ကြီးချင်..ရှည်ချင်သူများအတွက် သဘာ၀ နည်းလမ်း ၅ ခု
(စာကိုဆုံးအောင်ဖတ်ပါ… သတိထားရမယ့်အချက်တွေ အောက်ဆုံးမှာပါတယ်)
လိင်တံအရွယ်အစားက အမျိုးသားတွေအတွက် ဘယ်လောက်ထိ အရေးပါလဲ?
ဒီမေးခွန်းက ကမ္ဘာတလွှားက အမျိုးသားထုကြီးအတွက် ကူးစက်ရောဂါတစ်ခုလို ပျံ့နှံနေတဲ့ မေးခွန်းဖြစ်ပါတယ်။
အမျိုးသားအများစုက လက်ရှိလိင်တံအရွယ်အစားကို အားမလိုအားမရဖြစ်နေကြပြီး ဒီထက်ပိုကြီး ပိုရှည်မှသာ ပြီးပြည့်စုံတဲ့ လိင်မှုဘဝကိုရမယ်လို့ ထင်နေကြသလို လိင်ဆက်ဆံရာမှာလည်း ယုံကြည်မှုရှိနိုင်မယ်လို့ ထင်နေကြပါတယ်။
သင်လည်း ဒီလိုအမျိုးသားတွေထဲက တစ်ယောက်အပါအဝင်ဖြစ်နေပြီး သင့်လိင်တံကို လက်ရှိထက် ပိုကြီး၊ ပိုရှည်စေမယ့် ဆေးဝါးတွေ၊ နည်းလမ်းတွေ အမျိုးမျိုးကို ရှာဖွေနေတယ်ဆိုရင် ငွေကုန်ကြေးကျလည်း သက်သာပြီး အန္တရာယ်လည်း ပြောပလောက်အောင် မရှိတဲ့ ကြီးရှည်နည်းတချို့ကို ဖော်ပြလိုက်ပါတယ်။
၁။ ဆွဲဆန့်ခြင်း
ဆွဲဆန့်တာကတော့ သင့်လိင်တံကို ရှည်လာစေနိုင်တဲ့ နည်းလမ်းတခုဖြစ်ပါတယ်။ အချိန်အားဖြင့် ၅ မိနစ်လောက်တော့ ပေးဖို့ လိုပါတယ်။
ဘယ်လိုလုပ်ရမလဲ – သင့်ညီလေးရဲ့ ခေါင်းပိုင်းအောက်နားကနေ လက်နဲ့အသာဆုပ်ကိုင်ပါ။ အရမ်းလည်း မတင်းလွန်း အရမ်းလည်း မချောင်လွန်းအောင် ဂရုစိုက်ပါ။ ပြီးရင် အောက်ဖက်ကို သည်းခံနိုင်သလောက်အထိ ဆွဲချပြီးဆန့်ပေးပါ။ ရှည်ချင်ဇောနဲ့ နာကျင်လာတဲ့အထိ မဆွဲပါနဲ့။ ဆွဲဆန့်ထားတဲ့အတိုင်း စက္ကန့် ၂၀ ကနေ ၃၀ လောက်အထိ နေပါ။ ပြီးရင် မူလအနေအထားကို ပြန်လျှော့ပေးပါ။ ပြီးရင် အပေါ်ဆီးခုံဖက်ကို လှန်ပြီး ဆွဲဆန့်ပါ။ ဆွဲဆန့်ထားတဲ့အတိုင်း စက္ကန့် ၂၀ ကနေ ၃၀ လောက်အထိ ထားပါ။ မူလအနေအထားကို ပြန်လျှော့ပေးပါ။ ဒီအတိုင်း ခန္ဓာကိုယ်ရဲ့ လက်ဝဲဖက်နဲ့ လက်ယာဖက်ကိုပါလုပ်ပေးပါ။
၂။ လှည့်ပြီးဆွဲဆန့်ခြင်း
ဒီနည်းလမ်းကလည်း ပထမတစ်ခုနဲ့ ဆင်တူပါတယ်။ အချိန်အားဖြင့် ၅ မိနစ်လောက်လိုအပ်ပါတယ်။
