အာရုံနောက်စရာတွေကို ရှောင်တိမ်းနိုင်ဖို့ နည်းလမ်း (၅)ခု

တစ်နေ့ကို ဖြတ်သန်းရာမှာ အာရုံပျက်စရာ အနှောင့်အယှက်တွေက အများကြီးရှိပါတယ်။ ဒီလို အနှောင့်အယှက်တွေကို ရှင်းထုတ်ပြီး လုပ်စရာရှိတာတွေကို အကောင်းဆုံးလုပ်နိုင်ဖို့ လိုပါတယ်။ သင့်အနေနဲ့ အနှောင့်အယှက်တွေကို ရှင်းထုတ်ပစ်ချင်တယ်ဆိုရင် အသုံးဝင်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြလိုက်ပါတယ်။

၁။ နည်းပညာကို အသုံးချပါ

အလုပ်တွေကို အနှောင့်အယှက်ကင်းကင်းလုပ်ဆောင်နိုင်ဖို့အတွက် နည်းပညာအကူအညီကို ရယူပါ။ RescueTime လို App မျိုးက သင့်အချိန်တွေကို ဘယ်နေရာမှာတွေ ဖြုန်းနေမိလဲဆိုတာ မှတ်တမ်းတင်ထားပေးနိုင်ပါတယ်။ ဒီလို App တွေကို အသုံးပြုပါ။ လိုအပ်သလို ပြင်ဆင်ပါ။ Socail media တွေကို အချိန်သတ်မှတ်ပြီးသုံးတာ၊ ဖုန်းအဝင်နဲ့ အခြား အာရုံပျက်စေမယ့် Noti တွေကို ပိတ်ထားတာ စသဖြင့်လည်း အာရုံစူးစိုက်မှု မပျက်အောင် လုပ်ဆောင်နိုင်ပါတယ်။

၂။ အနားယူပါ

တခါတလေမှာ အနားယူဖို့ လိုအပ်နေတာကြောင့် အလုပ်ကို အာရုံမစူးစိုက်နိုင်တာမျိုးဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ခဏလောက် နားလိုက်တာက အကောင်းဆုံးပါပဲ။ ခဏလောက် အနားယူလိုက်မယ်ဆိုရင် စိတ်ပြန်လည် တည်ငြိမ် ကြည်လင်ပြီး အလုပ်ကို အကောင်းဆုံးအာရုံပြန်စိုက်နိုင်ဖို့ အကူအညီဖြစ်စေမှာပါ။

၃။ အလုပ်စားပွဲပေါ်က ပစ္စည်းတွေကို စနစ်တကျထားပါ

အလုပ်စားပွဲပေါ်မှာ ပစ္စည်းတွေ ရှုပ်ယှက်ခတ်နေတာကလည်း အာရုံပျက်စေနိုင်တဲ့ အကြောင်းရင်းတစ်ခုပါပဲ။ ဒါ့ကြောင့် စားပွဲပေါ်က ပစ္စည်းပစ္စယတွေကို သပ်သပ်ရပ်ရပ်ထားပါ။ သင့်စိတ်ကို ရှင်းလင်းတည်ငြိမ်စေပြီး အာရုံစူးစိုက်မှုအပြည့်နဲ့ အလုပ်လုပ်နိုင်စေမှာပါ။

၄။ မနက်စောစောအလုပ်လုပ်ပါ

သင့်အတွက် စိန်ခေါ်မှုအများဆုံးအလုပ်တွေ၊ အခက်ခဲဆုံးအလုပ်တွေကို မနက်ခင်းအစောပိုင်းအချိန်မှာ လုပ်တာ အကောင်းဆုံးပါပဲ။ မနက်ခင်းအစောပိုင်းအချိန်ဟာ ပတ်ဝန်းကျင်အနှောင့်အယှက် အနည်းဆုံးအချိန်ဖြစ်ပါတယ်။ ဒါ့ကြောင့် အာရုံပျက်စရာ အနှောင့်အယှက်တွေမရှိပဲ လုပ်စရာရှိတာကို အကောင်းဆုံးလုပ်နိုင်မှာပါ။

၅။ အပြီးသတ်လုပ်ရမယ့်အချိန်သတ်မှတ်လုပ်ဆောင်ပါ

အလုပ်တွေကို နောက်ဆုံးအပြီးသတ်ရမယ့် အချိန်သတ်မှတ်ထားတာက အာရုံစူးစိုက်နိုင်စေဖို့ အထောက်အကူဖြစ်ပါတယ်။ နောက်ဆုံးအချိန်သတ်မှတ်ထားတာကြောင့် အပြည့်အဝအာရုံစိုက်နိုင်စေပါတယ်။ ခေါင်းရှင်းရှင်းနဲ့ လုပ်စရာရှိတာတွေကို တစ်ခုချင်း အပြီးသတ်လုပ်ဆောင်နိုင်စေမှာဖြစ်ပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

Related Posts

%%footer%%