အချိန်ရွှေ့ဆိုင်းတတ်တဲ့ အလေ့အကျင့်ကို ဖျောက်ဖျက်နိုင်ဖို့ နည်းလမ်း (၇)ခု

သင်က အချိန်ဆွဲတတ်တဲ့သူတစ်ယောက်လား…?

ရူပဗေဒပညာရပ်မှာ သင်ကြားရတဲ့ အီနားရှားဥပဒေသနှစ်ခုက အချိန်ရွှေ့ဆိုင်းခြင်နဲ့ ပတ်သက်ဆက်နွယ်နေပါတယ်။ ရပ်တန့်နေတဲ့ အရာဝတ္ထုတစ်ခုက ဆက်ပြီးရပ်တန့်ချင်နေသလို ရွေ့လျားနေတဲ့အရာတစ်ခုကလည်း ဆက်လက်ရပ်တန့်နေလိုတယ်ဆိုတဲ့ ဥပဒေသတွေဖြစ်ပါတယ်။ သင်ကရော ဘယ်အထဲမှာပါဝင်ပါသလဲ၊ ရပ်တန့်နေသူလား ရွေ့လျားနေသူလား။

ဘယ်လိုပဲဖြစ်ဖြစ် အချိန်ရွှေ့ဆိုင်းတတ်သူတစ်ယောက်ဖြစ်မယ်ဆိုရင် ဒီအကျင့်ဆိုးကို ရပ်တန့်နိုင်မယ့် နည်းလမ်း (၇)ခုကို ဖော်ပြလိုက်ပါတယ်။

၁။ အချိန်(၅)မိနစ်လောက်ယူပြီး မနက်ဖြန်လုပ်ရမယ့်အလုပ်တွေကို စာရင်းချရေးထားပါ

စာရွက်လွတ်တစ်ရွက်ပေါ်မှာ သင်လုပ်စရာရှိတဲ့ အလုပ်တွေ၊ ကြန့်ကြာနေတဲ့အလုပ်တွေကို ချရေးထားပါ။

၂။ စာရင်းကိုကြည့်ပြီး အခုချက်ချင်းတစ်ခုကို ထလုပ်ပါ

စာရင်းထဲက သင်အချိန်ဆွဲပြီး မလုပ်ဖြစ်တဲ့ အလုပ်တစ်ခုခုကို အားလေးထည့်ပြီး မဖြစ်ဖြစ်အောင် ထလုပ်လိုက်ပါ။ လက်တွေ့လုပ်ဆောင်ခြင်းက မလုပ်ဖြစ်အောင် ဟန့်တားနေတဲ့ စိုးရိမ်စိတ်ကို ချေဖျက်နိုင်ပါတယ်။

၃။ စာရင်းထဲက အလုပ်တွေကို လုပ်ဆောင်ဖို့ အချိန်သတ်မှတ်ပါ

ဒီအပိုင်းက သင့်အတွက် အခက်ခဲဆုံးဖြစ်ရင်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လုပ်စရာရှိတာတွေကို အပြီးသတ်လုပ်ဆောင်နိုင်ဖို့အတွက် အလုပ်တစ်ခုချင်းစီးကို လုပ်ဆောင်ဖို့ အချိန်တစ်ခုစီသတ်မှတ်ပါ။ အနည်းဆုံးတစ်ချိန်ကို မိနစ် ၃၀ စီသတ်မှတ်ပါ။

၄။ ပြီးပြည့်စုံအောင်လုပ်ဆောင်ချင်စိတ်ကို ဖျောက်ဖျက်ပါ

အရေးကြီးတာက အလုပ်ပြီးမြောက်ဖို့ဖြစ်ပါတယ်။ အကောင်းဆုံး ဖြစ်နေဖို့ မလိုပါဘူး။ သင့်ကိုယ်သင် အကောင်းဆုံးဖြစ်ချင်စိတ်ကြောင့် အလုပ်ကို အချိန်ရွှေ့ဆိုင်းနေတာမျိုး အဖြစ်မခံပါနဲ့။

၅။ သင်လုပ်ရမယ့်ကိစ္စမှာ အခြားသူတွေ ပါဝင်မယ်ဆိုရင် သူတို့နဲ့ စကားပြောပါ

သင် လုပ်ဆောင်ရမယ့် အလုပ်တွေကို အခြားသူတွေကြောင့် နှောင့်နှေးကြန့်ကြာနေတာဆိုရင် သူတို့နဲ့ စကားပြောပါ။ အတူတူအပြီးသတ်လုပ်ဆောင်ဖို့ လှုံ့ဆော်ပါ။

၆။ ဒီနေ့ လုပ်လိုက်ရင် အဆိုးဆုံးဘာဖြစ်မလဲဆိုတာသင့်ကိုယ်သင် ပြန်မေးပါ

သင် ရှောင်နေတဲ့အလုပ်ကို လုပ်လိုက်မယ်ဆိုရင် ဘာတွေဖြစ်လာနိုင်မလဲဆိုတာ တွေးကြည့်ပါ။ အဆိုးဆုံးဘာဖြစ်နိုင်မလဲ စဉ်းစားပါ။ ဒီအလုပ်ကို လုပ်လိုက်လို့ ဘာတွေထိခိုက်သွားနိုင်မှာလဲ သုံးသပ်ပါ။

၇။ အချိန်ဆွဲနေတဲ့အလုပ် ပြီးသွားရင် ဘယ်လိုခံစားရမလဲ စိတ်ကူးကြည့်ပါ

လုပ်စရာရှိတာကို မလုပ်ပဲ အချိန်ဆွဲနေတဲ့အလုပ်တစ်ခု ပြီးသွားမယ်ဆိုရင် စိုးရိမ်စိတ်တွေ နည်းသွားမှာ သေချာပါတယ်။ လုပ်စရာရှိနေသေးတယ်ဆိုတဲ့ စိတ်ရဲ့ဖိအားလည်း လျော့သွားပါလိမ့်မယ်။ ဒီလိုနဲ့ ယုံကြည်မှုရလာပြီး နောက်ထပ်အလုပ်တွေ ဆက်လုပ်ဖို့ အရှိန်ရသွားစေနိုင်ပါတယ်။

မိန်းကလေးတိုင်းတောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

Related Posts

%%footer%%