အိပ်ရာထဲမှာ မိန်းကလေးတွေကို စိတ်ကုန်သွားစေနိုင်တဲ့ အရာ (၅)ခု

ချစ်တင်းနှောဖို့ အစပျိုးနေချိန်မှာ သင့်ကောင်မလေးက ရုတ်တရက်ကြီး ရှေ့မဆက်ချင်တော့တာမျိုး ကြုံရတယ်ဆိုရင် အခုဖော်ပြမယ့်အချက်တွေထဲက တစ်ခုခုငြိနေလို့ ဖြစ်နိုင်ပါတယ်။ ဘယ်လိုအချက်တွေက သင့်ကောင်မလေးကို ချစ်တင်းနှောချင်စိတ်မရှိတော့အောင် စိတ်ပျက်သွားစေနိုင်လဲဆိုတော လေ့လာထားလိုက်ပါ

၁။ သင်လုပ်တာကောင်းလာလို့ တောက်လျှောက်မေးနေခြင်း

” ဘယ်လိုနေလဲ၊ ကြိုက်လား၊ ကောင်းလား ” ဒီလိုမေးခွန်းတွေက တရစပ်ဖြစ်နေမယ်ဆိုရင် မိန်းကလေးတစ်ယောက်ကို စိတ်ပျက်သွာစနိုင်ပါတယ်။ ဒီလိုမေးနေတာဟာ သင့်ကိုယ်သင် ယုံကြည်မှုမရှိရာလည်း ရောက်ပါတယ်။ သင့်ရဲ့ စွမ်းဆောင်မှုနဲ့ပတ်သက်ပြီး ယုံကြည်မှုရှိရှိ လှုပ်ရှားပါ။ မေးခွန်းတွေစွတ်မေးမနေပါနဲ့။

၂။ မလုပ်သင့်တဲ့အချိန်မှာလုပ်ခြင်း

မိန်းကလေးအများစုက သင့်လျှာနဲ့ ပြုစုပေးတာကို သဘောကျတယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့် သူတို့အလုပ်မခံချင်တဲ့ အချိန်ရှိပါတယ်။ ဥပမာ မနက်ခင်းအစောပိုင်းအချိန်တွေ၊ ရေမချိုးရသေးတဲ့အချိန်တွေမှာဆိုရင် သူတို့က လက်မခံချင်တတ်ကြပါဘူး။

၃။ ချစ်တင်းနှောနေချိန် လေလည်ခြင်း

ဟုတ်ပါတယ်။ ဒီအရာက တစ်ခါတစ်လေမှာ ထိန်းချုပ်ရခက်ခဲတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် သင့်ကောင်မလေးနဲ့ ချစ်တင်းနှောနေချိန်မှာ လေမလည်မိအောင် တတ်နိုင်သမျှ ထိန်းသိမ်းဖို့တော့ လိုပါတယ်။ ဒီအချက်က မိန်းကလေးတွေရဲ့ လိင်စိတ်နိုးကြားမှုကို ချက်ချင်းပျက်စီးသွားစေနိုင်တဲ့ အချက်တစ်ခုပါပဲ။

၄။ အပြာဇာတ်လမ်းတွေထဲကလို လိုက်လုပ်ခြင်း

အပြာဇာတ်လမ်းတွေက စိတ်ကူးယဉ်သက်သက်ဆိုတာ နားလည်ထားဖို့လိုပါတယ်။ အပြာဇာတ်ဆောင်တွေ လုပ်သလို ထပ်တူထပ်မျှ လိုက်လုပ်ဖို့ ကြိုးစားတာကလည်း သင့်ကောင်မလေးကို ချစ်တင်းနှောချင်စိတ်ပျောက်သွားစေနိုင်တဲ့ အချက်ပါပဲ။

၅။ ခန္ဓာကိုယ်အနံ့ဆိုးထွက်ခြင်း

ချစ်တင်းနှောတယ်ဆိုတာ ခန္ဓာကိုယ်ချင်း အနီးကပ်ဆုံးနှီးနှောရတဲ့ အလုပ်ဖြစ်ပါတယ်။ ဒီအချိန်မှာ သင့်ခန္ဓာကိုယ်က အနံ့အသက်မကောင်းဘူးဆိုရင် ဘယ်လိုနေမလဲစဉ်းစားကြည့်ပါ။ မိန်းကလေးအနေနဲ့ ချစ်တင်းနှောချင်စိတ်ပျောက်သွားတာဟာ မထူးဆန်းပါဘူး။ ဒါ့ကြောင့် ခန္ဓာကိုယ်အနံ့အသက်ကောင်းအောင် ဂရုစိုက်ပါ။ အတူမနေခင်ရေချိုးပါ။ ချွေးနံ့ပျောက်ဆေးသုံးပါ။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

Related Posts

%%footer%%