဓိကအခ်က္တစ္ခုပဲျဖစ္ပါတယ္။ အင္တာနက္ေပၚမွာ မိတ္ေဆြသူငယ္ခ်င္းေတြမ်ားေပမယ့္ တကယ့္လက္ေတြ႕မွာ ထိေတြ႕ဆက္ဆံေနရတဲ့ ခင္မင္သူမိတ္ေဆြအေပါင္းအသင္းက သိပ္မ်ားမ်ားစားစားမရွိလွပါဘူး။ သင့္အသိမိတ္ေဆြေတြတင္သမွ်ကို Like ေပး၊ Comment ေပးေနတာက မ်က္ႏွာခ်င္းဆိုင္ထိုင္ၿပီးစကားေျပာၾကတာေလာက္ အက်ိဳးမရွိပါဘူး။ လုပ္အားေပး ေစတနာ့၀န္ထမ္းလုပ္ေဆာင္ရင္း ေတြ႕ဆံုၾကရသူေတြဟာ တူညီတဲ့လမ္းခရီးကို ေလွ်ာက္လွမ္းေနၾကသူေတြျဖစ္ၿပီး အျပန္အလွန္အားေပးကူညီတတ္တဲ့ ၀န္းက်င္တစ္ခုမွာ ရွိေနၾကတာျဖစ္တဲ့အတြက္ အရမ္းရင္းႏွီးၾကတဲ့ မိတ္ေဆြသူငယ္ခ်င္းေတြ ျဖစ္လာႏိုင္ပါတယ္။ လူအမ်ားစုဟာ မ်က္ႏွာခ်င္းဆိုင္ေတြ႕ဆံုစကားေျပာၾကရတဲ့ မိတ္ေဆြအေပါင္းအသင္း အနည္းငယ္သာရွိၾကပါတယ္။ အရင္းႏွီးဆံုးသူငယ္ခ်င္း၊ အခင္မင္ရဆံုးသူငယ္ခ်င္းဆိုတာေတြ သိပ္မရွိၾကေတာ့ပါဘူး။ လုပ္အားေပးလုပ္ငန္းေတြ၊ ပရဟိတလုပ္ငန္းေတြမွာ ေစတနာ့၀န္ထမ္းလုပ္ေဆာင္မယ္ဆိုရင္ေတာ့ စိတ္တူကုိယ္တူ မိတ္ေဆြသူငယ္ခ်င္းအသစ္ေတြရေစဖို႔ အခြင့္အလမ္းရလာမွာျဖစ္ပါတယ္။

ပိုၿပီးေတာ့ ေပ်ာ္ရႊင္ေအာင္ျမင္ေစႏိုင္တယ္
ေလ့လာမႈေတြအရ ေစတနာ့၀န္ထမ္းလုပ္ေဆာင္ခဲ့ဖူးသူေတြဟာ မလုပ္ခဲ့ဖူးသူေတြထက္ အလုပ္အကိုင္ရရွိမႈနဲ႔ လုပ္ငန္းခြင္အတြင္း တိုးတက္ေအာင္ျမင္မႈတို႔မွာ ပိုမိုမ်ားျပာတယ္လို႔ ဆိုပါတယ္။ လုပ္အားေပးအလုပ္ေတြ၊ ပရဟိတလုပ္ငန္းေတြကို လုပ္ေဆာင္ခဲ့ဖူးသူေတြဟာ လုပ္ငန္းခြင္က်င့္၀တ္ကို ပိုမိုနားလည္ၾကသလို ေျပာဆိုဆက္ဆံမႈစြမ္းရည္ ပိုမိုေကာင္းမြန္ၿပီး လုပ္ငန္းခြင္က လိုအပ္တဲ့ အရည္အခ်င္းေတြကိုလည္း အမွီျဖည့္စြမ္းႏိုင္စြမ္းရွိၾကတာေၾကာင့္ ျဖစ္ပါတယ္။

ေစတနာ့၀န္ထမ္းအလုပ္ဟာ ႏွစ္လမ္းသြား လမ္းေၾကာင္းတစ္ခုျဖစ္ပါတယ္။ သင့္အေနနဲ႔ အရည္အခ်င္းနဲ႔ အေတြ႕အၾကံသစ္ေတြ၊ မိတ္ေဆြအေပါင္းအသစ္ေတြ ရရွိႏိုင္ေပမယ့္ သင့္ရဲ႕အဖိုးတန္အခ်ိန္နဲ႔ ခြန္အားကို ျပန္ေပးဆပ္ႏိုင္ရမွာ ျဖစ္ပါတယ္။

ေယာက်ၤားေလးတိုင္း အားက်ၿပီး မိန္းကေလးတိုင္း ေတာင့္တေစမည့္
Gentleman Magazine


 

