၁။ အိပ်ရေးပျက်ခြင်း
အိပ်ရေး၀၀ မအိပ်စက်ရပဲ အိပ်ရေးပျက်ခြင်းဟာ သင့်ကို ဆွဲဆောင်မှုလျော့နည်းစေနိုင်ပါတယ်။ အိပ်ရေးပျက်သူတွေဟာ ကြည့်လိုက်ရင် ပိုမိုပင်ပန်းနွမ်းနယ်နေပုံရပြီး ကျန်းမာရေးမကောင်းသူတစ်ယောက်လို ထင်ရပါတယ်။ ဒါ့အပြင် အိပ်ရေးပျက်ပြီး မျက်ကွင်းညိုနေတာတွေကလည်း ဆွဲဆောင်မှုကျစေပါတယ်။
၂။ ဇီဇာကြောင်ခြင်း
ဇီဇာကြောင်ခြင်းဟာလည်း ဆွဲဆောင်မှုနည်းစေတဲ့ အမူအကျင့်တစ်ခုဖြစ်ပါတယ်။ အရာရာကို အပြစ်မြင်နေတာ၊ အဆိုးမြင်စိတ်များတာ၊ ဒေါသကြီးတာ စတဲ့အမူအကျင့်တွေကလည်း သင့်ကို ဆွဲဆောင်မှုနည်းစေနိုင်ပါတယ်။
၃။ ခန္ဓာဗေဒအမူအယာအမှားများ
လက်ပြင်ကုန်းတာ၊ ခါးကိုင်းတာ စတဲ့ ခန္ဓာဗေဒအမူအယာတွေကလည်း သင့်ကို ဆွဲဆောင်မှုနည်းစေနိုင်ပါတယ်။ ထိုင်နေချိန်မှာပဲ ဖြစ်ဖြစ်၊ မတ်တပ်ရပ်နေချိန်မှာပဲဖြစ်ဖြစ် ခန္ဓာကိုယ်ကို မားမားမတ်မတ်ရပ်ပါ။ ယုံကြည်မှုအပြည့်နဲ့ ပါဝါအပြည့်ရှိနေတဲ့ ကိုယ်ဟန်အနေအထားရှိနေပါစေ။
၄။ စိတ်ဖိစီးမှုများခြင်း
စိတ်ဖိစီးမှုများခြင်းဟာ ခန္ဓာကိုယ်အတွင်း ဟော်မုန်းမညီမျှမှုတွေကို ဖြစ်စေနိုင်တာကြောင့် ရုပ်ရည်ဆွဲဆောင်မှုကို ထိခိုက်စေနိုင်ပါတယ်။
၅။ အရမ်းပျော်လွန်းခြင်း၊ ဂုဏ်ယူလွန်းခြင်း
ပျော်ပျော်နေတတ်ခြင်းဟာ ဆွဲဆောင်မှုတစ်ခုဆိုပေမယ့် လိုတာထက်ပိုပြီး ပြုံးရယ်နေတာ၊ မျက်နှာပြောင်လွန်းတာကိုတော့ မိန်းကလေးတွေက မကြိုက်ကြပါဘူး။ ဒါ့ကြောင့် လိုအပ်တာထက် ပိုပျော်မနေပဲ တည်တည်ငြိမ်ငြိမ်နေနိုင်အောင် ကြိုးစားပါ။ မိမိကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲပြီး ဂုဏ်ယူလွန်းခြင်းကလည်း လူအမြင်ကပ်စေနိုင်တဲ့ အကျင့်တစ်ခုဖြစ်ပါတယ်။
၆။ ဟာသဉာဏ်မရှိခြင်း
ဟာသဉာဏ်မရှိခြင်းကလည်း ဆွဲဆောင်မှုကို လျော့နည်းစေနိုင်ပါတယ်။ သင်ကိုယ်တိုင်က ဟာသဉာဏ်မရှိသလို၊ အခြားသတွေ ဟာသပြောတာကိုလည်း နားလည်ဖို့ခက်သူဖြစ်နေမယ်ဆိုရင် သင့်ကို ဘယ်သူကမှ စိတ်၀င်စားမှာ မဟုတ်ပါဘူး။
၇။ အပျင်းကြီးခြင်း
အပျင်းကြီးခြင်းက ဆွဲဆောင်မှုကို လျော့နည်းစေတာ သေချာပါတယ်။ အပျင်းကြီးတဲ့အတွက် မိမိကိုယ်ကို ပြင်ဆင်ထိန်းသိမ်းမှု မရှိပဲ နေတာကြောင့်ရော၊ အပျင်းကြီးတဲ့ အကျင့်ကြောင့်ပါ ဆွဲဆောင်မှုနည်းနိုင်ပါတယ်။
၈။ မရိုးသားခြင်း
ရိုးသားမှုမရှိသူတစ်ယောက်ကို ဘယ်သူကမှ အဖက်လုပ်ချင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ဘယ်ကိစ္စမဆို ရိုးသားဖို့ လိုပါတယ်။ မရိုးမသားနဲ့ ဟန်လုပ်နေတာက အစပိုင်းမှာ အဆင်ပြေနိုင်ပေမယ့် အမှန်ကိုသိသွားချိန်မှာ ဘယ်သူကမှ အထင်ကြီးလေးစားတော့မှာမဟုတ်ပါဘူး။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့
Gentleman Magazine