ဘယ်လိုလုပ်ရမလဲ – သင့်ညီလေးရဲ့ခေါင်းအောက်နားလေးကနေ လက်နဲ့ဆုပ်ကိုင်ပါ။ သည်းခံနိုင်သလောက်အထိ အသာအယာဆွဲဆန့်ပါ။ ပြီးရင် ဆွဲဆန့်ထားတဲ့အတိုင်း လိင်တံကို စက်ဝိုင်းပုံစံလှည့်ပေးပါ။ နာရီလက်တံလည်တဲ့ပုံစံအတိုင်း လှည့်မယ်ဆိုရင် ဘယ်ဖက်လက်ကို သုံးပါ။ နာရီလက်တံပြောင်းပြန်လည်တဲ့အတိုင်းလှည့်မယ်ဆိုရင် ညာဖက်လက်ကို သုံးပါ။ တစ်ခါတစ်ပတ်လှည့်ရင် စက္ကန့် ၃၀ ကြာအောင် ဖြည်းဖြည်းချင်းဆွဲဆန့်ပြီးလှည့်ပေးပါ။
၃။ ညှစ်ပြီး ဆွဲဆန့်ခြင်း (Jelqing)
ဒီနည်းလမ်းကတော့ သင့်လိင်တံရဲ့ လုံးပတ်ရော၊ အရှည်ကိုပါ တိုးတက်လာစေနိုင်တဲ့ ရိုးရှင်းထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။
ဘယ်လိုလုပ်ရမလဲ – သင်လိင်တံက လုံးဝပျော့နေချိန်လည်း မဟုတ်၊ အပြည့်အဝထောင်မတ်နေချိန်လည်း မဟုတ်ပဲ တပိုင်းတစတင်းမာနေချိန်ကို ရွေးပါ။ ပြီးရင် Baby Oil ဒါမှမဟုတ် Vaseline လိမ်းဆေးတစ်ခုခု လိမ်းပေးပါ။ သင့်လက်မနဲ့ လက်ညှိုးနှစ်ချောင်းနဲ့ လိင်တံအရင်းနားမှာ သည်းခံနိုင်သလောက်အနေအထားအထိ ဖျစ်ညှစ်ထားပြီး လိင်တံထိပ်ဖျား မှိုခေါင်းအောက်နားအထိရောက်အောင် ဖြည်းဖြည်းချင်း ဆွဲသွားပေးပါ။ ဒီလို တစ်ခါလုပ်ရင် အချိန် ၂ စက္ကန့်ကနေ ၃ စက္ကန့်လောက်အထိ ကြာအောင် ဖြည်းဖြည်းချင်းလုပ်ပါ။ သင်တတ်နိုင်သလောက် အကြိမ်ရေကို လုပ်ပါ။
၄။ ဆီးညှစ်ကြွက်သားလေ့ကျင့်ခန်း (Kegel)
Kegel လေ့ကျင့်ခန်းကတော့ သင့်လိင်တံထောင်မတ်နေချိန်မှာ သွေးစီးဆင်းမှုကို အားကောင်းစေတာကြောင့် ပိုမိုတောင့်တင်းသန်မာစေပါတယ်။ အချိန်အားဖြင့်မိနစ် ၃၀ လောက်ပေးဖို့ လိုပါတယ်။
ဘယ်လိုလုပ်ရမလဲ – အရင်ဆုံး သင် ဆီးသွားတဲ့အခါ ဆီးကုန်ခါနီးရင် ညှစ်ချလေ့ရှိတဲ့ ကြွက်သားကို သတိထားအာရုံခံပါ။ ပြီးရင် အချိန် ၅ စက္ကန့်လောက်ကြာအောင် ညှစ်ထားပါ။ ၅ စက္ကန့်ကြာပြီး တစ်ခါလွှတ်လိုက်ပါ။ ခဏနားပြီး နောက်တစ်ခါ ပြန်ညှစ်ပါ။ ဒီအတိုင်း တစ်နေ့ကို မိနစ် ၃၀ လောက်ကြာအောင် လုပ်ပေးပါ။
၅။ ဆန့်ကျင်ဖက်သို့ ဆွဲဆန့်ခြင်း
ဒီလေ့ကျင့်ခန်းကလည်း သင့်လိင်တံကို ရှည်လာစေမယ့် လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ အချိန်အားဖြင့် ၅ မိနစ်လောက် ပေးရပါမယ်။
