တစ်ကိုယ်ရည်ကာမစိတ်ဖြေခြင်းဟာ Gym ကစားခြင်ကို သက်ရောက်မှုရှိလားဆိုတာက Gym ကစားလေ့ရှိသူတိုင်း သိချင်တဲ့မေးခွန်းတစ်ခုလို့ ဆိုနိုင်ပါတယ်။
ဒီမေးခွန်းနဲ့ ပတ်သက်ပြီး Gym ကစားနေရင် ကာမစိတ်ဖြေသင့် မဖြေသင့်ဆိုတာကို တိကျသေချာတဲ့ ဖြေရှင်းချက်တွေ မရှိသေးပါဘူး။ တစ်ချို့ကလည်း တစ်ကိုယ်ရည်ကာမစိတ်ဖြေခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကြောင့် ဘယ်လိုသက်ရောက်မှုမျိုးမှ မရှိနိုင်ဘူးလို့ ပြောကြသလို တစ်ချို့ကလည်း ကာမစိတ်ဖြေခြင်းဟာ ကြွက်သားတွေကို ဆုံးရှုံးစေနိုင်လို့ မလုပ်သင့်ဘူးလို့ ပြောကြတာတွေလည်း ရှိပါတယ်။
ဒါပေမယ့် လက်တွေ့ကျကျဆက်နွယ်မှု ရှိနိုင်တဲ့ ဖြေရှင်းချက်တစ်ခုက တစ်ကိုယ်ရည်အာသာဖြေခြင်း၊ တက်စတိုစတီရုန်းဟော်မုန်း နဲ့ ကြွက်သာကြီးထွားမှုကြားက ဆက်စပ်မှုကို နားလည်ထားဖို့ပါပဲ။
Testosterone (တက်စတိုစတီရုန်း) ဟော်မုန်းဟာ အမျိုးသားတွေရဲ့ ကြွက်သားသန်မာကြီးထွားမှု၊ အပင်ပန်းခံနိုင်မှုနဲ့ လိင်စိတ်နိုးကြားမှုရဲ့ အဓိကအကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ T ဟော်မုန်းကြောင့်ပဲ Gym မှာပဲဖြစ်ဖြစ်၊ ခွန်အားသုံးရတဲ့လုပ်ငန်းတွေမှာပဲဖြစ်ဖြစ် စွမ်းအားအပြည့်လှုပ်ရှားနိုင်တာ ဖြစ်ပါတယ်။
အပြာဇာတ်လမ်းတွေကြည့်တာနဲ့ အခြားလိင်စိတ်နိုးကြားစေတဲ့ ကိစ္စတွေအားလုံးက T ဟော်မုန်းပမာဏကို ၁၀၀ ရာခိုင်နှုန်းတိုးတက်လာစေနိုင်ပါတယ်။ ဒါဆိုရင် တစ်ကိုယ်ရည် ကာမစိတ်ဖြေခြင်းက Testosterone ပမာဏကို လျော့နည်းစေလားဆိုတာ မေးစရာရှိပါတယ်။ ပျမ်းမျှအားဖြင့်တော့ အာသာဖြေပြီးရင် တက်စတိုစတီရိုးပမာဏက အနည်းငယ်လျော့ကျသွားလေ့ရှိပါတယ်။ ဒါပေမယ့် စိုးရိမ်ရလောက်တဲ့ ပမာဏတေ့ာမဟုတ်ပါဘူး။
နောက်ထပ်လေ့လာမှုတစ်ခုအရ အမျိုးသားတစ်ယောက်အနေနဲ့ညသီတင်းတစ်ပတ်လောက် အာသာမဖြေပဲနေမယ်၊ လိင်ကိစ္စတွေရှောင်ကြဉ်မယ်ဆိုရင် တက်စတိုစတီရုန်းပမာဏက ၁၄၅ ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် စိတ်မကောင်းစရာကောင်းတာက ၈ ရက်မြောက်နေ့က စပြီး ဟော်မုန်းပမာဏက ဖြည်းဖြည်းချင်း ပြန်လျော့ကျသွားတတ်တာပါပဲ။ ဒီတော့ အချုပ်အားဖြင့် ပြောရရင် တစ်ကိုယ်ရည်ကာမစိတ်ဖြေခြင်းက Gym ကစားတဲ့အခါ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်မှာမဟုတ်ပါဘူး။
တက်စတိုစတီရုန်းပမာဏများနေရင် ပိုပြီးကစားနိုင်မှာပါ။ တစ်ကိုယ်ကာ်ကာမစိတ်ဖြေခြင်းကလည်း တက်စတိုစတီရုန်းပမာဏကို သိသိသာသာလျေ့ာနည်းစေခြင်းမရှိသလို ရံဖန်ရံခါလုပ်တာက T ဟော်မုန်းတွေ ပြန်နိုးကြားတိုးတက်စေနိုင်ပါတယ်။
ဒီလိုပြောလို့ Gym မကစားခင် စိတ်ဖြေလို့ရတယ်လို့ မဆိုလိုပါဘူး။ ဘယ်အရာမဆို လွန်ကျူးရင် ဘေးဖြစ်ပါတယ်။ အကောင်းဆုံးအကြံပေးချင်တာ ဟိုဟိုဒီဒီစိတ်တွေဖြစ်နေပြီဆိုရင် အပြာကားကြည့်ပါ၊ လိင်စိတ်နိုးကြားစေမယ့်အရာတွေကို ခံစားပါ။ ဒီလို နိုးကြားမှုကြောင့် ထွက်လာတဲ့ T ဟော်မုန်းတွေအပြည့်နဲ့ Gym ကို သွားပြီး အကောင်းဆုံးလေ့ကျင့်လိုက်ပါ။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့
Gentleman Magazine