အမျိုးသားများ ယောက်ျားပီသဖို့…

အမျိုးသားများ ယောက်ျားမပီသမှုသည် လိင်ဆက်ဆံရာတွင်စွမ်းဆောင်နိုင်မှုရှိမရှိကို ဆိုလိုသည်ဟု ထင်မှတ်ကြပါတယ်။ တကယ်တမ်းမှာတော့ ယောက်ျားများရဲ့ သုက်ရည်ထဲတွင် သုက်ပိုးရှိမရှိသည် ပိုအရေးကြီးပါတယ်။ သုက်ပိုးသည် ကလေးရရှိစေရန် အထူးအရေးကြီးပါတယ်။ ကိုယ်ဝန်ရမရသည် အမျိုးသမီးတစ်ဦးတည်းသာ သက်ဆိုင်သည်ဟုယူဆမရပါ။ အမျိုးသာသုက်ပိုးသည်လည်း အဓိကသက်ဆိုင်ပါတယ်။

သုက်ပိုးသည် သုက်ရည်ထဲတွင်ပါဝင်သော မျိုးပွားနိုင်သော ဆဲလ်တစ်မျိုးဖြစ်ပါတယ်။ သုက်ပိုးပါမပါ စစ်ဆေးခြင်းနှင့် သုက်ပိုးကောင်ရေစစ်ခြင်းသည် ကိုယ်ဝန်မရသူများအတွက် လိုအပ်ပါတယ်။ ပုံမှန်သုက်ပိုးအကောင်ရေသည် တစ်မီလီမီတာကို သန်း ၄၀ မှ သန်း ၃၀၀ ထိ ရှိသင့်ပါတယ်။

သုက်ရည်ထဲ သုက်ပိုးစစ်ဆေးရသော အကြောင်းရင်းများမှာ ကိုယ်ဝန်ရနိုင်မရနိုင် စစ်ဆေးခြင်းနှင့် ခွဲစိတ်မူပြုလုပ်ပြီးနောက် မျိုးအောင်မအောင်ပြန်လည်စစ်ဆေးရန် ပြုလုပ်ပါတယ်။

ပုံမှန်သုက်ပိုးကောင်ရေ ဘယ်လောက်ရှိသင့်လဲ?

ပုံမှန်သုက်ပိုးအကောင်ရေသည် တစ်မီလီမီတာကို သန်း ၄၀ မှ သန်း ၃၀၀ ထိ ရှိသင့်ပါတယ်။ သုက်ပိုးစစ်ရန် သုက်ရည်ကို သန့်ရှင်းသောခွက်ထဲထည့်ကာ ဓာတ်ခွဲခန်းပို့ စစ်ဆေးရပါတယ်။ ဓာတိခွဲမှုသည် အကောင်ရေကို အကြမ်းဖျဉ်းစစ်ဆေးရေတွက်ပါတယ်။ ပုံမှန်သုက်ပိုးကောင်ရေရှိသော်လည်း သုက်ပိုးမျိုးအောင်မှု အခြေအနေသည်လည်း အရေးကြီးပါတယ်။ မျိုးအောင်မှုကို လွှမ်းမိုးသောအချက်များလည်းရှိပါတယ်။

ဘယ်လိုအခြေအနေဆိုရင ်သုက်ပိုးနည်းတာလဲ?

သုက်ပိုးသည် တစ်မီလီမီတာတွင် ၁၀ အောက်နည်းခြင်းကို ဆိုလိုပါတယ်။ သုက်ပိုးကောင်ရေနည်းခြင်းသည် မျိုးပွားနိုင်မှုအပေါ် သက်ရောက်မှုရှိသော်လည်း ကိုယ်ဝန်လုံးဝမရနိုင်သောအခြေအနေဟူ၍လည်း မဆိုနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် မျိုးအောင်နိုင်သော သုက်ပိုးတစ်ကောင်တည်းသာရှိရုံနှင့် မျိုးဥနှင့်ပေါင်းစပ်ကာ ကိုယ်ဝန်ရနိုင်ပါတယ်။ သုက်ပိုးကောင်နည်းသော်လည်းပါရှိသော သုက်ပိုးသော်လည်း အရည်အချင်းပြည့်မှီခြင်း၊ စွမ်းဆောင်မှုကောင်းခြင်းကြောင့် သုက်ပိုးအကောင်ရေကို ပုံမှန်အခြေအနေ ပြန်လည်ရရှိစေနိုင်ပါတယ်။

သုက်ပိုးများသောအခြေအနေဆိုတာကရော?

သုက်ပိုးသန်း ၃၀၀ ကျော်လျှင် သုက်ပိုးများသည်ဟု ဆိုလိုပါတယ်။ လေ့လချက်အရ သုက်ပိုးများခြင်းသည် ကိုယ်ဝန်ရနိုင်ရန် အခွင့်အလမ်းများသည်ဟု မဆိုနိုင်ပါ။

သုက်ရည်ကိုစစ်ဆေးရာမှာ ဘယ်လိုအချက်တွေကို စစ်ဆေးလဲ?

၁။ သုက်ရည်ပစ်အကျဲသုက်ရည်အပစ်အကျဲသည် အရေးကြီးပါတယ်။ သုက်ရည်သည် ၁၅-၂၀ မိနစ်အတွင်း အရည်မဖြစ်ပါက သုက်ပိုးသည် မမျိုးဥဆီသို့ ပေါင်းစပ်ရန် မလွယ်ကူပါ။

၂။ သုက်ပိုးပုံစံသုက်ပိုးပုံစံသည်လည်း ကလေးရမရ အထူးအရေးကြီးပါတယ်။

၃။ သုက်ပိုးလှုပ်ရှားမှုသုက်ပိုးလှုပ်ရှားမှုသည် သုက်ပိုးသည် မမျိုးဥဆီသို့ လူပ်ရှားကူးခတ်သွားလာနိုင်မှုအတွက် အရေးကြီးပါတယ်။

၄။ pH ပမာဏသုက်ရည်ရဲ့ ပျမ်းမျှ pH သည် 7.2-7.8 ရှိရပါမယ်။

၅။ သုက်ရည်ပမာဏထွက်လာသော သုက်ရည်သည် ပုံမှန်အားဖြင့် 2-5ml ရှိသင့်ပါတယ်။

သုက်ပိုးအားကောင်းစေဖို့ ဘာတွေလုပ်ရမလဲ?

သုက်ပိုးအားကောင်းစေရန် ပြုလုပ်သင့်သောအရာများမှာ-အရက်ဖြတ်ပါအရက်သည် တက်စရိုစတီးရုန်းဟော်မုန်းကို နည်းစေပြီး သုက်ပိုးလျော့ကျစေပါတယ်။

– ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်သည် သုက်ပိုးအကောင်ရေကိုလျော့နည်းစေပါတယ်။

– ကိုယ်အလေးချိန်လျော့ပါ

အဆီများလျှင် တက်စတိုစတီးရုန်းဟော်မုန်းနည်းစေပြီး အကောင်ရေနည်းစေပါတယ်။

– စိတ်ဖိစီးမှုလျော့ချပါ

စိတ်ဖိစီးမှုသည် သုက်ပိုးမျိုးအောင်မှုကို ထိခိုက်စေပါတယ်။

ယောက်ျားပီသပြီး မျိုးဆက်ပွားနိုင်တဲ့ အမျိုးသားတစ်ယောက်ဖြစ်ဖို့ သုက်ပိုးကျန်းမာရေးကို ဂရုစိုက်ပါ။

မိန်းကလေးတိုင်း တောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

Related Posts

%%footer%%