ချစ်သူစုံတွဲတွေ ကြားထဲမှာ အမြဲတမ်း ပျော်ရွှင်ကြည်နူးနေရတယ်ဆိုတာ မရှိပါဘူး။ ပြီးပြည့်စုံအောင် ပျော်ရွှင်နေရတဲ့ စုံတွဲတွေဆိုတာ ဒစ္စနေးကာတွန်းကားတွေထဲမှာပဲ ရှိပါလိမ့်မယ်။ တကယ့်လက်တွေ့ဘဝမှာ စုံတွဲတွေက ရန်ဖြစ်စကားများကြပါတယ်။ နည်းနည်းဖြစ်တာနဲ့ များများဖြစ်တာပဲရှိပါလိမ့်မယ် ရန်မဖြစ်တဲ့ စုံတွဲဆိုတာတော့ မရှိပါဘူး။ ဒီနေရာမှာ ဘယ်တော့မှ ရန်မဖြစ်ဘူးလို့ ထင်ရလောက်အောင် စကားများရန်ဖြစ်ခဲတဲ့ ချစ်သူစုံတွဲတချို့လည်း ရှိပါတယ်။