မိမိကိုယ်တိုင်အတွက် ​ငွေသုံးစွဲဖို့ ဘာ​ကြောင့်လိုအပ်တာလဲ

ငွေသုံးစွဲခြင်းဟာ ဘယ်အချိန်ပဲဖြစ်ဖြစ် ​ပေ​ျာ်ရွှင်မှုရဲ့ရင်းမြစ်တစ်ခုပါပဲ။ အမျိုးသားဖြစ်​စေ၊ အမျိုးသမီးဖြစ်​စေ ဘယ်သူမဆို ချစ်ခင်ရသူ​တွေအတွက် ​ငွေကိုသုံးစွဲ​လေ့ရှိပါတယ်။ ဒါ​ပေမယ့် အခြားသူ​တွေအတွက် သြံးစွဲရင်း မိမိကိုယ်တိုင်အတွက်သုံးစွဲဖို့ ​မေ့​လျော့​နေတတ်ကြပါတယ်။ သင်ကိုယ်တိုင်အတွက် ​ငွေ​ကြေးသုံးစွခြင်းက စိတ်​ကျေနပ်မှုနဲ့ စိတ်သက်သာမှုကို ရ​စေနိုင်ပါတယ်။ အခြားလူ​တွေအတွက်သာမက မိမိကိုယ်တိုင်အတွက်ပါ ​ငွေကိုထိုက်သင့်သ​လောက် သုံးစွဲဖို့ လိုအပ်ရတဲ့ အ​ကြောင်းရင်းတချို့ကို ​ဖော်ပြလိုက်ပါတယ်။

သင့်မှာလည်း ကိုယ်ပိုင်လိုအပ်ချက်​တွေရှိပါတယ်

လူသားတစ်​ယောက်ဖြစ်​နေတဲ့အတွက် ကိုယ်ပိုင်လိုအပ်ချက်​တွေရှိမှာပါ။ မိသားစုအတွက် သားသမီး​တွေအတွက် ​ငွေကိုဦးစား​ပေးသင့်သလို သင်ကိုယ်တိုင်အတွက် လိုအပ်တာ​တွေကိုလည်း လျစ်လျူရှုမထားသင့်ပါဘူး။ လိုချင်တာ​လေး​တွေ၊ စားချင်တာ​လေး​တွေနဲ့ ​ပျော်ရွှင်ရမယ့်ကိစ္စ​တွေအတွက် ထိုက်သင့်သ​လောက်သုံးစွဲပါ။ ဒီလိုသုံးစွဲတာက သင့်စိတ်ကို သက်သာ​စေပြီး ယုံကြည်မှုပိုရှိ​စေပါတယ်။

သင့်ကိုယ်သင် ဆုချီးမြှင့်ဖို့ လိုပါတယ်

က​လေး​လေး​တွေ ​ကောင်းမွန်တာတစ်ခုခုလုပ်တဲ့အခါ ဆုချီးမြှင့်​ခံရ​လေ့ရှိပါတယ်။ ဒီလို ဆုချီးမြှင့်တာဟာ သူတို့ရဲ့အပြုအမူ​ကောင်းတစ်ခု၊ ထူးချွန်မှုတစ်ခုအတွက် အသိအမှတ်ပြု​ပေးတာဖြစ်သလို ​နောက်ထပ် ကြိုးစားချင်စိတ်ဖြစ်​အောင် အား​ပေးတဲ့သ​ဘောပါပဲ။ အရွယ်​ရောက်ပြီးသူတိုင်းမှာလည်း အသိအမှတ်ပြုအား​ပေးခံချင်တဲ့ က​လေးစိတ်တစ်ခုရှိပါတယ်။ ဒီက​လေးစိတ်ကို ဆုချီးမြှင့်ဖို့အ​ကောင်းဆုံးနည်းလမ်းက ​ငွေသုံးစွဲတာပါပဲ။

ယုံကြည်မှုကို တိုးတက်​စေတယ်

သင်ကိုယ်တိုင်အတွက် လိုချင်တဲ့အသုံးအ​ဆောင်ပစ္စည်း​တွေအတွက် ​ငွေသုံးတာက အ​ကောင်းဆုံးသုံးစွဲနည်းတစ်ခုပါပဲ။ လိုချင်တဲ့ပဝတ်အစားအသစ်၊ အသုံးအ​ဆောင်းအသစ်ကို ရတဲ့အခါမှာ စ်တ်​ပျော်ရွှင်ရသလို မိမိကိုယ်ကိုယုံကြည်မှုကိုလည်း တိုးတက်လာ​စေပါတယ်။

စိတ်သက်သာရာရ​စေတယ်

အလုပ်​တွေ​အများကြီးကို ဆက်တိုက်လုပ်ပြီးတဲ့အခါမှာ စိတ်ပန်းလူပမ်းဖြစ်သွား​လေ့ရှိပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ ​ငွေ​လေးသုံးပြီး ရုပ်ရှင်​လေးသွားကြည့်လိုက်တာ ဒါမှမဟုတ် စား​သောက်ဆိုင်​ကောင်း​ကောင်းတစ်ခုမှာ သွားစာလိုက်တာ​တွေက စိတ်ကို ပြန်လည်လန်းဆန်းအားပြည့်​စေနိုင်ပါတယ်။ ​နောက်ထပ်အလုပ်​တွေ ဆက်လုပ်ဖို့ စိတ်ဓာတ်ခွန်အား​တွေ ပြန်လည်ရရှိ​စေနိုင်ပါတယ်။

အရည်အ​သွေးပြည့်ဝတဲ့ဘဝကို ရှင်သန်နိုင်တယ်

ဘဝဆိုတာက လူတိုင်းဖြတ်သန်းရမယ့် ခရီးတစ်ခုပါ။ ဘယ်လိုရှင်သန်မလဲဆိုတာက သင့်ရဲ့​ရွေးချယ်မှုပါ။ သင့်ဘဝမှာ ပိုပြီးအဓိပ္ပါယ်ပြည့်စုံဖို့၊ အ​တွေ့အကြုံနဲ့ အမှတ်တရ​ကောင်း​တွေဖန်တီးနိုင်ဖို့ ​ငွေကိုသုံးစွဲပါ။

​ပျော်ရွှင်​စေနိုင်တယ်

​ဟုတ်ပါတယ်။ ​ငွေ​ကြေးက ​ပျော်ရွှင်မှုကို မဝယ်နိုင်တာ မှန်ပါတယ်။ ဒါ​ပေမယ့် ​သင့်​ဆီကို​ပျော်ရွှင်မှု​တွေ ​ဆောင်ကျဉ်း​ပေးနိုင်တဲ့ အရာ​တွေကို ရယူပိုင်ဆိုင်နိုင်ဖို့​တော့ ကူညီ​ပေးနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ​ငွေအနည်းငယ်​လောက်သုံးလိုက်ရုံနဲ့ ​ပျော်ရွှင်မှုကိုရရှိမယ်ဆိုရင် သုံးရကျိုးနပ်ပါတယ်။

မိန်းက​လေးတိုင်း ​တောင့်တပြီး ​ယောင်္ကျား​လေးတိုင်း အားကျ​စေဖို့

Gentleman Magazine

Related Posts

%%footer%%