မိန်းကလေးတွေ လမ်းခွဲချင်ရတဲ့ နောက်ကွယ်က ဖွင့်မပြောတဲ့အကြောင်းရင်းများ

ဒီမှာ ကိုယ့်လူတို့…

မိန်းကလေးတစ်ယောက်က သင့်ကို လမ်းခွဲပြတ်ဆဲချင်တယ်ဆိုရင် ဘာကြောင့်လမ်းခွဲချင်တာလဲဆိုတာ အမှန်အတိုင်း ပြောမယ်လို့ ထင်ပါသလား..

ဘယ်တော့မှ ပြောမှာမဟုတ်ပါဘူး။ အထူးသဖြင့် လမ်းခွဲချင်ရတဲ့အကြောင်းရင်းက သင့်ကို နာကျင်စေမယ်ဆိုရင်ပေါ့။

ဒါဆိုရင် လမ်းခွဲပြတ်ဆဲချင်တဲ့အခါမှာ မိန်းကလေးတွေက ဘယ်လိုတွေပြောလေ့ရှိလဲဆိုတော့…

၁။ တချို့မိန်းကလေးတွေက သိသာထင်ရှားတဲ့ အကြောင်းပြချက်မရှိပဲ ဒီအတိုင်းလမ်းခွဲချင်တယ်လို့ ပြောပါလိမ့်မယ်

၂။ တချို့တွေကတော့ သူတို့ဖက်က ချို့ယွင်းချက်၊ အားနည်းချက်တွေကြောင့်ဆိုပြီး ပြောပါလိမ့်မယ်။

၃။ တချို့တွေကျတော့ သင်နဲ့ ဇာတ်လမ်းဆက်ဖို့ အချိန်မရှိဘူးလို့ ပြောရင်ပြောပါလိမ့်မယ်။

ဒါဆိုရင် သင့်ကောင်မလေးက ဘာကြောင့်လမ်းခွဲချင်ရတာလဲ?

၁။ သူမကို စိတ်အနှောင့်အယှက်ဖြစ်စေလို့

သူမကို သည်းမခံနိုင်အောင် ဖြစ်စေတဲ့ သင့်ရဲ့ အကျင့်စရိုက်တွေကြောင့် ဖြစ်နိုင်ပါတယ်။ ထမင်းစားရင် အသံမြည်တာ၊ အဝတ်အစားတွေ စည်းကမ်းရှိထားတာ၊ တီဗီကြည့်လွန်းတာ၊ ဂိမ်းအစွဲအလမ်းလွန်တာ တွေအားလုံးဖြစ်နိုင်ပါတယ်။ ဒီလို အသေးအမွှားလေးတွေကနေ အခြားကိစ္စကြီးတွေအထိ သူမအတွက် သည်းမခံနိုင်လောက်အောင် ဖြစ်လာပြီးဆိုရင် သင်နဲ့ ဆက်တွဲချင်မှာ မဟုတ်တော့ပါဘူး။ ဒီလိုဆိုရင် သင်နဲ့လမ်းခွဲလိုက်တာက သူမအတွက် အများကြီး ခံစားရသက်သာနိုင်တာကြောင့် ဖြစ်ပါတယ်။

၂။ အားကိုးမရလို့

တချို့ယောင်္ကျားတွေက တကယ်ကိုသုံးစားမရတဲ့ ယောင်္ကျားတွေပါ။ မိန်းကလေးအများစု ဒီလိုယောင်္ကျားတွေနဲ့ ဆုံဖြစ်တွဲဖြစ်ကြပေမယ့် ကြာရှည်တော့ တွဲမှာမဟုတ်ပါဘူး။ ယောင်္ကျားတစ်ယောက်က သူ့အတွက်ပဲ သူကြည့်ပြီး တစ်ကိုယ်ကောင်းဆန်လွန်းရင်၊ ချစ်သူမိန်းကလေးကို ကောင်းကောင်းမွန်မွန် မဆက်ဆံရင်၊ အခြားမိန်းကလေးတွေနဲ့ ဖောက်ပြန်ရင်၊ သူမရဲ့ ယုံကြည်ချက်၊ ခံယူချက်တွေကို ထိခိုက်စေပြီး ပုံပန်းသဏ္ဍာန်ကို ကဲ့ရဲ့မယ်ဆိုရင် ဘယ်မိန်းကလေးကမှ သည်းမခံနိုင်ပါဘူး။

