အလုပ်စားပွဲမှာဆောင်ထားသင့်တဲ့ အရာ ၄ ခု

လုပ်ငန်းခွင်အတွင်းမှာ အလုပ်ကို သေချာအာရုံစိုက်ပြီး အကောင်းဆုံးစွမ်းဆောင်နိုင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ အသုံးအဆောင်လေးတွေ ရှိပါတယ်။

၁။ စားပွဲတင်ပြက္ခဒိန်

အရေးကြီးအလုပ်ကိစ္စ ချိန်းဆိုမှုတွေ၊ အပြီးသတ်ရမယ့် နောက်ဆုံးရက်တွေကို လွဲချော်မသွားရအောင် စားပွဲတင်ပြက္ခဒိန်တစ်ခုက သင့်အလုပ်စားပွဲပေါ်မှာ မဖြစ်မနေလိုအပ်ပါတယ်။ ဒီစားပွဲတင်ပြက္ခဒိန်က သင့်ရဲ့ အလုပ်တွေကို ဦးစားပေးသတ်မှတ်ဖို့ရော၊ အစီအစဉ်ရေးဆွဲဖို့ပါ ကူညီပေးနိုင်ပါတယ်။ ဒစ်ဂျစ်တယ်ပြက္ခဒိန်တွေ သင့်ဖုန်းနဲ့ ကွန်ပျူတာထဲမှာ ရှိနေပြီးသားဆိုပေမယ့် စားပွဲတင်ပြက္ခဒိန်တစ်ခုက ပိုပြီးအသုံးတည့်တယ်ဆိုတာ သုံးကြည့်ရင် သိလာမှာပါ။

၂။ ပီကေ သို့မဟုတ် ခံတွင်းသန့်စင်ဆေးရည်

ဆေးလိပ်သောက်တတ်သူတစ်ယောက်ဖြစ်မယ်ဆိုရင် ဒီအရာတွေက မရှိမဖြစ် ဆောင်ထားသင့်ပါတယ်။ သင့်ခံတွင်းမှာ ဆေးလိပ်နံ့ နံမနေအောင် ပီကေ ဝါးပေးတာ ခံတွင်းသန့်စင်ဆေးရည်သုံးတာတွေ လုပ်ပါ။ အခြားအနံ့ပြင်းတဲ့ စားစရာတွေ စားပြီးရင်လည်း သုံးနိုင်ပါတယ်။ ဒီလို သုံးပေးတာက လုပ်ဖော်ကိုင်ဖက်တွေနဲ့ပဲဖြစ်ဖြစ်၊ ဖောက်သည်တွေနဲ့ပဲဖြစ်ဖြစ် ပြောဆိုဆက်ဆံရာမှာ သင့်ကိုယ်သင် ယုံကြည်မှုရှိနေစေမှာပါ။

၃။ သောက်ရေဘူး

အလုပ်ချိန်မှာ အလုပ်တွေ လုပ်ရင်း ခန္ဓာကိုယ်အတွက် အရေးကြီးဆုံး လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ မေ့နေတတ်ပါတယ်။ ရေဓာတ်ခမ်းခြောက်လာမယ်ဆိုရင် အာရုံမစူးစိုက်နိုင်တာ၊ ပင်ပန်းနွမ်းနယ်လာတာ၊ အားကုန်သလိုခံစားရတာတွေ ဖြစ်လာနိုင်တာကြောင့် မကြာခဏရေသောက်ပေးဖို့ လိုပါတယ်။ ဒါ့ကြောင့် သောက်ရေဘူးတစ်ဘူးကို သင့်အလုပ်စားပွဲပေါ်တင်ထားပြီး သောက်ပေးသင့်ပါတယ်။

၄။ မှတ်စုစာရွက်၊ မှတ်စုစာအုပ်

အလုပ်လုပ်တဲ့အခါ သင်လုပ်သမျှ အရာအားလုံးကို မှတ်မိနေဖို့ မလွယ်ပါဘူး။ ဒါ့ကြောင့် အရေးကြီးတဲ့ အကြောင်းအရာတွေ၊ ချိန်းဆိုမှုတွေကို မေ့မသွားစေဖို့ မှတ်စုကပ်ခွာလေးတွေ၊ မှတ်စုစာအုပ်တွေက လိုအပ်ပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

Related Posts

%%footer%%