တစ်နေ့တာကို အကောင်းဆုံးဖြတ်သန်းနိုင်ဖို့ မနက်ခင်းအလေ့အကျင့် (၉)ခု

သင့်ရဲ့ တစ်ရက်တာက ပင်ပန်းနွမ်းနယ်ပြီး အလုပ်ပြီးမြောက်မှုတွေ လျော့နည်းနေပါသလား။ ဒါဆိုရင်တော့ သင့်ရဲ့ မနက်ခင်းကို ဖြတ်သန်းပုံနည်းလမ်း မမှန်လို့ပဲ ဖြစ်ပါလိမ့်မယ်။ တစ်ရက်တာရဲ့ ပထမဆုံးအချိန်တွေက တစ်နေ့လုံးအတွက် အကျိုးသက်ရောက်မှုရှိပါတယ်။ သင့်ရဲ့မနက်ခင်းကို ကျန်းမာရေးနဲ့ ညီညွတ်စွာ အကောင်းဆုံးဖြတ်သန်းနိုင်မယ့် နည်းလမ်း (၁၀)ခုကို ဖော်ပြလိုက်ပါတယ်။

၁။ မနက်ခင်းအတွက် ညကတည်းက ပြင်ဆင်ပါ

နောက်တစ်နေ့မနက်မှာ လိုအပ်မယ်ထင်တဲ့အရာတွေကို ညဖက်မှာကတည်းက ကြိုတင်ပြင်ဆင်ထားတာက မနက်ခင်းမှာ အချိန်ကုန်သက်သာပြီး စိတ်အေးသက်သာစေနိုင်ပါတယ်။ ညခင်းပိုင်းအချိန်ကို တီဗွီကြည့်ရင်း၊ သူငယ်ချင်းတွေနဲ့ သောက်စားရင်း၊ ဂိမ်းကစားရင်း ကုန်ဆုံးသွားမယ့်အစား မနက်ဖြန်အတွက် ဝတ်ဆင်မယ့်အဝတ်အစား၊ ယူဆောင်သွားရမယ့် ပစ္စည်းတွေ စသဖြင့် လိုအပ်တာတွေကို ကြိုတင်ပြင်ဆင်ပါ။

၂။ ပုံမှန် အိပ်ရာထချိန် ရှိပါစေ

လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ဇီဝနာရီရှိပါတယ်။ ရုံးပိတ်ရက်ဖြစ်ဖြစ်၊ ရုံးဖွင့်ရက်ဖြစ်ဖြစ် ပုံမှန်အချိန်သတ်မှတ်ပြီး အိပ်ရာထခြင်းက သင့်ခန္ဓာကိုယ်ထဲက ဇီဝနာရီကို ပုံမှန်အတိုင်းအလုပ်လုပ်နေစေပါတယ်။ ဒီလို အချိန်မှန်မှန်အလုပ်လုပ်နေတဲ့အတွက် နိုးထချိန်တိုင်းမှာ စိတ်ကြည်လင်လန်းဆန်းနေပြီး အလုပ်ပြီးမြောက်မှု တိုးတက်စေပါတယ်။ ဒါ့ကြောင့် နေ့တိုင်း အိပ်ရာထချိန်မှန်မှန်ထနိုင်အောင် ကြိုးစားပါ။

၃။ နှိုးစက်အချိန်ရွှေ့တဲ့ခလုပ်ကို မသုံးပါနဲ့

မနက်ခင်းမှာ အိပ်ရာထရတာက လွယ်ကူတဲ့အလုပ်တစ်ခုတော့မဟုတ်ပါဘူး။ အိပ်ရာကထဖို့ နှိုးစက်ပေးထားရင် ဖြစ်နိုင်ချေရှိတဲ့ အချိန်တစ်ခုထဲကိုသာ ပေးထားပါ။ ၁၀ မိနစ်ခြားတစ်ခါ နှိုးစက်တွေပေးထားပြီး ပိတ်လိုက် ပြန်အိပ်လိုက်လုပ်နေတာက အိပ်ရေးလည်းမဝသလို အိပ်ရာထတဲ့အခါ စိတ်ကြည်လင်နေမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် နှိုးစက်မြည်လာတာနဲ့ ချက်ချင်းအိပ်ရာက ထပါ။ ပိတ်ပြီးပြန်အိမ်တာ အကျင့်ပါသွားရင် နှိုးစက်က အသုံးဝင်တော့မှာမဟုတ်ပါဘူး။

၄။ မနက်ခင်းမှာ ဖုန်းတွေ၊ ကွန်ပျူတာတွေ မသုံးပါနဲ့

မနက်အိပ်ရာက နိုးနိုးချင်း၊ အိပ်ရာထဲက မထပဲ ဖုန်းတန်းသုံးတာက တစ်နေ့လုံး စိတ်အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ အကျင့်တစ်ခုပါပဲ။ သင့်အနေနဲ့ အိပ်ရာထဲက မထွက်ရသေးခင်မှာပဲ အာရုံစူးစိုက်မှုနဲ့ စိတ်ခွန်အားတွေ ဆုံးရှုံးသွားနိုင်ပါတယ်။ ဒါ့ကြောင့် အနည်းဆုံးအိပ်ရာကထပြီး မိနစ် ၃၀ လောက်ကြာပြီးမှသာ ဖုန်းတွေ ကွန်ပျူတာတွေကို သုံးသင့်ပါတယ်။