ပရဟိတ လုပ်ဆောင်ခြင်းရဲ့ အကျိုးကျေးဇူးများ

(Unicode)

စေတနာ့၀န်ထမ်းအဖြစ် ပရဟိတလုပ်ငန်းတွေ လုပ်ဆောင်ခြင်း တနည်းအားဖြင့် လုပ်အားပေးခြင်း (Volunteering) ဆိုတာကတော့ လူတစ်ယောက် ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုခုအတွက် အကျိုးအမြတ်ရယူခြင်းမရှိပဲ ၀န်ဆောင်မှုပေးတာ၊ လုပ်ငန်းလုပ်ဆောင်ပေးတာကို ဆိုလိုပါတယ်။

Volunteering (စေတနာ့၀န်ထမ်း)ဆိုတဲ့ စကားလုံးကတော့ ၁၈၅၁ ခုနှစ် အမေရိကန်ပြည်တွင်းစစ်ပွဲကာလမှာ စတင်ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ ပညာရေး၀န်ထမ်းတစ်ဦးဖြစ်သူ Clara Barton က စတင်ပြီး စစ်ပွဲအတွင်း ထိခိုက်ဒဏ်ရာရသူတွေနဲ့ နာမကျန်းဖြစ်သူတွေကို အစားအသောက်၊ အ၀တ်အစားနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ပံ့ပိုးပေးတဲ့ လုပ်အားပေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အမေရိကန် ကြက်ခြေနီအဖွဲ့အစည်းကို တည်ထောင်ခဲ့ပြီး သဘာ၀ဘေး ကယ်ဆယ်ထောက်ပံ့ရေး စေတနာ့၀န်ထမ်းအလုပ်တွေကို စတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

အခုချိန်မှာတော့ စေတနာ့၀န်ထမ်းအလုပ်ဟာ အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်းတွေရဲ့ ပင်မကျောရိုးတစ်ခုဖြစ်နေပါပြီ။ လုပ်အားပေး စေတနာ့၀န်ထမ်းလုပ်ခြင်းဟာ အများကောင်းကျိုးလုပ်ဆောင်တာဖြစ်တဲ့အတွက် ကုသိုလ်ရတာ သေချာပါတယ်။ ဒါ့အပြင် သင့်အတွက် လက်ငင်း အကျိုးရှိစေနိုင်တာတွေလည်း ရှိပါတယ်။ လုပ်အားပေးစေတနာ့၀န်တမ်း လုပ်ဆောင်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြလိုက်ပါတယ်။

ကိုယ်ရောစိတ်ပါ ကျန်းမာစေတယ်။
သုတေသနရလဒ်တွေအရ စေတနာ့၀န်ထမ်းအလုပ်ဟာ သင့်ကို ကိုယ်ရောစိတ်ပါ ကျန်းမာစေပြီး ခံစားမှုကို ပိုမိုကောင်းမွန်စေတယ်လို့ ဆိုပါတယ်။ စေတနာ့၀န်ထမ်းလုပ်သူတွေဟာ စိတ်ခံစားမှု တိုးတက်ကောင်းမွန်ပြီး မိမိကိုယ်ကို ယုံကြည်မှု၊ တန်ဖိုးထားမှုလည်း ပိုအားကောင်းကြပါတယ်။ စိတ်ဖိစီးမှုကိုလည်း အကောင်းဆုံး ဖြေဖျောက်နိုင်ကြပြီး ပတ်၀န်းကျင်အသိုင်းအ၀ိုင်းနဲ့လည်း ပိုမိုကောင်းမွန်ခိုင်မာတဲ့ ဆက်ဆံရေးရှိကြတာကြောင့် အခြားသူတွေထက် ကျန်းမာပျော်ရွှင်နေနိုင်ကြတာ ဖြစ်ပါတယ်။

အရည်အချင်းအသစ်တွေ သင်ယူနိုင်တယ်။
စေတနာ့၀န်ထမ်းလုပ်ဆောင်တဲ့အခါမှာ ပညာရပ်အသစ်တွေ၊ အရည်အချင်းအသစ်တွေ အများကြီးကို လေ့လာသင်ယူရပါတယ်။ ဒီအရည်အချင်းတွေကလည်း စာသင်ကျောင်းနဲ့ တက္ကသိုလ်တွေမှာ သင်ယူလို့မရနိုင်တဲ့ ပြောဆိုဆက်ဆံမှုစွမ်းရည်၊ အသင်းအဖွဲ့လိုက်လုပ်ဆောင်မှုစွမ်းရည်နဲ့ အခြေအနေကို လိုက်လျောညီထွေအောင်လုပ်ဆောင်နိုင်မှု စွမ်းရည် စတဲ့အရည်အချင်းတွေ ဖြစ်ပါတယ်။ ပရောဂျက်တစ်ခုမှာ သူစိမ်းတွေနဲ့အတူတူ အလုပ်လုပ်ရတာကလည်း သင့်ဘ၀အတွက် အရေးပါတဲ့ အတွေ့အကြံနဲ့ အရည်အချင်းတွေ တိုးတက်လာစေပါတယ်။

