မှန်ကန်တဲ့လက်ပတ်နာရီကို ဘယ်လိုရွေးချယ်မလဲ

အခုခေတ်မှာ လက်ပတ်နာရီတစ်လုံးဟာ အချိန်သိဖို့ဆိုတာထက် အမျိုးသားတွေအတွက် အဆင်တန်ဆာတစ်ခုလို ဖြစ်နေပါပြီ။ ဒါ့ကြောင့်မှန်ကန်သင့်တော်တဲ့ လက်ပတ်နာရီကို ရွေးချယ်တတ်ဖို့ လိုပါတယ်။ ဝတ်စားထားတဲ့ အဝတ်အစားနဲ့ လိုက်ဖက်ပြီး မှန်ကန်တဲ့အရွေယ်အစားရှိဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် မှန်ကန်တဲ့ လက်ပတ်နာရီ အချိုးအစားကို ရွေးချယ်တတ်စေဖို့ ထည့်သွင်းစဉ်းစားသင့်တဲ့ နည်းလမ်းကောင်းတစ်ချို့ကို ဖော်ပြလိုက်ပါတယ်။

မှန်ကန်တဲ့နာရီအချိုးအစား

လူသားတွေဟာ ပင်ကိုယ်သဘာဝအားဖြင့် ဟန်ချက်ညီမှုကို ခံစားနိုင်စွမ်းရှိကြပါတယ်။ ဒါ့ကြောင့် သင်ဝတ်ထားတဲ့ နာရီက သင့်လက်ကောက်ဝတ်ပေါ်မှာ သေးငယ်နေလား ကြီးလွန်းနေလားဆိုတာကို အကဲဖြတ်နိုင်ပါတယ်။ သေးလွန်းနေတာပဲဖြစ်ဖြစ် ကြီးလွန်းနေတာပဲဖြစ်ဖြစ် ကြည့်ကောင်းစေမှာမဟုတ်ပါဘူး။ ဒီလိုမဖြစ်အောင် လိုက်နာသင့်တဲ့ စည်းမျဉ်းက သင့်လက်ကောက်ဝတ်က ကြီးရင် နာရီကြီးကြီးပတ်ပါ၊ လက်ကောက်ဝတ်က သေးရင် နာရီသေးသေးဖို့ပါပဲ။ လိုက်ဖက်တဲ့နာရီရွေးချယ်နိုင်ဖို့အတွက် သိထားသင့်တဲ့အချက်တွေကတော့ –

နာရီအိမ်ရဲ့ အချင်းအကျယ်

နာရီအိမ် အထူအပါး

နာရီကြိုးရဲ့ အကျယ်

နာရီကြိုး ပြုလုပ်ထားတဲ့အသား

အခြား အသေးစိတ်တွေဖြစ်ပါတယ်။

၁။ နာရီအိမ်ရဲ့ အချင်းအကျယ်

လက်ပတ်နာရီတစ်လုံးနဲ့ပတ်သက်လာရင် နာရီရဲ့မျက်နှာပြင် အဝိုင်း ဒါမှမဟုတ် လေးထောင့်ရဲ့ အကျယ်က အသိသာဆုံးအစိတ်အပိုင်းဖြစ်ပါတယ်။ အမျိုးသားဝတ်လက်ပတ်နာရီတွေရဲ့ မျက်နှာပြင်အချင်းအကျယ်က (၃၈) မီလီမီတာကနေ (၄၆)မီလီမီတာအထိ ရှိနိုင်ပါတယ်။ (၄၆) မီလီမီတာထက် ပိုကျယ်တဲ့နာရီတွေက ကြီးလွန်းပြီး ပိုမှန်ထက်ပိုပြီး ထူးထူးကဲကဲဝတ်စားဆင်ယင်ချိန်မှသာ ဝတ်သင့်ပါတယ်။ (၃၈)မီလီလီတာထက် ငယ်တာတွေကတော့ မိန်းကလေးတွေနဲ့ ပိုသင့်တော်ပါတယ်။ လက်ရဲ့လက်ကောက်ဝတ်အရွယ်အစားကို တိုင်းကြည့်ပါ။ လက်ကောက်ဝတ်ပတ်ပတ်လည် အတိုင်းအတာက ၆ လက်မကနေ ၇ လက်မလောက်ရှိမေယ်ဆိုရင် နာရီမျက်နှာပြင် အသေးတွေကို ဝတ်ပါ။ လက်ကောက်ဝတ်ပတ်လည်က ၇ လက်မထက်ရှိမယ်ဆိုရင် နာရီအကြီးတွေကို ဝတ်ဆင်သင့်ပါတယ်။

