ကွင်းထိုး/ကြိုးသိုင်း ဖိနပ်စီးမယ်ဆိုရင်…

ကွင်းထိုးဖိနပ်၊ ကြိုးသိုင်းဖိနပ်တွေဟာ သေချာစီးတတ်မယ်ဆိုရင် စတိုင်ကျ ကြည့်ကောင်းခြင်းကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ ဒါပေမယ့် အစီးမတတ်ရင်တော့ စတိုင်ဂွမ်းသွားနိုင်တာကြောင့် ကွင်းထိုးဖိနပ်တွေ၊ ကြိုးသိုင်းဖိနပ်တွေ စီးမယ်ဆိုရင် သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန် တချို့ကို ဖော်ပြလိုက်ပါတယ်။

၁။ ခြေထောက်ကို သေချာဂရုစိုက်သန့်ရှင်းရေးလုပ်ပါ

ကွင်းထိုးဖိနပ်၊ ကြိုးသိုင်းဖိနပ်တွေက ခြေညှပ်ဖိနပ်တွေလိုပဲ သင့်ခြေထောက်နဲ့ ခြေချောင်းလေးတွေကို မြင်သာစေတာကြောင့် ခြေထောက်ကို သေချာဂရုစိုက်သန့်ရှင်းထားဖို့ လိုပါတယ်။ ခြေသည်းတွေကို သပ်သပ်ရပ်ရပ်ညှပ်ထားပါ။ ခြေသည်းလေးတွေဖွေးနေပြီး ခြေချောင်းလေးတွေကြားမှာ ချေးညှော်မရှိ၊ သန့်ရှင်းနေအောင် ဂရုစိုက်ပါ။

၂။ အရည်အသွေးကောင်းတဲ့ အမျိုးအစားကို ရွေးချယ်ပါ

အပေါစားရာဘာခုံနဲ့ ဖိနပ်တွေက ကမ်းခြေ ဒါမှမဟုတ် ရေကူးကန်မှာ အဆင်ပြေနိုင်ပေမယ့် ဟိုနာဒီနားသွားလာတဲ့အခါမှာတော့ အပေါစားဖိနပ်တွေက ကြည့်ရဆိုးပါတယ်။ ဒါ့ကြောင့် ကွင်းထိုးဖိနပ်ပဲဖြစ်ဖြစ်၊ ကြိုးသိုင်းဖိနပ်ပဲဖြစ်ဖြစ် အမျိုးအစားကောင်းကောင်းနဲ့ ကြည့်ကောင်းတဲ့ ဒီဇိုင်းမျိုးကို ရွေးချယ်စီးနင်းပါ။

၃။ နေရာကို လိုက်ပြီး စီးပါ

ကွင်းထိုးဖိနပ်၊ ကြိုးသိုင်းဖိနပ်တွေက Formal ကျကျ ဝတ်စားဆင်ယင်ရတဲ့နေရာမျိုးတွေနဲ့ မလိုက်ဖက်ပါဘူး။ အနောက်တိုင်းဝတ်စုံဝတ်ရမယ့်နေရာတွေ၊ စမတ်ကျကြည့်ကောင်းပြီး ပရော်ဖက်ရှင်နယ်ဆန်ဆန်ဝတ်စားဆင်ယင်ရမယ့်နေရာတွေမှာ ကြိုးသိုင်းတွေ၊ ကွင်းထိုးတွေ မစီးပါနဲ့။ ရှုးဖိနပ်တွေကသာ အသင့်တော်ဆုံးပါ။

၄။ ဘောင်းဘီရှည်နဲ့ တွဲဝတ်နိုင်ပါတယ်

တချို့အမျိုးသားတွေက ကြိုးသိုင်းတွေ၊ ကွင်းထိုးတွေကို ဘောင်းဘီတိုနဲ့ပဲ တွဲဝတ်ရမယ်လို့ မှတ်ယူထားကြပါတယ်။ ဒီလိုမဟုတ်ပါဘူး။ ဘောင်းဘီရှည်နဲ့လည်း လိုက်ဖက်ကြည့်ကောင်းအောင် ဝတ်ဆင်နိုင်ပါတယ်။

၅။ ခြေအိတ်နဲ့ မဝတ်ပါနဲ့

ကြိုးသိုင်းဖိနပ်၊ ကွင်းထိုးဖိနပ်တွေကို ခြေအိတ်နဲ့တွဲဝတ်တာက ဘယ်လိုမှ ကြည့်မကောင်းတဲ့ ဖက်ရှင်တစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် ခြေဗြောင်နဲ့သာ ဝတ်ဆင်ပါ။ ခြေအိတ်နဲ့ လုံးဝ(လုံးဝ)မဝတ်ပါနဲ့။

မိန်းကလေးတိုင်း တောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
Gentleman Magazine

Related Posts

Leave a ReplyCancel reply

%%footer%%