မိတ်ဆွေသူငယ်ချင်း အသစ်တွေရနိုင်တယ်။
ဒီအချက်ကတော့ စေတနာ့၀န်ထမ်းလုပ်ဆောင်ခြင်းရဲ့ အဓိကအချက်တစ်ခုပဲဖြစ်ပါတယ်။ အင်တာနက်ပေါ်မှာ မိတ်ဆွေသူငယ်ချင်းတွေများပေမယ့် တကယ့်လက်တွေ့မှာ ထိတွေ့ဆက်ဆံနေရတဲ့ ခင်မင်သူမိတ်ဆွေအပေါင်းအသင်းက သိပ်များများစားစားမရှိလှပါဘူး။ သင့်အသိမိတ်ဆွေတွေတင်သမျှကို Like ပေး၊ Comment ပေးနေတာက မျက်နှာချင်းဆိုင်ထိုင်ပြီးစကားပြောကြတာလောက် အကျိုးမရှိပါဘူး။ လုပ်အားပေး စေတနာ့၀န်ထမ်းလုပ်ဆောင်ရင်း တွေ့ဆုံကြရသူတွေဟာ တူညီတဲ့လမ်းခရီးကို လျှောက်လှမ်းနေကြသူတွေဖြစ်ပြီး အပြန်အလှန်အားပေးကူညီတတ်တဲ့ ၀န်းကျင်တစ်ခုမှာ ရှိနေကြတာဖြစ်တဲ့အတွက် အရမ်းရင်းနှီးကြတဲ့ မိတ်ဆွေသူငယ်ချင်းတွေ ဖြစ်လာနိုင်ပါတယ်။ လူအများစုဟာ မျက်နှာချင်းဆိုင်တွေ့ဆုံစကားပြောကြရတဲ့ မိတ်ဆွေအပေါင်းအသင်း အနည်းငယ်သာရှိကြပါတယ်။ အရင်းနှီးဆုံးသူငယ်ချင်း၊ အခင်မင်ရဆုံးသူငယ်ချင်းဆိုတာတွေ သိပ်မရှိကြတော့ပါဘူး။ လုပ်အားပေးလုပ်ငန်းတွေ၊ ပရဟိတလုပ်ငန်းတွေမှာ စေတနာ့၀န်ထမ်းလုပ်ဆောင်မယ်ဆိုရင်တော့ စိတ်တူကိုယ်တူ မိတ်ဆွေသူငယ်ချင်းအသစ်တွေရစေဖို့ အခွင့်အလမ်းရလာမှာဖြစ်ပါတယ်။

ပိုပြီးတော့ ပျော်ရွှင်အောင်မြင်စေနိုင်တယ်
လေ့လာမှုတွေအရ စေတနာ့၀န်ထမ်းလုပ်ဆောင်ခဲ့ဖူးသူတွေဟာ မလုပ်ခဲ့ဖူးသူတွေထက် အလုပ်အကိုင်ရရှိမှုနဲ့ လုပ်ငန်းခွင်အတွင်း တိုးတက်အောင်မြင်မှုတို့မှာ ပိုမိုများပြာတယ်လို့ ဆိုပါတယ်။ လုပ်အားပေးအလုပ်တွေ၊ ပရဟိတလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ဖူးသူတွေဟာ လုပ်ငန်းခွင်ကျင့်၀တ်ကို ပိုမိုနားလည်ကြသလို ပြောဆိုဆက်ဆံမှုစွမ်းရည် ပိုမိုကောင်းမွန်ပြီး လုပ်ငန်းခွင်က လိုအပ်တဲ့ အရည်အချင်းတွေကိုလည်း အမှီဖြည့်စွမ်းနိုင်စွမ်းရှိကြတာကြောင့် ဖြစ်ပါတယ်။

စေတနာ့၀န်ထမ်းအလုပ်ဟာ နှစ်လမ်းသွား လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။ သင့်အနေနဲ့ အရည်အချင်းနဲ့ အတွေ့အကြံသစ်တွေ၊ မိတ်ဆွေအပေါင်းအသစ်တွေ ရရှိနိုင်ပေမယ့် သင့်ရဲ့အဖိုးတန်အချိန်နဲ့ ခွန်အားကို ပြန်ပေးဆပ်နိုင်ရမှာ ဖြစ်ပါတယ်။

ယောကျၤားလေးတိုင်း အားကျပြီး မိန်းကလေးတိုင်း တောင့်တစေမည့်
Gentleman Magazine