တီရှပ်နဲ့ အောက်ခံရှပ် ဘာကွာလဲ?

တီရှပ်နဲ့ အောက်ခံရှပ်ဟာ ပန်းသီးနဲ့လိမ္မော်သီးလိုပါပဲ။ ဒီတော့ ဒီနှစ်ခုကို အတူတူပဲလိုထင်နေရင် အခုဖော်ပြမယ့် အကြောင်းအရာကို သေချာဖတ်သင့်ပါတယ်။

၁။ အောက်ခံရှပ် ဆိုတာ ဘာလဲ

အောက်ခံရှပ်ဆိုတာ ရှပ်အင်္ကျီမဟုတ်ပါဘူး။ စွပ်ကျယ်လိုမျိုးအတွင်းမှာခံဝတ်ရတဲ့ အင်္ကျီဖြစ်ပါတယ်။ အောက်ခံအင်္ကျီဆိုတဲ့အတိုင်း ရှပ်အင်္ကျီရဲ့ အောက်မှာခံဝတ်ရမှာပါ။ အတွင်းခံဘောင်းဘီလိုပဲ အတွင်းခံအင်္ကျီကိုလည်း လူမြင်အောင် မဝတ်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အတွင်းခံအင်္ကျီတွေဟာ လူကြည့်ကောင်းအောင် ဒီဇိုင်းလုပ်ထားတာမဟုတ်တာကြောင့်ပါ။ အတွင်းခံအင်္ကျီတွေဟာ ချွေးကို စုပ်ယူဖို့ အဓိကပါ။ ခန္ဓာကိုယ်ကထွက်တဲ့ချွေးကို စုပ်ယူပြီး အပြင်ကအင်္ကျီကို ခြောက်သွေ့နေစေဖို့ ရည်ရွယ်ပါတယ်။

၂။ တီရှပ်နဲ့ အောက်ခံရှပ်က ဘာကွာလဲ

တီရှပ်ဆိုတာကတော့ အမှန်တကယ်အပြင်က ဝတ်ရတဲ့ အင်္ကျီတစ်မျိုးပါ။ အတွင်းထဲမှာ ခံဝတ်ရမယ့်အင်္ကျီအမျိုးအစား မဟုတ်ပါဘူး။ များသောအားဖြင့် အရောင်စုံတွေ့ရလေ့ရှိပြီး အောက်ခံရှပ်တွေနဲ့ အသားလည်း ကွာပါတယ်။

၃။ ဘယ်အချိန်မှာ တီရှပ်ဝတ်သင့်လဲ

ပုံမှန်အားဖြင့်တော့ တီရှပ်တွေက ပေါ့ပေါ့ပါးပါးနဲ့ လွတ်လွတ်လပ်လပ်ပုံစံ ဝတ်ဆင်ရတာဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်အချိန်မှာ ဝတ်သင့်တယ် ဘယ်အချိန်မှာ မဝတ်သင့်ဘူးဆိုတာ သိထားသင့်ပါတယ်။

ထသွားထလာ ပေါ့ပေါ့ပါးပါးပုံစံတွေအတွက်ဆိုရင် တီရှပ်ဟာ အသင့်တော်ဆုံးပါ။ ပုံတွေမပါတဲ့ တီရှပ်ပြောင်ကို ဂျာကင်အင်္ကျီတစ်ခုခုနဲ့ တွဲဝတ်ပါ။ သူငယ်ချင်းတွေနဲ့ တွေ့ဆုံရမယ်ဆိုရင် တီရှပ်တွေက အဆင်ပြေပါတယ်။

အလုပ်ကိစ္စတွေ့ဆုံရမယ့်ကိစ္စတွေ၊ သပ်သပ်ရပ်ရပ်ဝတ်စားရမယ့်အခြေအနေတွေမှာ တီရှပ်တွေကို လုံးဝမ၀တ်သင့်ပါဘူး။ ကောင်မလေးနဲ့ ဒိတ်တဲ့အခါ၊ ညစာစားပွဲတွေသွားတဲ့အခါ တီရှပ်ဝတ်ခြင်းကို ရှောင်ပါ။

၄။ အောက်ခံရှပ်တွေကို ဘယ်အချိန်မှာ ဝတ်သင့်တာလဲ

စွပ်ကျယ် အောက်ခံရှပ်တွေကို အပေါ်က ဘာမှထပ်မဝတ်ပဲ ဝတ်လို့ရတဲ့အချိန်တွေ ရှိပါတယ်။ အိပ်ရာဝင်ခါနီးအချိန်တွေ၊ အိမ်မှာ အလုပ်လုပ်တဲ့အချိန်တွေမှာ ဝတ်ဆင်နိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အချိန်တွေလည်း ဝတ်နိုင်ပါတယ်။

၅။ တီရှပ် လည်ပင်းအဝိုင်းနဲ့ ဗွီပုံစံ လည်ပင်းပေါက်

အင်္ဂလိပ်အက္ခရာ V ပုံသဏ္ဍာန် လည်ပင်းပေါက်တွေဟာ ရင်အုပ်ကို ပိုပြီးပေါ်လွင်စေပါတယ်။ လည်ပင်းကိုလည်း ရှိရင်းစွဲထက် ပိုရှည်တယ်လို့ ထင်ရစေတာကြောင့် လည်တိုင်တိုသူတွေအတွက်အဆင်ပြေပါတယ်။ လည်ပင်းရှည်ရှည်နဲ့ အရပ်မြင့်မြင့် အမျိုးသားတွေကတော့ လည်ပင်းဝိုင်းတီရှပ်တွေက ပိုသင့်တော်ပါတယ်။

၆။ ဒီအမှားတွေကို ရှောင်ပါ

တီရှပ်ဝတ်တဲ့အခါမှာ ဒီဇိုင်းပုံအကြီးကြီးတွေ၊ လိုဂိုအကြီးကြီးတွေပါတဲ့ တီရှပ်တွေကို ရှောင်ပါ။ အရောင်ကိုလည်း မျက်စိနောက်စရာ အရောင်တွေကို မရွေးချယ်ပါနဲ့။ ရင့်ကျက်တည်ငြိမ်တဲ့ အရောင်တွေကို ရွေးပါ။ အထူးသဖြင့် အဖြူ၊ မီးခိုး၊ အနက်၊ အပြာနဲ့ အစိမ်းတွေကိုပဲ ရွေးပါ။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

Related Posts

%%footer%%