သွားတွေ ဖြူစင်စေဖို့ နည်းလမ်းကောင်း (၇)ခု

သွားဖြူစင်ခြင်းဟာ ဆွဲဆောင်မှုတစ်မျိုးဖြစ်ပါတယ်။ ယုံကြည်မှုရှိရှိနဲ့ ပြုံးရယ်နိုင်စေနိုင်ဖို့ သွားတွေကို ဖြူစင်စေနိုင်မယ့် နည်းလမ်းကောင်းတချို့ကို ဝေမျှပေးလိုက်ပါတယ်။

၁။ သင့်ရဲ့သွားတိုက်တံကို အဆင့်မြင့်ပါ

သင့်အနေနဲ့ သွားတိုက်တံအမျိုးအစားတစ်ခုထဲကိုပဲ နှစ်ပေါက်အောင် သုံးခဲ့တယ်ဆိုရင် အဆင့်မြှင့်ရမယ့် အချိန်ပဲဖြစ်ပါတယ်။ အလွယ်ကူဆုံးနည်းလမ်းက သွားတိုက်တံ အမျှင်လေးတွေကို ကြည့်တာပါပဲ။ သွားတိုက်တံရဲ့ အမျှင်လေးတွေက အပြင်ဖက်ကို ကားထွက်နေပြီဆိုရင် သွားတိုက်တံအသစ်လဲသင့်တဲ့အချိန်ဖြစ်ပါတယ်။ အသစ်လဲတဲ့နေရာမှာ တန်ဖိုးကြီးတာဖြစ်ဖို့ မလိုပါဘူး။ နူးညံ့တဲ့ အမွှေးအမျှင်တွေရှိပြီး သွားမျက်နှာပြင်နဲ့ သွားတွေကြားထဲကို ထိထိရောက်ရောက် သန့်ရှင်းပေးနိုင်မယ့် ဒီဇိုင်းဖြစ်ဖို့ပဲ လိုပါတယ်။

၂။ လျှာကိုပါ တိုက်ပါ

သင့်ရဲ့ လျှာပေါ်မှာ ဘက်တီးရီးယားတွေ အမြဲတမ်းရှိနေနိုင်ပါတယ်။ ဒါ့ကြောင့် သွားတိုက်တဲ့အခါ လျှာကိုပါ တိုက်ပေးပြီး ဘက်တီရီးယားတွေကို ရှင်းထုတ်ပစ်ဖို့ လိုပါတယ်။ လျှာကိုပါမတိုက်ဘူးဆိုရင် ဘက်တီးရီးယားတွေ စုပြုံများပြားလာပြီး သွားတွေမှာ အစွန်းတွေ စွန်းထင်လာနိုင်ပါတယ်။

၃။ ခံတွင်းသန့်စင်ဆေးရည်သုံးပါ

ခံတွင်း သန့်စင်ဆေးရည်သုံးခြင်းက ဘက်တီရီးယားတွေ များမလာအောင် လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် ခံတွင်းကို လန်းဆန်းစေပြီး သွားတွေ ဆွေးမြေ့ခြင်းကိုလည်း ကာကွယ်နိုင်ပါတယ်။ သွားတွေဖြူစင်ဖို့အတွက်ဆိုရင်တော့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ဒ် ပါဝင်တဲ့ ခံတွင်းသန့်စင်ဆေးရည်ကို သုံးသင့်ပါတယ်။

၄။ အသီးနဲ့ အရွက်အစိမ်းတွေ စားပါ

ချက်ပြုတ်မထားရသေးတဲ့ အသီးနဲ့ ဟင်းသီးဟင်းရွက် အစိမ်းတွေကို စားခြင်းက သွားတိုက်သလိုဖြစ်စေနိုင်တာကြောင့် သွားတွေကို သန့်ရှင်းဖြူစင်စေနိုင်ပါတယ်။

၅။ အက်ဆစ်ဓာတ်များတဲ့ စားသောက်စရာတွေ စားသောက်ပြီးရင် ပလုပ်ကျင်းပါ

လိမ္မော်သီး၊ သံပုရာသီး၊ ဆိုဒါနဲ့ အခြားအချဉ်ဓာတ်များတဲ့ အသီးအနှံနဲ့ သောက်စရာတွေက သွားတွေရဲ့ အပေါ်ယံအလွှာလေးကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါ့ကြောင့် တစ်နေ့နှစ်ကြိမ် မှန်မှန်သုံးတိုက်သင့်ပါတယ်။ အစားအစာတွေမှာ ပါဝင်တဲ့ အက်ဆစ်ဓာတ်ဟာ စားသောက်ပြီး ၁၅ နာရီကြာချိန်မှာ သွားရဲ့အပေါ်ယံအလွှာကို စတင်တိုက်စားတာကြောင့်ဖြစ်ပါတယ်။

၆။ သွားဖြူစေတဲ့ သွားတိုက်ဆေးသုံးပါ

သွားတွေကို ဖြူစင်စေနိုင်တဲ့ သွားတိုက်ဆေးအမျိုးမျိုးကို ဈေးကွက်ထဲမှာ ရရှိနိုင်ပါတယ်။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက် ပါဝင်တဲ့ သွားတိုက်ဆေးတွေက သွားကို တဖြည်းဖြည်းချင်းသာ ဖြူစေနိုင်ပါတယ်။ ဒါ့ကြောင့် ရေရှည်စွဲသုံးပေးဖို့ လိုပါတယ်။

၇။ သွားဖြူစေတဲ့ ပီကေ စားပါ

ပီကေတိုင်းက သင့်ကို သွားရည်ထွက်အောင် လုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် သွားဖြူအောင်တော့ မလုပ်ပေးနိုင်ပါဘူး။ သွားတွေမှာ စွန်းထင်းနေတဲ့အညစ်အကြေးတွေကို သန့်စင်ပေးနိုင်တဲ့ ဓာတ်ပစ္စည်းထည့်သွင်းပြုလုပ်ထားတဲ့ ပီကေတွေ ရှိပါတယ်။ ဒါ့ကြောင့် အစားစားပြီးတိုင်း သွားဖြူစေတဲ့ ပီကေစားပေးရုံနဲ့ ဖြူစင်လှပတဲ့ သွားတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

Related Posts

%%footer%%