လူဆိုးထက်ကြောက်ဖို့ကောင်းတဲ့ လူကောင်းတွေ

လူသားချင်းစာနာမှု တဖြည်းဖြည်းနည်းပါးပျောက်ကွယ်လာနေတဲ့ ကမ္ဘာကြီးမှာ လူဆိုးတွေထက် လူကောင်းတွေကို ပိုပြီး သတိထားသင့်တယ်ဆိုရင် မအံ့သြသွားပါနဲ့။ တခါတလေမှာ လူတွေက သင့်အပေါ်ကို ချိုသာကောင်းမွန်နေပေမယ့် သူတို့ရဲ့အတွင်းစိတ်က တမျိုးဖြစ်နေတတ်ပါတယ်။ သင် ငယ်စဉ်က သူစိမ်းတွေနဲ့ စကားမပြောဖို့၊ ခေါ်ရင်မလိုက်ဖို့ သင်ကြားခံခဲ့ရပေမယ့် ခင်မင်ရင်းနှီးပြီးသားသူတွေ နောက်ကျောကို ဓားနဲ့ ထိုးတာက သူစိမ်းတွေထက် ပိုကြောက်ဖို့ကောင်းပါတယ်။

ဒါ့ကြောင့် သင့်အပေါ်မှာ အမှန်တကယ်ကောင်းတဲ့သူတွေနဲ့ တစ်ခုခုလိုချင်လို့ ကောင်းချင်ယောင်ဆောင်နေတဲ့ အတုယောင်တွေကို ခွဲခြားနိုင်မယ့် အချက်တစ်ချို့ကို ဖော်ပြလိုက်ပါတယ်။

ရာထူးအာဏာရှိသူတွေကို ဘယ်လိုဆက်ဆံလဲ သတိထားကြည့်ပါ

သင်နဲ့ ဆက်ဆံနေရသူက စားသောက်ဆိုင်စားပွဲထိုးတွေ၊ အငှားယာဉ်မောင်းတွေလို ရာထူးအာဏာမရှိတဲ့ သာမန်လူတွေကို ဘယ်လိုဆက်ဆံလဲဆိုတာကို စောင့်ကြည့်ပါ။ သူတို့ကို လေးစားသမှုနဲ့ ပုံမှန်အတိုင်းဆက်ဆံတယ်ဆိုရင် သဘောထားမှန်သူတစ်ယောက် ဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ သာမန်လူတွေကို မတူသလို မတန်သလို နှိမ်ချဆက်ဆံပြီး ရာထူးအာဏာရှိသူတွေ၊ သူဌေးတွေကို လိုတာထက်ပိုယဉ်ကျေးပျူငှာပြီး မြှောက်ပင့်ဆက်ဆံတတ်သူဆိုရင် အတုယောင်ပဲ ဖြစ်ပါတယ်။

လူတွေ သဘောကျလာအောင် လုပ်လေ့ရှိလား စောင့်ကြည့်ပါ

သဘောထားမှန်သူတွေက သူတို့ကို လူတွေ ဘယ်လိုထင်မလဲဆိုတာကို သိပ်အလေးမထားတတ်ကြပါဘူး။ သူတို့ရဲ့ ကိုယ်ပိုင်ဖြစ်တည်မှု၊ ရပ်တည်ချက်အတိုင်း သက်တောင့်သက်သာရှိပြီး လူတွေအကြိုက်ကို လိုက်ပြီးပြောင်းလဲလေ့မရှိပါဘူး။ အယောင်ဆောင်ကောင်းသူတွေကတော့ ပတ်ဝန်းကျင်က လူတွေ သဘောကျအောင် အချိန်တိုင်းကြိုးစားနေလေ့ရှိပါတယ်။ သူတို့က လိုအပ်တာထက် ပိုပြီးသဘောကောင်းပြတာ၊ ရီစရာလုပ်ပြတာ၊ လူတွေနဲ့ အလိုက်အထိုက်နေတာတွေ လုပ်တတ်ကြပါတယ်။

အယောင်ဆောင်ကောင်းသူတွေက အာရုံစိုက်ခံချင်ကြတယ်

အယောင်ဆောင်ကောင်းသူတွေက လူတွေရဲ့ အာရုံစိုက်မှုကို ရဖို့ သူတို့အကြောင်းတွေကိုပဲ ပြောနေချင်ကြပါတယ်။ လိုတာထက်ပိုပြီး သဘောကောင်းပြသလို ဟာသတွေလည်း လုပ်တတ်ကြပါတယ်။ သဘောထားမှန်သူတွေကတော့ အခန်းထောင့်တစ်နေရာမှာ ထိုင်ပြီး ဖြစ်ပျက်သမျှကို အေးဆေး နားထောင်သတိပြုနေတတ်သူတွေဖြစ်ပါတယ်။

အယောင်ဆောင်ကောင်းသူတွေက ကြွားဝါတတ်တယ်၊ အတင်းပြောတတ်တယ်

အယောင်ဆောင်ကောင်းသူတွေက လူတွေကြားမှာ ထင်ပေါ်စေဖို့ သူတို့ရဲ့အောင်မြင်မှုတွေ၊ ပိုင်ဆိုင်မှုတွေအကြောင်းကို မမေးလည်း ထုတ်ပြောတတ်ကြသူတွေဖြစ်ပါတယ်။ ဘာမှမဆိုင်တဲ့အကြောင်းအရာတွေကိုလည်း သူတို့အကြောင်း ထုတ်ပြောဖို့ အတင်းဆွဲပြောတတ်ကြသူတွေ ဖြစ်ပါတယ်။ ဒါ့အပြင် တခြားသူတွေရဲ့ မကောင်းကြောင်းတွေပြောဆိုပြီး သူတို့ကိုယ်သူတို့ ဂုဏ်တင်လေ့ရှိပါတယ်။

သဘောထားမှန်သူတွေက အခြားသူတွေကို အသိအမှတ်ပြုပေးကြတယ်

သဘောထားမှန်သူတွေက လူတွေကို ထိုက်သင့်တဲ့ ချီးကျူးဂုဏ်ပြုစကားပြောဖို့ နောက်တွန့်မနေတတ်ကြပါဘူး။ အယောင်ဆောင်ကောင်းသူတွေတော့ တဖက်သူရဲ့အောင်မြင်မှုကို မနာလိုဖြစ်ပြီး ပြစ်ချက်တွေကို ဝေဖန်ဖို့ပဲ ကြိုးစားနေတတ်ကြပါတယ်။

အယောင်ဆောင်ကောင်းသူတွေက ကတိမတည်ကြဘူး

အယောင်ဆောင်ကောင်းသူတွေက သူတို့အမှန်တကယ်မတည်နိုင်တဲ့ ကတိတွေကို အလွယ်တကူပေးတတ်ကြပါတယ်။ သဘောထားမှန်သူတွေကတော့ ကတိကို လွယ်လွယ်မပေးတတ်သလို ပေးပြီးတဲ့ကတိကိုလည်း တည်ကြပါတယ်။

မိန်းကလေးတိုင်းတောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

Related Posts

%%footer%%