ကိုယ်ဝန်ရခြင်းနှင့်သက်ဆိုင်သော ယုံတမ်းအမှားများ

အဆင်သင့်မဖြစ်သေးချိန်မှာ ကိုယ်ဝန်ရခြင်းဟာ ချစ်သူစုံတွဲ/အိမ်ထောင်သည်တွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒီလို မလိုချင်တဲ့ ကိုယ်ဝန်မရစေဖို့ သန္ဓေတားနည်းလမ်းတွေကို စနစ်တကျ အသုံးပြုဖို့ လိုအပ်ပါတယ်။

ဒါပေမယ့် အသိမှား၊ အမှတ်မှားနဲ့ သိထားတတ်ကြတဲ့ သန္ဓေတားခြင်းဆိုင်ရာ နည်းလမ်းနဲ့ ယုံတမ်းစကားတွေကြောင့် မလိုချင်သေးပဲ ကိုယ်ဝန်ရနိုင်ချေပိုများလာစေနိုင်သလို ကျန်းမာရေးအတွက်သာမက ဘဝရှင်သန်ရပ်တည်မှုမှာပါ လမ်းကြောင်းအတိမ်းအစောင်း ဖြစ်သွားစေတတ်ပါတယ်။

ဒါ့ကြောင့် ကိုယ်ဝန်ရခြင်းနဲ့ပတ်သက်ပြီး လူအများစု မှားယွင်း သိမှတ်ထားတဲ့အချက်အလက်တွေရဲ့ တကယ့်အမှန်တရားကို ရှင်းလင်းဖွင့်ဆိုပြထားတာဖြစ်ပါတယ်။

မပြီးခင်ကြိုထွက်တဲ့ သုက်ရည်ကြည်ကြောင့် ကိုယ်ဝန်မရနိုင်ဘူး ဒါက မှားယွင်းတဲ့ အချက်အလက်တစ်ခုပါ။ ကာမဆန္ဒမပြီးခင် စိတ်လှုပ်ရှားမှုကြောင့် ထွက်တဲ့ သုက်မှာလည်း သုက်ပိုးလေးတွေ ပါဝင်နေတာကြောင့် ကိုယ်ဝန်ရနိုင်ပါတယ်။ အမျိုးသား ၄၀% လောက်ဟာ လိင်အင်္ဂါစတင်တောင်မတ်စဉ် ဒါမှမဟုတ် လိင်ဆက်ဆံနေစဉ်မှာ pre-ejaculate ဖြစ်တတ်ပါတယ်။

ရာသီလာချိန်မှာ ဆက်ဆံရင် ကိုယ်ဝန်မရဘူး ဒီအချက်ကလည်း လုံးဝမရနိုင်ဘူးလို့ မဆိုလိုပါဘူး။ ကိုယ်ဝန်ရနိုင်ခြေ နည်းပါးတာသာဖြစ်ပါတယ်။

စအိုနဲ့ လိင်ဆက်ဆံရင် ကိုယ်ဝန်မရဘူး

မှန်သလိုလိုရှိပေမယ့် ၁၀၀% အပြည့်အဝတော့ မဟုတ်ပါဘူး။ ဖြစ်နိုင်ခြေ အနည်းငယ်ရှိတယ်ဆိုတာကို မမေ့ဖို့ လိုအပ်ပါတယ်။ စအိုနဲ့လိင်ဆက်ဆံရာမှာ ကိုယ်နေဟန်အနေအထားကြောင့် သုက်ရည်တွေ စအိုဝကနေ မအင်္ဂါထဲကို မတော်တဆဝင်သွားတဲ့အခါ ကိုယ်ဝန်ရနိုင်ချေရှိပါသေးတယ်။

သုက်ရည်ကို မျိုချမိရင် ကိုယ်ဝန်ရနိုင်တယ်

ပါးစပ်နဲ့ လိင်ဆက်ဆံချိန်မျိုးမှာ သုက်ရည်မျိုချမိတာမျိုးဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီအချက်ကြောင့်တော့ ကိုယ်ဝန်မရနိုင်ပါဘူး။ မျိုချလိုက်တဲ့သုက်ရည်ဟာ အစာအိမ်ထဲကိုရောက်သွားမှာဖြစ်ပြီး အစားအစာတွေလိုပဲ ခြေဖျက်ခံရမှာပါ။

လိင်ဆက်ဆံချိန် အဝတ်အစားဝတ်ထားရင် ကိုယ်ဝန်ရနိုင်ခြေနည်းတယ်မအင်္ဂါကို ထိုးသွင်းမှုမရှိပဲ လိင်ဆက်ဆံတာမျိုးပြုလုပ်စဉ်မှာ အဝတ်အစားဝတ်ဆင်ထားမယ်ဆိုရင် ကိုယ်ဝန်ရနိုင်ခြေနည်းပါးတာ အမှန်ပါ။

မီးဖွားပြီးခါစ/နို့တိုက်မိခင်ဖြစ်နေတာမို့ ကိုယ်ဝန်မရနိုင်ဘူးမီးဖွားပြီး ပထမ ၃ လ အတွင်းမှာဆိုရင် အခွင့်အလမ်းနည်းပါးတယ်လို့သာ ဆိုရမှာပါ။ နောက်ပိုင်းကာလတွေမှာတော့ ကိုယ်ဝန်ပြန်ရနိုင်ခြေက ပုံမှန်ပါပဲ။

