ချမ်းသာအောင်မြင်သူတွေဆီက လေ့လာအတုယူသင့်တဲ့ သင်ခန်းစာ ၉ ခု

၁။ သူတို့က ကိုယ်တိုင်လေ့လာသင်ယူကြသူတွေ ဖြစ်တယ်

ချမ်းသာအောင်မြင်သူတွေဟာ သိချင်တတ်ချင်တာတစ်ခုခုအတွက် သင်ကြားပြသပေးမယ့်သူကို စောင့်မနေတတ်ကြပါဘူး။ ရနိုင်တဲ့အရင်းအမြစ်ကနေ ကိုယ်တိုင်လေ့လာသင်ယူတတ်ကြပါတယ်။ သူတို့ စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ဆောင်ရာမှာ အထောက်အကူဖြစ်စေမယ့် အသိအပညာ၊ အတတ်ပညာတွေကို စဉ်ဆက်မပြတ်လေ့လာသင်ယူနေကြသူတွေဖြစ်ပါတယ်။

၂။ ၈၀/၂၀ စည်းမျဉ်းကို ကျင့်သုံးကြတယ်

ချမ်းသာသူတွေဟာ ငွေကြေးနဲ့ပတ်သက်လာရင် ၈၀/၂၀ စည်းမျဉ်းကို ကျင့်သုံးကြပါတယ်။ ၈၀/၂၀ စည်းမျဉ်းဆိုတာ ဝင်ငွေရဲ့ ၂၀ ရာခိုင်နှုန်းကို စုဆောင်းပြီး ၈၀ ရာခိုင်နှုန်းကိုသာ သုံးစွဲတာပါ။

၃။ သူတို့က စိတ်ကူးအိပ်မက်တွေနောက် လိုက်ကြတယ်

ချမ်းသာအောင်မြင်သူတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်က သူတို့ရဲ့စိတ်ကူးအိပ်မက်တွေကို လိုက်ရင်း အခုလို ကြီးပွားအောင်မြင်လာတာဖြစ်ပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်တစ်ခုအပေါ်ကို သေချာအာရုံစိုက်ပြီး အကောင်အထည်ဖော်လေ့ရှိပါတယ်။ သာမန်လူတွေကတော့ ရည်မှန်းချက်တွေ ချမှတ်ထားခြင်းမရှိသလို တစိုက်မတ်မတ်အကောင်အထည်ဖော်လေ့လည်းမရှိပါဘူး။

၄။ အခြားအောင်မြင်သူတွေနဲ့ အပေါင်းအသင်းဖွဲ့တယ်

ချမ်းသာအောင်မြင်သူတွေကို ကြည့်လိုက်ရင် သူတို့ပတ်ဝန်းကျင်မှာ သူတို့လို ချမ်းသာအောင်မြင်သူတွေကိုပဲ အများစု တွေ့ရမှာပါ။ ဒီလို အပေါင်းအသင်းလုပ်ကြတဟာ အသိမိတ်ဆွေတိုးပွားပြီး အလုပ်အကိုင်နဲ့ ရင်းနှီးမြုပ်နှံမှု အခွင့်အလမ်းကောင်းတွေကို ပိုမိုရရှိနိုင်တာကြောင့် ဖြစ်ပါတယ်။

၅။ သူတို့က အလွယ်တကူ လက်လျှော့အရှုံးမပေးတတ်ကြဘူး

ချမ်းသာအောင်မြင်သူတွေရဲ့ အထင်ရှားဆုံးစရိုက်တွေကို ပြပါဆိုရင် အာရုံစူးစိုက်မှု၊ ဇွဲလုံ့လရှိမှုနဲ့ စိတ်ရှည်သည်းခံမှုတို့ပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို မရောက်မချင်း လက်မလျှော့ပဲ တစိုက်မတ်မတ်ကြိုးစားအားထုတ်တတ်ကြပါတယ်။

၆။ သူတို့ လုပ်ချင်တာကို လုပ်ကြတယ်

ချမ်းသာအောင်မြင်သူတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ သူတို့လုပ်ချင်တာကိုပဲ လုပ်လေ့ရှိပါတယ်။ သူတို့အတွက် စိတ်ဝင်စားစရာမကောင်းတာ၊ ပျော်စရာမကောင်းတာတွေကို စိတ်ညစ်ခံပြီးဆက်လုပ်လေ့မရှိပါဘူး။ သူတို့ကို အချိန်တိုင်း စိတ်အားတက်ကြွမှုပေးနိုင်မယ့် အလုပ်တွေကိုပဲ လုပ်ကြပါတယ်။

၇။ စိတ်ကိုဖွင့်ထားကြတယ်

ချမ်းသာအောင်မြင်သူတွေက ပွင့်လင်းတဲ့စိတ်ထားရှိသူတွေ ဖြစ်ကြပြီး စိတ်ကူးသစ်တွေ၊ ဖြစ်နိုင်ချေတွေနဲ့ နည်းလမ်းသစ်တွေကို ကြိုဆိုတတ်ကြပါတယ်။ သူတို့ရဲ့ အတွေးတွေကလည်း အချိန်နဲ့အမျှ ပြောင်းလဲတိုးတက်နေကြပြီး ဘယ်အရာကိုမှ လှေနံဓားထစ်မလုပ်ပဲ အလိုက်သင့်ပြောင်းလဲနိုင်စွမ်းရှိကြသူတွေ ဖြစ်ပါတယ်။

၈။ သူတို့က နားထောင်ပေးတတ်ကြတယ်

ချမ်းသာအောင်မြင်သူတွေဟာ နားထောင်ပေးတတ်ကြသူတွေဖြစ်ပါတယ်။ သူတို့က ပြောတာထက် နားထောင်တာကို ပိုလုပ်တတ်ကြပါတယ်။ ဒီလိုနားထောင်ခြင်းက သူတို့အတွက် သိမှတ်လေ့လာစရာတွေကို ပိုမိုသိရှိနားလည်နိုင်စေသလို လူမှုဆက်ဆံရေးမှာလည်း တိုးတက်ကောင်းမွန်စေပါတယ်။

၉။ အချိန်မဖြုန်းကြဘူး

လူချမ်းသာတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်နီးပါက တီဗီကြည့်ရင်း၊ ဂိမ်းကစားရင်း အချိန်ဖြုန်းနေလေ့မရှိပါဘူး။ ဒီအစား စာဖတ်တာ၊ တစ်ခုခုကို လေ့လာသင်ယူတာ၊ လုပ်အားပေးလုပ်တာ၊ လူမှုကွန်ယက်ကို ချဲ့ထွင်တာတွေ လုပ်နေတတ်ကြပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%