မိန်းကလေးတော်တော်များများ ဝေးဝေးရှောင်ချင်ကြတဲ့ အမျိုးသားတွေရဲ့ အမူအကျင့်ဆိုးများ

မိန်းကလေးတွေ အများစုက ယောကျ်ားလေးတွေနဲ့ ပတ်သက် လာရင် အဝတ်အစားဖက်ရှင်တွေ အမွှေးနံ့ သာတွေ ခန္ဓာကိုယ် အချိုးအစားတွေကိုပဲ အလေးထားတယ်လို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ မိန်းကလေးတွေဟာတကယ်တော့ အဝတ်အစားတွေ ခန္ဓာကိုယ် အချိုးအစားတွေ ထက် စိတ်နေစိတ်ထားအကျင့် စရိုက် တွေကို ပိုပြီး အလေးထားကြတာဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ မိန်းကလေးတွေသဘောမကျတဲ့ အမျိုးသားတွေရဲ့ အကျင့် စရိုက်နဲ့ အမူအကျင့် လေးတွေ အကြောင်းကို ပြောပြ ပေးချင်ပါတယ်။

၁။ အပျော်အပါးမက်ခြင်း

ယောကျ်ားလေးအများစုက အပျော်အပါးအသောက် အစားနဲ့ မကင်းနိုင်ကြပါဘူး။ ဒါပေမယ့်သာမာန် အပျော်အပါးမကင်းတဲ့ သူတွေထက်ကိုပိုပြီး အပျော်အပါးအတွက်ပဲ စိတ်အားထက်သန်နေသူ သောက်ပွဲ စားပွဲတွေပါတီတွေ ကလပ်တွေနဲ့ အပျော်အပါးအတွက်ဆို ရှေ့ဆုံးကပါဝင်နေသူတစ်ယောက်ဆိုရင်တော့ မိန်းကလေးတွေ အနေနဲ့ လုံးဝမကြိုက်ပါဘူး။ မိန်းကလေး တွေဟာ ယောကျာ်းလေးတွေ အပျော်အပါးနဲ့ မကင််းတာကို အတိုင်းအတာ တစ်ခုအထိတော့ ခွင့်လွှတ်နားလည်ပေးကြပါတယ်။

၂။ မိန်းကလေးတွေနဲ့ ရောရောနှောနှောနေခြင်း

တစ်ချို့သောယောကျာ်းလေးတွေကို တွေ့ဖူးကြမယ်ထင်ပါတယ်။ bff အမည်ခံနဲ့ မိန်းကလေးတွေ ကို အရမ်းတွေခင်ပြ အရမ်းတွေရင်းနှီး ပြတတ်တဲ့ သူတွေမျိုးတွေရှိပါတယ်။ ဘယ် နေရာမှာပဲဖြစ်ဖြစ် ယောကျာ်းလေးနဲ့ မိန်းကလေး တွေဆိုတာ အတူတွဲရှိတတ်နေပေမယ့် ဘယ်ပဲသွားသွား မိန်းကလေးတွေ တရုန်းရုန်းနဲ့ သွားလာသူ၊ မိန်းကလေးတွေနဲ့ ခြေပုတ်ခေါင်းပုတ် စကားပြောဆိုတတ်သူ၊ မိန်းကလေး တွေနဲ့ အရမ်းကြီး ရောရောနှောနှောနေသူတွေကို တော့ သူတို့ ရဲ့ လက်တွဲ ဖော်အဖြစ်ရွေးချယ်ကြမှာ မဟုတ်ပါဘူး။

၃။ အလေးအနက်မရှိခြင်း

ဘယ်အရာမဆို ပေ့ါပေ့ါပျက်ပျက်နိုင်ခြင်း၊ အလေးအနက်မရှိခြင်း၊ ပြီးပြီရောလုပ်တတ်ခြင်း စတဲ့ အကျင့် စရိုက်ရှိသူတွေကို မိန်းကလေးတွေအနေနဲ့ လုံးဝလုံးဝ သဘောမကျကြပါဘူး။ မိန်းကလေး အနေနဲ့ သူတို့ ထက်အသက်ကြီး တဲ့ သူဖြစ်စေ ငယ်တဲ့ သူဖြစ်စေ အသက်အရွယ်ကို ထည့်စဥ်းစား ကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ အားကိုးအားထားပြုနိုင်သူ လူကြီး လူကောင်းဆန်သူ အရာရာ ကိုလေးလေးနက်နက် တွေးခေါ်ဆုံးဖြတ်တတ်သူတွေ ကိုသာ ပိုပြီး သဘောကျတတ်ကြတာဖြစ်ပါတယ်။

၄။ တစ်ကိုယ်ကောင်းဆန်ခြင်း

မိန်းကလေးအများစုက သူတို့ရဲ့ လက်တွဲဖော်နဲ့ နှစ်ကိုယ့်တစ်စိတ်ဖြစ်ချင်ကြတာပါ။ ဘယ်အရာမဆို သူတို့နဲ့ တိုင်ပင် တာမျိုး အသိပေးတာမျိုး ကိုပဲ လိုချင်တာဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ပဲ ငါဆိုတဲ့ အတ္တကိုရှေ့တန်းတင်ပြီး တစ်ကိုယ်ကောင်းဆန်တတ်တယ်ဆိုရင်တော့ ဝေးဝေးက ရှောင်ကျဥ်ပါလိမ့်မယ်။

၅။ ဒေါသကြီးခြင်း

ဒေါသစိတ်ဆိုတာတော့ လူတိုင်းမှာ ရှိတတ်ပါတယ်။ ယောကျာ်းလေးမှ ဒေါသစိတ်ရှိတာမဟုတ်ပါဘူး မိန်းကလေးတွေမှာ လည်းရှိတတ်ပါတယ်။ ဒါပေမယ့် ယောကျ်ားလေးတွေ ဒေါသကြီးပြီ ဆိုရင် အများစုက ဝုန်းဒိုင်းကျဲ သောင်းကျန်းတတ်တာမျိုးပါ။ ဒီလိုမျိုး ဒေါသကြီးတဲ့ အကျင့်စရိုက် ကလည်း မိန်းကလေးအတွက် ဘယ်လိုမှ​အဆင်ပြေမှာ မဟုတ်ပါဘူး။ဒေါသကြီးမှုရဲ့ နောက်ဆက်တွဲ ဖြစ်တဲ့ စိတ်တိုတဲ့ အခါ လက်ပါခြေပါတာမျိုးတွေကို လုံးဝလက်မခံနိုင်ကြပါဘူး။

ဒီအချက်လေးတွေကို ကြည့်ခြင်းအားဖြင့် မိန်းကလေးတွေ ဝေးဝေးရှောင်ချင်တဲ့ ယောကျာ်းလေးများရဲ့ အပြုအမှုများကို ဖော်ပြလိုက်ပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့

Gentleman Club Myanmar

အခြားစိတ်ဝင်စားစရာ ဆောင်းပါးအလန်းစား အကြမ်းစားတွေကို

Gentleman Website မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်

www.mmgentleman.com

Related Posts

%%footer%%