အမျိုးသမီးဖြစ်သူ ကာမဆန္ဒအထွတ်အထိပ်မရောက်ရင် ကိုယ်ဝန်မရနိုင်ဘူး လိင်ဆန္ဒအထွတ်အထိပ်ရောက်တာနဲ့ ကိုယ်ဝန်ရတာနဲ့က ဆက်စပ်မှုမရှိဘူးလို့ ဆိုရမှာပါ။ ကိုယ်ဝန်ရနိုင်ခြေက သဘာဝအတိုင်းဆက်ရှိနေမှာပါ။

လိင်ဆက်ဆံပြီး မအင်္ဂါကိုဆေးကြောပစ်ရင် ကိုယ်ဝန်မရနိုင်ဘူးလူတချို့က ကိုယ်ဝန်မရအောင် ဒီနည်းလမ်းကို အသုံးပြုကြပါတယ်။ တကယ်တော့ သုက်ပိုးတွေဟာ အလွန်လျင်မြန်စွာသွားလာနိုင်တဲ့ သတ္တဝါလေးတွေဖြစ်ပြီး ဆက်ဆံလို့ပြီးပြီးချင်းမှာ ဆေးကြောပစ်မယ်ဆိုရင်တောင်မှ မမီနိုင်သလို သုက်တွေအားလုံးကိုလည်း ဖယ်ရှားနိုင်မှာမဟုတ်တာကို သိနားလည်ထားဖို့ လိုအပ်ပါတယ်။

သားဥကြွေချိန်က တစ်ရက်တည်းမို့ ကိုယ်ဝန်ရနိုင်ခြေက တစ်လမှာ တစ်ရက်ပဲ ရှိတယ်အမျိုးသမီးတွေရဲ့ အဓိကသားဥကြွေချိန်က တစ်လမှာ တစ်ရက်တည်းဆိုတာမှန်ပေမယ့် သုက်ပိုးက ခန္ဓာကိုယ်ထဲမှာ ၅ ရက်အထိ ရှင်သန်နိုင်တာကို မမေ့ဖို့ လိုအပ်ပါတယ်။ နောက်ထပ်တစ်ချက်ကတော့ သားဥကြွေတဲ့ရက်ကလည်း တစ်လနဲ့တစ်လ မတူညီပါဘူး။ ဒါကြောင့် ပဋိသန္ဓေတားတဲ့နည်းလမ်းတွေကို အသုံးချနေကြရတာပါ။

လိင်ဆက်ဆံပုံပေါ်မူတည်ပြီး ကိုယ်ဝန်ရနိုင်ခြေ ကွာတယ်မတ်တပ်ရပ် လိင်ဆက်ဆံတာမျိုး၊ အမျိုးသမီးက အပေါ်ကနေ ဆက်ဆံတာမျိုးတွေကြောင့် ကိုယ်ဝန်မရနိုင်ဘူးဆိုတာက မှားပါတယ်။ မိန်းမကိုယ်အတွင်းမှာ သုက်ပိုးကျန်ခဲ့မယ်ဆိုရင် ဘယ်လိုဆက်ဆံပုံနဲ့ပဲဖြစ်ဖြစ် ကိုယ်ဝန်ရနိုင်ပါတယ်။

ကွန်ဒုံးမရှိရင် ပက်လတ်စတစ် ဒါမှမဟုတ် ပူဖောင်းကို သုံးနိုင်တယ်ကွန်ဒုံးမဟုတ်တဲ့ တခြားပစ္စည်းတွေနဲ့ လုံးဝမစမ်းသပ်သင့်ပါဘူး။ ကိုယ်ဝန်ရနိုင်ခြေကို မတားဆီးနိုင်သလို အမျိုးသမီးကိုလည်း မတော်တဆထိခိုက်စေနိုင်ပါတယ်။

ပထမဆုံးအကြိမ်မှာတင် ကိုယ်ဝန်ရနိုင်တယ်

အကာအကွယ်မရှိပဲ လိင်ဆက်ဆံမယ်ဆိုရင် ဘယ်နှစ်ကြိမ်မြောက်မှာဖြစ်ဖြစ် ကိုယ်ဝန်ရနိုင်ခြေက အတူတူပါပဲ။

လိင်ဆက်ဆံပြီး ရေချိုးတာ၊ ဆီးသွားတာတွေက ကိုယ်ဝန်ရနိုင်ခြေနည်းစေတယ် မဟုတ်ပါဘူး။ ရေချိုးတာက ခန္ဓာကိုယ်ရဲ့ အပြင်ဘက်ကိုသာ သန့်စင်ပေးနိုင်ပါတယ်။ မိန်းမကိုယ်ရဲ့ အတွင်းပိုင်းအထိ မသန့်စင်ပေးနိုင်ပါဘူး။ ဆီးသွားခြင်းကလည်း သုက်ပိုးတွေကို မဖယ်ရှားပေးနိုင်ပါဘူး။

မိန်းကလေးတိုင်းတောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

Related Posts

%%footer%%