(Zawgyi)
၂။ ရေဓာတ်ပြည့်ဝနေပါစေ။
[sg_popup id=6]
Gentleman Magazine
_____________________________________
ဘားမသွားခင် သိထားသင့်တဲ့ အချက်များ
(Unicode)
၁။ ဘာပဲသောက်သောက် ချင့်ချိန်ပြီးသောက်ပါ။
ဘားကို ရောက်ပြီဆိုရင် စကားတစ်ပြောပြောနဲ့ တစ်ခွက်ပြီးတစ်ခွက် ဘယ်နှစ်ခွက်မှန်းမသိအောင် သောက်မိဖို့ လွယ်ပါတယ်။ ဒါပေမယ့် တစ်ခါသောက်ရင် ၁၀ ပက် သို့မဟုတ် ၁၀ ခွက်အောက်ပဲ သောက်သုံးသင့်တယ်လို့ အဟာရပညာရှင်တွေက အကြံပြုထားပါတယ်။ ဘာကြောင့်လဲဆိုရင် အရက်နဲ့ အခြားအဖျော်ယမကာတွေကို အလွန်အကျွံသောက်သုံးခြင်းက သင့်ရဲ့ဦးနှောက်စပြီး ကြွက်သားတွေ၊ နှလုံးနဲ့ ဖွားဖက်တော်ရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တာကြောင့် ဖြစ်ပါတယ်။
၂။ ရေဓာတ်ပြည့်ဝနေပါစေ။
အယ်ကိုဟောဓာတ်ပါ၀င်တဲ့ အဖျော်ယမကာတစ်ခုခုကို တစ်ကြိမ်သောက်ပြီးတိုင်း ရေတစ်ဖန်ခွက်သောက်သုံး ပေးသင့်ပါတယ်။ ဒီလိုဆိုရင် နောက်တစ်နေ့မနက်မှာ အရက်နာကျနေမှာကို ပူစရာမလိုတော့ပါဘူး။
၃။ သကြားဓာတ်ပါ၀င်တဲ့ ဖျော်ရည်တွေကို ရှောင်ပါ။
ဗော့ကာ ကရန်ဘယ်ရီ၊ ရမ်နဲ့ ကိုကာကိုလာ၊ ဂျင်နဲ့ တောနစ် စသဖြင့် အချိုရည်တွေနဲ့ ဆော်ဒါတွေ ရောသောက်တာကို တတ်နိုင်သ၍ ရှောင်ရမှာဖြစ်ပါတယ်။ သကြားဓာတ်လွဲကဲစွာ မှီဝဲခြင်းက နှလုံးရောဂါအမျိုးမျိုးကို ဖြစ်စေနိုင်သလို အသည်းနဲ့ သွားကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ကိုယ်အလေးချိန်ကိုလည်း တိုးလာစေနိုင်ပါတယ်။
၄။ Night out မထွက်ခင် အစားစားပါ
ယမကာတစ်ခုခု သောက်သုံးပြီးသွားရင် အစားကို အလွန်အကျွံစားမိနိုင်ချေ ပိုများပါတယ်။ ဒါ့ကြောင့် ညဖက်ထွက်ပြီး ဘားသွားမထိုင်မှာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အရသာရှိတဲ့စားစရာတစ်ခုခုကို စားပြီးမှ သွားတာအကောင်းဆုံးပါပဲ။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine
Related Posts
%%footer%%