၂။ နာရီအိမ် အထူအပါး

နာရီအိမ်ရဲ့ အထူအပါးက နာရီမျက်နှာပြင်နဲ့ တိုက်ရိုက်အချိုးကျနေလေ့ရှိပါတယ်။ နာရီမျက်နှာပြင်ကျယ်ရင် နာရီအိမ်လည်း ထူပါတယ်။ ဒါ့ကြောင့် သင့်လက်ဖျံနဲ့ လိုက်ဖက်တဲ့ နာရီမျက်နှာပြင်အချိုးအစားကို ရွေးချယ်နိုင်ပြီဆိုရင် နာရီအိမ်အထူအပါးကိုလည်း အဆင်ပြေအောင်ရွေးချယ်ပြီးသားဖြစ်မှာပါ။

၃။ နာရီကြိုးအကျယ်

အချိုးအစားကျနအောင် ထုတ်လုပ်ထားတဲ့လက်ပတ်နာရီတွေမှာ နာရီကြိုးရဲ့ အကျယ်က နာရီမျက်နှာပြင်ရဲ့ ထက်ဝက်ဖြစ်အောင် ထုတ်လုပ်ထားလေ့ရှိပါတယ်။ နာရီမျက်နှာပြင်အချင်းက (၄၀)မီလီမီတာ ရှိမယ်ဆိုရင် နာရီကြိုးရဲ့ အကျယ်က (၂၀)မီလီလီတာ ရှိပါတယ်။ ဒါပေမယ့် သင့်အကြိုက်ပုံစံကို လိုက်ပြီး နာရီကြိုးအကျယ်ကို ရွေးချယ်နိုင်ပါတယ်။ လက်ကောက်ဝတ်သေးရင် ကြိုးသေးသေးသာပတ်သင့်ပါတယ်။ လက်ကောက်ဝတ်ကြီးရင်တော့ ကြိုးကြီးကြီးပတ်နိုင်ပါတယ်။

၄။ နာရီကြိုးကို ပြုလုပ်ထားသည့် အသား

နာရီကြိုးကို အသားအမျိုးမျိုးနဲ့ ပြုလုပ်လေ့ရှိပါတယ်။ စတီးလက်ပတ်ကြိုး၊ လည်သာကြိုးတွေကတော့ အမျိုးသားဝတ်နာရီတွေမှာ တွေ့ရလေ့ရှိတဲ့ လက်ပတ်ကြိုးတွေဖြစ်ပါတယ်။ အမြင်အားဖြင့်ဆိုရင် လည်သာကြိုးတွေက ပေါ့ပေါ့ပါးပါးပုံစံရှိပြီး စတီးကြီုးတွေက လေးလံကြီးမားတဲ့ပုံစံကို ဆောင်ပါတယ်။ ဒါကလည်း သင့်အကြိုက်ကိုလိုက်ပြီး ရွေးချယ်နိုင်ပါတယ်။

၅။ အသေးစိတ်အပြင်အဆင်များ

လက်ပတ်နာရီတစ်လုံးရဲ့ အသေးစိတ်အပြင်အဆင်တွေကလည်း အရေးကြီးပါတယ်။ အချိန်ကို ဂဏန်းတွေနဲ့ ပြတာလား၊ အခြားအမှတ်အသားလား၊ နာရီတံ၊ မိနစ်တံတို့ရဲ့ ပုံစံဒီဇိုင်း၊ အချိန်ညှိတဲ့ခလုတ်ဒီဇိုင်း စသဖြင့် အားလုံးကို သေချာကြည့်ပြီး ရွေးချယ်သင့်ပါတယ်။ အသေးစိတ်အပြင်အဆင်တွေက နာရီမျက်နှာပြင်အရွယ်အစားနဲ့ လိုက်ဖက်မှုရှိဖို့ လိုပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

Related Posts

%%footer%%