အချစ်ရေး ပျက်စီးတော့မည့် လက္ခဏာ (၉)ခု

ချစ်သူနှစ်ဦးကြားဆက်ဆံရေးတွေ အဆိုးရွားဆုံးအခြေအနေကို မရောက်ခင်မှာ အခြေအနေမကောင်းတဲ့ လက္ခဏာတွေရှိတတ်ပါတယ်။ ဒီလိုလက္ခဏာတွေကို တွေ့မြင်ခံစားလာရပြီဆိုရင် နှစ်ဦးကြားက အချစ်ရေးကို အချိန်မှီးပြန်လည်ပြုပြင်မလား၊ ဒီအတိုင်းအဆုံးသတ်လိုက်မလားဆိုတာကို ရွေးချယ်ရမှာပါ။ ဒီတော့ အချစ်ရေး အခြေအနေမကောင်းတဲ့ လက္ခဏာတွေက ဘာတွေဖြစ်မလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

၁။ အဆက်အသွယ် နည်းလာမယ်

ချစ်သူနှစ်ဦးကြားမှာ ဆက်ဆံရေးပျက်စီးတော့မယ်ဆိုရင် ပထမဆုံးမြင်တွေ့ရတဲ့လက္ခဏာက အဆက်အသွယ်တွေ ပြတ်လာတာပဲဖြစ်ပါတယ်။ တစ်ယောက်ယောက်က ဒီဆက်ဆံရေးကို စိတ်ပျက်အဆုံးသတ်ချင်နေပြီဆိုရင် ပထမဆုံး လုပ်တာက အဆက်အသွယ်မလုပ်တော့တာပါပဲ။ စိတ်ခံစားမှုပိုင်းကို ပြင်ဆင်နေတာဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေကို အချိန်မှီမပြင်ဆင်ပဲ စသွားနေမယ်ဆိုရင် နားလည်မှုလွဲတာနဲ့ ရန်ဖြစ်စကားများတာတွေကို ကြုံရနိုင်ပါတယ်။

၂။ အမူအယာတွေ ပျက်လာမယ်

သင့်ကောင်မလေးမှာ ပုံမှန်မဟုတ်တဲ့ အပြုအမူပြောင်းလဲမှုတွေ၊ အမူအယာပျက်တာတွေ တွေ့နေရပါသလား။ ပုံမှန်လုပ်ရိုးလုပ်စဉ်မဟုတ်တာတွေ လုပ်နေပြီး မေးလိုက်ရင်လည်း အကြောက်အကန်တွေ ပြန်ရန်တွေ့နေပသါလား။ ဒါဆိုရင်တော့ အခြေအနေမကောင်းပါဘူး။ သေချာ မျက်နှာချင်းဆိုင်ဆွေးနွေးအဖြေရှာဖို့ လိုပါတယ်။

၃။ ပုံမှန်မဟုတ်တဲ့ တစ်ယောက်ထဲလုပ်ရှားမှုတွေ

အချစ်ရေးအဆင်ပြေတဲ့ ချစ်သူစုံတွဲတွေက ကျောချင်းဆက်အမွှာတွေလိုပါပဲ။ အမြဲတမ်း နှစ်ယောက်တပူးပူးတတွဲတွဲ တွေ့ရတတ်ပါတယ်။ အချစ်ရေးမှာ အဆင်မပြေတဲ့လက္ခဏာတစ်ခုက သင့်ကောင်မလေးက သင်မပါတဲ့တစ်ယောက်ထဲ လှုပ်ရှားမှုတွေကို ပိုလုပ်နေတာပဲဖြစ်ပါတယ်။ ရုတ်တရက်ကြီး အလုပ်ပြန်ချိန်တွေနောက်ကျလာတာ၊ မတွေ့တာကြာတဲ့ သူငယ်ချင်းတွေနဲ့ သွားတွေ့တာ၊ နေရာအသစ်တွေကို တစ်ယောက်ထဲသွားတာ စတာတွေအားလုံး အကျုံးဝင်ပါတယ်။

၄။ ရှေ့ရေးတိုင်ပင်ဆွေးနွေးဖို့ ရှောင်နေမယ်

သင့်အနေနဲ့ အတူတူသွားချင်တဲ့ ခရီးတွေ၊ အတူတူလုပ်ချင်တဲ့ကိစ္စတွေ၊ အိမ်ဝယ်ဖို့၊ မင်္ဂလာဆောင်ဖို့ စသဖြင့် ရှေ့ရေးတွေ ပြောချင်နေပေမယ့် သင့်ကောင်မလေးက စိတ်မဝင်စားသလို စကားလမ်းကြောင်းလွှဲနေမယ်ဆိုရင် သူမအတွက် သင့်နဲ့ပတ်သက်တဲ့ ရှေ့ရေးမရေရာလို့ပါပဲ။ သင်နဲ့အတူရှေ့ဆက်ဖို့ထက် ပိုလေးနက်တဲ့အကြောင်းအရာတွေ ရှိနေလို့လည်း ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူမရှေ့ရေးမှာ သင်က အရေးမပါတာတော့ သေချာပါတယ်။

