အမျိုးသားအများစုမှာ လက်ဝတ်လက်စားတွေက အမျိုးသမီးတွေအတွက်သာ ဖြစ်တယ်လို့ အစွဲရှိကြပါတယ်။
ဒါက မှားယွင်းနေတဲ့ အယူအဆတစ်ခုပါပဲ။ လက်ဝတ်လက်စားတွေကို ဝတ်တတ်စားတတ်မယ်ဆိုရင် ခပ်မိုက်မိုက် စတိုင်ကို ရစေနိုင်ပါတယ်။
ဒီတော့ အမျိုးသားတွေအနေနဲ့ စဉ်းစားသင့်တဲ့ လက်ဝတ်လက်စား (၅)ခုကို ဖော်ပြပေးချင်ပါတယ်။
၁။ လက်ပတ်ကြိုး
လက်ပတ်ကြိုးတွေက အမျိုးသားရော အမျိုးသမီးမှာပါ ဝတ်ဆင်လို့ရနိုင်ပါတယ်။ လက်ပတ်ကြိုးတွေမှာ ဒီဇိုင်း၊ ပြုလုပ်ထားတဲ့ အသားနဲ့ အလှဆင်ထားတဲ့ပုံစံတွေအမျိုးမျိုးရှိနိုင်ပါတယ်။ အဖိုးတန်ကျောက်တွေနဲ့ လုပ်ထားတာရှိသလို ပုတီးစေ့တွေ၊ သတ္တုတွေလည်း လုပ်ထားနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဝတ်ဆင်မယ့်အဝတ်အစားကို စတိုင်ကျအောင် ပံ့ပိုးကူညီပေးနိုင်မယ့် လက်ပတ်ကြိုးမျိုးကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။
၂။ လက်စွပ်
အမျိုးသားဝတ် လက်ဝတ်လက်စားနဲ့ပတ်သက်လာရင် လက်စွပ်တွေက ရိုးရှင်းစွာနဲ့ ဘယ်အချိန်ဖြစ်ဖြစ် ဝတ်ဆင်သင့်တဲ့ အရာတွေပါပဲ။ အမျိုးသားတစ်ယောက်ရဲ့ လက်စွပ်က ပါဝါနဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြနိုင်ပါတယ်။ လက်စွပ်တွေက သင့်ရဲ ပါဝါကို ဖော်ပြနိုင်တဲ့အတွက် လက်စွပ်ရွေးချယ်ရာမှာ ဂရုစိုက်ဖို့ လိုပါတယ်။
၃။ ဆွဲကြိုး
နောက်ထပ် ဘယ်သောအခါမှ ခေတ်မကုန်သွားတဲ့ အဆင်တန်ဆာတစ်ခုကတော့ ဆွဲကြိုးဖြစ်ပါတယ်။ ဆွဲကြိုးပုံစံ ဒီဇိုင်းတွေ အများကြီးထဲမှာမှ သင့်အတွက် အလိုက်ဖက်ဆုံးကို ရွေးချယ်တတ်ဖို့တော့ လိုပါတယ်။
၄။ လက်ကြယ်သီး
အင်္ကျီလက်ကြယ်သီးတွေဟာလည်း အမျိုးသားတွေအတွက် လက်ဝတ်လက်စားတစ်ခုလို့ ပြောလို့ရပါတယ်။ လက်ကြယ်သီးတွေမှာလည်း ဒီဇိုင်းပုံစံ၊ အရောင်နဲ့ ပြုလုပ်ထားတဲ့အသားအမျိုးမျိုးရှိပါတယ်။ လက်ကြယ်သီးတွေက သင့်ရဲ့ ဝတ်စုံကို ပိုမိုကြည့်ကောင်းအောင် အားဖြည့်ပေးတဲ့အရာတွေလည်းဖြစ်ပါတယ်။
၅။ လည်စီးကလစ်
နောက်ဆုံးတစ်ခုက သင့်ရဲ့ လည်စီး(နက်ခတိုင်)ကို နေသားတစ်ကျဖြစ်နေအောင် ထိန်ထားပေးမယ့် လည်စီးကလစ်ဖြစ်ပါတယ်။ လည်စီးကလစ်တွေဟာ သင့်ရင်ဘတ်ကို လူတွေကြည့်ဖြစ်အောင် စွဲဆောင်နိုင်စွမ်းရှိပါတယ်။ သင်ဝတ်ဆင်ထားတဲ့ လည်စည်းနဲ့ လိုက်ဖက်ဖို့တော့ လိုပါတယ်။ လည်စည်းအသေးလေးကို ကလစ်အကြီးနဲ့ဆိုရင် ကြည့်မကောင်းသလို ကလစ်အသေးနဲ့ လည်စီးအပြားအကြီးကလည်း မလိုက်ဖက်ပါဘူး။
မိန်းကလေးတိုင်းတောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့
Gentleman Magazine