ဘယ်လိုလုပ်ရမလဲ – သင့်ညီလေးရဲ့ မှိုခေါင်းအောက်နားကနေ လက်တဖက်နဲ့ အသာဆုပ်ကိုင်ပါ။ မတင်းလွန်း မလျော့လွန်းအောင် ဂရုစိုက်ပါ။ ပြီးရင် နောက်လက်တဖက်နဲ့ အရင်းနားကနေ OK ပုံစံ ဆုပ်ကိုင်ပါ။ ပြီးရင် လက်တဖက်ဆီကနေ ဆန့်ကျင်ဖက်ကို ဆွဲဆန့်ပေးပါ။ သင့်လိင်တံမှာ ဆွဲဆန့်မှုကို ခံစားရရုံသာလုပ်ပါ။ နာကျင်သည်အထိ မလုပ်ရပါ။ တခါဆွဲဆန့်ရင် စက္ကန့် ၃၀ လောက်ကြာအောင် ဆန့်လျက်သား ထိန်းထားပါ။ တစ်ကြိမ်လို့ သတ်မှတ်ပါ။ တတ်နိုင်သလောက် အကြိမ်အရေအတွက်လုပ်နိုင်ပါတယ်။
အထက်ဖော်ပြပါ လေ့ကျင့်ခန်းတွေ မလုပ်ခင်
သတိထားရမယ့် အချက်များ…
- သင့်လိင်တံ ပျော့နေချိန်မှာသာ လုပ်ပါ
- နာကျင်မှု၊ မသက်မသာဖြစ်မှုခံစားလာရရင် ချက်ချင်းရပ်ပါ
- ထိုင်လျက်ဖြစ်စေ၊ နံရံတစ်ခုကို မှီလျက်ဖြစ်စေ လုပ်ဆောင်ပါ
- တစ်ရက်ကို လေ့ကျင့်ခန်း အများဆုံး နှစ်ကြိမ်ထက် ပိုမလုပ်ရပါ
- ဒီထက်ပိုပြီး လုပ်ချင်တယ်ဆိုရင် ကျွမ်းကျင်ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ လုပ်ပါ။
Bonus Tips
ခန္ဓာကိုယ် “ဝ”နေရင် ဝိတ်ချပါ
သင့် လိင်တံကို လက်ရှိအနေအထားထက် ပိုကြီးပိုရှည်လာတယ်လို့ ထင်ရအောင် လုပ်တဲ့အလွယ်ဆုံးနည်းလမ်းကတော့ ကိုယ်အလေးချိန် လျှော့ချခြင်းပဲဖြစ်ပါတယ်။ ခန္ဓာကိုယ် ၀ နေတဲ့အခါမှာ ဗိုက်ပူနေတာနဲ့ ဆီးခုံမောက်နေတာကြောင့် လိင်တံရဲ့တစိတ်တပိုင်းက အဆီတွေထဲနစ်မြုပ်နေတတ်ပါတယ်။ ဒါ့ကြောင့် ဗိုက်ချပ်ပြီး ဆီးခုံပြေသွားအောင် ကိုယ်အလေးချိန်ချလိုက်ခြင်းအားဖြင့် လိင်တံရဲ့အရှည်အနည်းငယ် ပိုလာနိုင်ပါတယ်။ ဒါ့အပြင် ပိုမိုကြံ့ခိုင်တောင့်တင်းတဲ့ ခန္ဓာကိုယ်နဲ့ ကျန်းမာရေးကောင်းခြင်းကိုပါ ရရှိခံစားရမှာပါ။
ဆီးခုံမွှေးရိတ်ပါ
သင့်ရဲ့ ဆီးခုံမွှေးတွေကြောင့်လည်း လိင်တံက တိုနေသလို ထင်ရစေနိုင်ပါတယ်။ ဆီးခုံမွှေးတွေ ရှင်းလိုက်မယ်ဆိုရင် ပိုရှည်လာသလို မြင်ရစေပါတယ်။ ဒါ့ကြောင့် ညီလေးကို ခြုံထဲမှာ မထားပဲ ခြုံရှင်းပေးလိုက်ပါ။ လွတ်လွတ်လပ်လပ်ဖြစ်သွားရင် ပိုကြီးပိုရှည်လာယောင် ထင်ရမှာသေချာပါတယ်။
မိန်းကလေးတိုင်း တောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
Gentleman Magazine
အခြားစိတ်ဝင်စားစရာ ဆောင်းပါးအလန်းစား အကြမ်းစားများကို
Gentleman website မှာလည်း ဝင်ရော်ကလေ့လာနိုင်ပါတယ်