၅။ ဆက်သွယ်ရခက်လာမယ်

ချစ်စခင်စမှာတော့ သင့်ကောင်မလေးဆီကို ဆက်သွယ်ရတာ လွယ်ပါလိမ့်မယ်။ ဖုန်းဆက်လိုက်ရင် အမြဲတမ်းကိုင်သလို၊ စာပို့လိုက်ရင်လည်း ချက်ချင်းပြန်ပါလိမ့်မယ်။ တစ်ခုခုလိုအပ်ရင် အဆင်သင့်ရှိနေမှာပါ။ အခု ဖုန်းခေါ်ရင်လည်း ကိုင်ချင်မှ ကိုင်သလို ပြန်ခေါ်ချင်မှလည်း ခေါ်တယ်။ စာပို့ရင်လည်း အရင်လို ချက်ချင်းမပြန်တော့သလို တွေ့ဖို့ချိန်းရင်လည်း အကြောင်းအမျိုးမျိုးနဲ့ ရှောင်နေမယ်ဆိုရင် အခြေအနေမကောင်းတော့တဲ့လက္ခဏာပါပဲ။

၆။ လျို့ဝှက်ဖုန်းခေါ်တာ စာပို့တာ

သင့်ကောင်မလေးက ရုတ်တရက်ကြီး သူမရဲ့ဖုန်းကို လျို့ဝှက်လာသလို၊ ဖုန်းခေါ်ဆိုမှုနဲ့ စာတွေကိုလည်း သင်မမြင်အောင် ကွယ်ဝှက်နေတာက အကြီးကြီးသတိထားစရာအခြေအနေတစ်ခုပါပဲ။ ဖုန်းလာတဲ့အခါမှာ သင်မကြားနိုင်တဲ့နေရာကို သွားပြောတာ၊ သင်နဲ့စကားပြောဖို့ထက် ဖုန်းကနေ စာပို့တာကို ပိုအာရုံစိုက်နေတာတွေ ဖြစ်နေပြီဆိုရင် အကျေအလည်ဆွေးနွေးဖို့ အချိန်ပါပဲ။

၇။ တစ်ယောက်ထဲ ဆုံးဖြတ်ချက်တွေ ချတယ်

အဆင်ပြေပျော်ရွှင်တဲ့ ချစ်သူစုံတွဲတိုင်းဟာ ဘယ်ကိစ္စမဆိုပြောဆိုတိုင်ပင်လေ့ရှိပါတယ်။ သင့်ကောင်မလေးက သင့်ကို ဘာတစ်ခွန်းမှ မပြောပဲ သူမလုပ်ချင်ရာလုပ်ပြီးမှ သင့်ကို အသိပေးမယ်ဆိုရင် သင်မရှိလည်းဖြစ်တယ်ဆိုတဲ့ သဘောပါပဲ။

၈။ သူငယ်ချင်းအသစ်တွေ ရှိလာမယ်

များသောအားဖြင့် ချစ်သူစုံတွဲမှာ နှစ်ယောက်စလုံးက သိတဲ့ အသိမိတ်ဆွေတွေ ရှိတတ်ကြပါတယ်။ တစ်ယောက်ချင်းစီရဲ့ သူငယ်ချင်းတွေကိုလည်း အပြန်အလှန်သိကြပါတယ်။ သင့်ကောင်မလေးက သင်သိပြီးသား သူငယ်ချင်းတွေနဲ့မဟုတ်ပဲ အခြားသူငယ်ချင်းအသစ်တွေနဲ့ ပိုပြီးအချိန်ကုန်နေမယ်ဆိုရင် သင့်အတွက် အချိန်မပေးချင်တော့တဲ့ လက္ခဏာပါပဲ။ ဒီအချက်ကလည်း သင်တို့နှစ်ဦးက အချစ်တွေ လျော့လာတယ်ဆိုတာ ဖော်ပြနေပါတယ်။

၉။ မျက်လုံးချင်းဆုံအောင်ကြည့်ဖို့ ရှောင်လာတယ်

ချစ်သူနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် နှစ်လိုဖွယ်ရာမျက်လုံးအကြည့်တွေ မရှိတော့ဘူးဆိုရင် ဆက်ဆံရေးပျက်ယွင်းတော့မယ့် လက္ခဏာပါပဲ။ သင်ကောင်မလေးက ဒီလိုမကြည့်နိုင်တော့တာဟာ အပြစ်တစ်ခုခု ခံစားမိနေလို့သော်လည်းကောင်း၊ သင့်ကို မချစ်မနှစ်သက်တော့လို့သော်လည်းကောင်း၊ သင်နဲ့ပတ်သက်ပြီး ဘာစိတ်ကူးမှ မရှိလို့သော်လည်းကောင်းဖြစ်နိုင်ပါတယ်။ ဒီလိုဆိုရင် သူမအနေနဲ့ စိတ်ချင်းဝေးနေပြီဖြစ်သလို လူချင်းဝေးဖို့ကိုလည်း အဆင်သင့်ဖြစ်နေလောက်ပါပြီ။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

Related Posts

%%footer%%