တစ်ယောက်တည်းရှိနေချိန်တွေရဲ့ အရေးပါမှု

လူသားတွေဟာ လူမှုဝန်းကျင်နဲ့ မကင်းနိုင်တဲ့ သက်ရှိတွေဖြစ်ပါတယ်။ အမြဲတမ်း အခြားလူတွေနဲ့ ထိတွေ့ဆက်ဆံနေရတာကြောင့် ဘယ်သူကမှ တစ်ဦးတစ်ယောက်ထဲ အထီးကျန်ဆန်နေမှာကို မလိုချင်ပါဘူး။ အထီးကျန်ဆန်ခြင်းဟာ အားငယ်စရာ၊ စိတ်ဓာတ်ကျစရာတစ်ခုအဖြစ်နဲ့မြင်တတ်ကြပါတယ်။ တကယ်တော့ လူတွေနဲ့ မပတ်သက်ပဲ တစ်ဦးတည်းသီးသန့်နေနိုင်ခြင်းကလည်း အရည်အချင်းတစ်ခုဆိုတာ မသိသေးလို့ ဖြစ်ပါလိမ့်မယ်။

ဟုတ်ပါတယ်။ တစ်ယောက်ထဲ ကိုယ့်အကြောင်းကိုယ်တွေးပြီး ကိုယ်ပိုင်အားနည်းချက် အားသာချက်တွေကို ပြန်လည်သုံးသပ်တာ၊ ရှေ့လျှောက်ရမယ့် ဘဝအတွက် တင်ကြိုသုံးသပ်တာတွေက အရေးကြီးတဲ့ အရည်အချင်းတွေ ဖြစ်ပါတယ်။ ဒီလိုမျိုး အရေးကြီးတဲ့ စဉ်းစားဆင်ခြင်သုံးသပ်ချက်တွေ လုပ်ဆောင်နိုင်ဖို့ တစ်ယောက်ထဲရှိနေချိန်တွေကို ဘယ်လိုရယူအသုံးချမလဲဆိုတာဖော်ပြလိုက်ပါတယ်။

၁။ ပတ်ဝန်းကျင်ကို အပြောင်းအလဲလုပ်ပါ။

ဒီလိုမျိုး အမြဲတမ်းလုပ်စရာမလိုပေမယ့် အနည်းဆုံးတစ်နှစ်မှာ တစ်ခါလောက်တော့ တစ်ယောက်ထဲ ခရီးသွားတာ၊ ကားလျှောက်မောင်းတာမျိုးတွေ လုပ်သင့်ပါတယ်။ ကျင်လည်နေကျပတ်ဝန်းကျင်မှာ တစ်ယောက်ထဲ အချိန်ကုန်ဖို့ဆိုတာ မဖြစ်နိုင်သလောက် ခက်ခဲပါတယ်။ ဒါ့ကြောင့်ပဲ လူတွေက အိမ်နဲ့ဝေးရာနေရာတွေကို ရက်ရှည်ခရီးတွေသွားတတ်ကြတာ ဖြစ်ပါတယ်။ ကျင်လည်နေကျပတ်ဝန်းကျင်ကနေ ခဏလောက်ရှောင်ထွက်ပြီး မိမိကိုယ်ကိုယ်သုံးသပ်ဖို့ အချိန်ပေးလိုက်ပါတယ်။

၂။ အရာအားလုံးကို ပါဝါပိတ်ထားလိုက်ပါ။

ကျွန်တော်တို့အားလုံးဟာ နည်းပညာခေတ်ကြီးထဲမှာ ရှင်သန်နေကြရတာဖြစ်တဲ့အတွက် အမြဲတမ်းအဆက်အသွယ် မပြတ်ရှိနေတတ်ကြပါတယ်။ သင့်အနေနဲ့ တစ်ယောက်တည်းအေးဆေး အနားယူ၊ စဉ်းစားချင်တယ်ဆိုရင် ဆိုရှယ်မီဒီယာတွေ၊ ဖုန်းတွေ အားလုံးကို ပိတ်ထားလိုက်ဖို့ လိုပါတယ်။

၃။ ပြန်လည်သုံးသပ်ပါ။

တစ်ယောက်တည်းနေဖို့ အချိန်ရပြီဆိုရင် သင့်ဘဝမှာ ဘာကိုလိုချင်လဲ၊ ဘာတွေ လုပ်ခဲ့ပြီးပြီလဲ၊ ဘာတွေ လုပ်ချင်လဲဆိုတာ ပြန်သုံးသပ်ပါ။ အေးဆေးငြိမ်းညောင်းတဲ့ တီးလုံးလေးတစ်ခုဖွင့်ထားပြီး လက်ရှိဘဝနဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ်ရမှာဖြစ်ပါတယ်။

၄။ မိမိကိုယ်ကို ပြုစုပါ

သင် ကြည့်ချင်နေတဲ့ ရုပ်ရှင်ဇာတ်ကို ကြည့်ပါ။ စားချင်နေတဲ့ အစားအသောက်တစ်ခုခုကို စားပါ။ တစ်ယောက်ထဲရှိနေချိန်ဟာ မိမိကိုယ်ကို ပြန်သုံးသပ်ဖို့တစ်ခုထဲ မဟုတ်ပါဘူး။ မိမိကိုယ်ကို ပြန်ပြုစုဖို့လည်း ဖြစ်ပါတယ်။ ဒီအချိန်မှာ တတ်နိုင်သမျှ နည်းလမ်းနဲ့ မိမိကိုယ်ကို ပြန်ပြုစုပါ။ ပျော်အောင်နေပါ။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

Related Posts

%%footer%%