၃။ အခြားတစ်ယောက်ကို စိတ်ဝင်စားနေလို့

သင်တို့နှစ်ဦးကြားမှာ အခြေအနေအားလုံးကောင်းနေလျက်နဲ့ သင့်ကောင်မလေးက ရုတ်တရက်ကြီး လမ်းခွဲချင်တယ်ဆိုရင် သူမစိတ်ထဲမှာ အခြားတစ်ယောက်ရှိနေလို့ပါပဲ။ တတိယလူမှာ သူမသဘောကျတဲ့ အရည်အချင်းတွေ၊ အကျင့်စရိုက်တွေ ရှိနေတာကြောင့် ဖြစ်နိုင်သလို သူမကို ပိုပြီးရင်ခုန်စိတ်လှုပ်ရှားအောင် လုပ်နိုင်လို့လည်း ဖြစ်နိုင်ပါတယ်။ သင့်အပေါ် ဖောက်ပြန်ပြီး နောက်တစ်ယောက်နဲ့ ချိန်းတွေ့ပြီးသားတောင် ဖြစ်ရင်ဖြစ်နိုင်ပါတယ်။ ဒီအကြောင်းကိုလည်း သေချာဖွင့်ပြောပြီး လမ်းခွဲမှာမဟုတ်ပါဘူး။

၄။ သူမရဲ့ သူငယ်ချင်းတွေက သင့်ကို သဘောမကျလို့

မိန်းကလေးတစ်ယောက်ဟာ သူမတွဲနေတဲ့ချစ်သူရည်းစားကို သူငယ်ချင်းနဲ့ မိသားစုဝင်တွေက သဘောမကျဘူးဆိုရင် လမ်းခွဲဖို့ကို စဉ်းစားတတ်ကြပါတယ်။ မိန်းကလေးတွေဟာ သူငယ်ချင်းတွေရဲ့ ထင်မြင်ယူဆချက်ကို အရမ်းဦးစားပေးတ်ပါတယ်။ အထူးသဖြင့် သင်က သူမကို ကြွေအောင် မလုပ်ထားနိုင်ဘူးဆိုရင် လမ်းခွဲခံရဖို့ ပိုများပါတယ်။

၅။ စွမ်းဆောင်ရည်မကောင်းလို့

ချစ်သူချင်းအတူနေတဲ့အခါမှာ အိပ်ရာထဲမှာ စွမ်းဆောင်ရည်မကောင်းရင်လည်း လမ်းခွဲထားခဲ့ခံရနိုင်ပါတယ်။ ဒီအချက်ကြောင့် လမ်းခွဲတာဆိုရင် သင့်ကိုအမှန်အတိုင်းပြောမှာမဟုတ်ပါဘူး။ အိပ်ရာထဲမှာ သူမကို သာယာမှုမပေးနိုင်ဘူး၊ သင့်သာယာမှုကိုပဲ ဦးစားပေးတယ်ဆိုရင် ထားခဲ့ရဖို့များပါတယ်။

ဒါတွေကတော့ မိန်းကလေးတွေ လမ်းခွဲပြတ်ဆဲချင်တဲ့အခါ ပွင့်ပွင်းလင်းလင်ထုတ်မပြောတဲ့ အကြောင်းရင်းတွေပါ။ ဘာကြောင့် သူမလမ်းခွဲချင်တာလဲဆိုတာ သိချင်ရင် သင့်ကိုယ်သင် ပြန်မေးခွန်းထွတ်ပါ။ သင်က ဘယ်အချက်တွေနဲ့ ငြိနေလဲ၊ ဘာတွေလုပ်မိလို့လဲ၊ ဘာတွေမလုပ်မိလို့လဲ ပြန်သုံးသပ်ပါ။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

Related Posts

%%footer%%