၅။ ရေသောက်ပါ

မနက်ခင်းစောစောစီးစီးမှာ ရေသောက်ခြင်းက သင့်ရဲ့ ခန္ဓာကိုယ်အတွက်ရော စိတ်အတွက်ကိုပါ အကျိုးရှိစေနိုင်ပါတယ်။ တစ်ညလုံး ရေမသောက်ပဲ အိပ်စက်နေတဲ့ခန္ဓာကိုယ်ကို ရေဓာတ်ပြန်လည်ဖြည့်တင်းရာရောက်ပြီး ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်မှန်ကန်စေနိုင်ပါတယ်။ ဦးနှောက်ကိုလည်း တစ်နေ့တာအတွက် အားအင်သစ်တွေရစေပြီး အာခြောက်ခြင်းကိုလည်း ပြေပျောက်စေနိုင်ပါတယ်။

၆။ မနက်စာစားပါ

မနက်ခင်းမှာ ကျန်းမာရေးနဲ့ညီညွတ်မျှတတဲ့ မနက်စာနဲ့ ခန္ဓာကိုယ်ကို အားဖြည့်ဖို့ အရေးကြီးပါတယ်။ ဒါမှသာ တစ်နေ့တာလုံးအတွက် လိုအပ်တဲ့ စွမ်းအင်ကို ရရှိနိုင်မှာဖြစ်ပါတယ်။

၇။ လေ့ကျင့်ခန်းလုပ်ပါ

မနက်ခင်းအစောပိုင်းအချိန်မှာ အပြေးလေ့ကျင့်တာ ဒါမှမဟုတ် အခြားကိုယ်လက်လှုပ်ရှားမှုတစ်ခုခုကို လုပ်ဆောင်ပါ။ လေ့ကျင့်ခန်းတွေ မလုပ်နိုင်ရင်လည်း ခွေးကျောင်းတာ၊ လမ်းလျှောက်တာ၊ အကြောလျှော့လေ့ကျင့်ခန်းလေးတွေ လုပ်တာ စသဖြင့် လှုပ်လှုပ်ရှားရှားရှိမယ့်အရာတွေကို လုပ်ဆောင်ပါ။

၈။ ကျေးဇူးတရားကို ဆင်ခြင်ပါ

မျက်နှာသစ် သွားတိုက်နေတဲ့အချိန်မှာပဲဖြစ်ဖြစ်၊ ရေချိုးနေတဲ့အချိန်မှာပဲဖြစ်ဖြစ် လက်ရှိသင့်ဘဝမှာ ကျေနပ်စရာကောင်းတဲ့ အရာသုံးခုအကြောင်းကို တွေးပြီး ကျေးဇူးတင်ကြောင်း နှုတ်ကနေ ထုတ်ပြောပါ။ ဥပမာ – ကျောခင်းအိပ်စရာ မိုးလုံလေလုံ အိမ်တစ်ခုရှိနေလို့ ကျေးဇူးတင်ကြောင်း ပြောဆိုတာမျိုးဖြစ်ပါတယ်။ လူအများစုက မရသေးတဲ့အရာတွေ၊ လိုချင်တာတွေကို အာရုံစိုက်နေကြတဲ့အတွက် လက်ရှိပိုင်ဆိုင်ထားတာတွေရဲ့ ကျေးဇူးကို မေ့နေတတ်ကြပါတယ်။ ဒါ့ကြောင့် လက်ရှိပိုင်ဆိုင်ထားတာတွေကို ဆင်ခြင်သုံးသပ်ပြီး ကျေးဇူးသိတတ်ခြင်းအားဖြင့် စိတ်ဖိစီးမှုတွေလျော့နည်းစေနိုင်ပါတယ်။

၉။ သွားလာလှုပ်ရှားဖို့ အချိန်အလုံအလောက်ယူပါ

မနက်ခင်းပိုင်းမှာ ယာဉ်ကြောပိတ်ဆို့တာ၊ အလုပ်ချိန်နောက်ကျတာတွေလောက် စိတ်ဖိစီးမှုများစေတဲ့အကြောင်းအရာ မရှိနိုင်ပါတယ်။ ဒါ့ကြောင့် အိမ်ကနောက်ဆုံးထွက်သင့်တဲ့ အချိန်ထက် အနည်းဆုံး ၁၅ မိနစ်လောက် စောထွက်တဲ့ အလေ့အကျင့်ကို ပျိုးထောင်ထားပါ။ ဒါဆိုရင် အလုပ်ကို အချိန်မှီရောက်ဖို့ အလောတကြီးသွားစရာမလိုသလို စိတ်ဖီစီးနေရမှာလည်း မဟုတ်တော့တဲ့အတွက် လုပ်စရာရှိတာတွေကို အပြည့်အဝအာရုံစိုက်လုပ်ဆောင်နိုင်စေမှာဖြစ်ပါတယ်။

မိန်းကလေးတိုင်းတောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

Related Posts

%%footer%%