အကြမ်းအတမ်းခံပြီး မဆုတ်မနစ်လုံ့လရှိသူတွေကို ကြံ့ခိုင်သူတွေအဖြစ် သတ်မှတ်လေ့ရှိပါတယ်။ ဒါပေမယ့် ဒီသတ်မှတ်ချက်က အလုံးစုံတော့မှန်နေတာ မဟုတ်ပါဘူး။ လူတစ်ယောက်အောင်မြင်ဖို့ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုထက် စိတ်ခံစားမှုပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက ပိုအရေးကြီးတာကို တွေ့ရှိလာကြပါတယ်။ စိတ်ခံစားမှုကြံ့ခိုင်တယ်ဆိုတာ ခံစားချက်တွေကို ကောင်းကောင်းထိန်းချုပ်ကိုင်တွယ်နိုင်ပြီး လိုအပ်သလို ဖော်ပြနိုင်စွမ်း ရှိတာကိုဆိုလိုပါတယ်။ ဒါ့ကြောင့် စိတ်ဓာတ် ကြံ့ခိုင်သူတွေမှာ ဘယ်လိုလက္ခဏာတွေ ရှိလဲဆိုတာ ဖော်ပြလိုက်ပါတယ်။
ခံစားချက်တွေ ဖော်ပြဖို့ ဘယ်တော့မှ မကြောက်ဘူး
သင့်ရဲ့ခံစားချက်တွေနဲ့ သူတို့ကို ဖော်ပြတာဟာ အားနည်းချက်တစ်ခုလို့ သတ်မှတ်မထားဘူးဆိုတာရင် သင်ဟာ စိတ်ဓာတ်ကြံ့ခိုင်သူပါပဲ။ စိတ်ခံစားမှုတွေဟာ လူတိုင်းရဲ့နေ့စဉ်ဘဝမှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒါတွေကို ထုတ်ဖော်ပြသဖို့ ကြောက်မနေသင့်ပါဘူး။ ခံစားချက်တွေကို မျိုသိပ်ထားတာထက် လိုအပ်သလို ဖော်ပြသင့်ပါတယ်။
ကိုယ့်တန်ဖိုး ကိုယ်သိတယ်စိတ်ခံစားမှုကြံ့ခိုင်တယ်
ဆိုတာ သင့်ကိုယ်သင် လေးစားမှုရှိပြီး ကိုယ်ပိုင်ကန့်သတ်ချက်တွေ ထားရှိခြင်းပဲ ဖြစ်ပါတယ်။ သင့်အပေါ်မှာ မလေးမစားလုပ်တာ၊ နှိမ့်ချဆက်ဆံတာတွေကို လက်မခံနိုင်တာမျိုး ဖြစ်ပါတယ်။ သင့်ရဲ့ ကိုယ်ပိုင်တန်ဖိုးကို သိထားပြီး တန်ဖိုးမထားသူတွေနဲ့ ကင်းအောင်နေလေ့ရှိရင် စိတ်ဓာတ်ကြံ့ခိုင်တဲ့ လက္ခဏာပါပဲ။
ရှေ့ဆက်နိုင်တယ်
လူတစ်ယောက်ရဲ့ ဘဝမှာ နာကျင်ခက်ခဲမှုတွေ မရှိပဲ မဖြစ်နိုင်သလို ပျော်စရာတွေ လုံးဝကင်းမဲ့နေတာလည်း မဖြစ်နိုင်ပါဘူး။ စိတ်ဓာတ်ကြံ့ခိုင်သူတွေကတော့ သူတို့ဘဝမှာ ဘယ်လိုအခက်အခဲအတားအဆီးတွေပဲ ကြုံရပါစေ ရှေ့ဆက်နိုင်စွမ်းရှိကြပါတယ်။ သင်ခန်းစာယူပြီး ပိုကောင်းတဲ့အနာဂတ်ကို တည်ဆောက်ကြပါတယ်။
နာကျင်မှုတွေကို အသိအမှတ်ပြု ကုစားတတ်တယ်
စိတ်ဓာတ်ကြံ့ခိုင်သူတွေက နာကျင်မှုတွေကို အသိအမှတ်ပြုပြီး သေချာကုစားတတ်ကြပါတယ်။ ဘယ်လိုခံစားနေရလဲဆိုတာ နားလည်ပြီး နာကျင်မှုကို ကုစားနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေလေ့ရှိပါတယ်။ တစ်ယောက်တည်းကျိတ်ခံစားမနေပဲ လိုအပ်တဲ့အကူအညီကို ရယူတတ်ကြပါတယ်။
ခံစားချက်တွေကို ကိုင်တွယ်နိုင်မယ့် နည်းလမ်းတွေရှိတယ်
စိတ်ဓာတ်ကြံ့ခိုင်သူတွေက သူတို့ရဲ့ခံစားချက်တွေကို နားလည်အောင်ကြိုးစားပြီး ဖော်ပြနိုင်မယ့် အကောင်းဆုံးနည်းလမ်းကို ရှာဖွေလေ့ရှိပါတယ်။ ခံစားချက်ကို ထုတ်ပြောတာ၊ ချရေးတာ၊ စိုးရိမ်နေတဲ့ကိစ္စအတွက် ကြိုတင်ပြင်ဆင်ထားတာ စသဖြင့် သူတို့ရဲ့ စိတ်ခံစားချက်ကို ကိုင်တွယ်ဖြေရှင်းတတ်ကြပါတယ်။
မိန်းကလေးတိုင်းတောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့
Gentleman Magazine