အသက် ၂၀ ကျော်အရွယ်ဟာ ဘဝရှေ့ရေးအတွက် ပြင်ဆင်ဖို့အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ ဒါ့ကြောင့် ၂၀ ကျော်အရွယ်မှာ အနာဂတ်အတွက် အကျိုးရှိအောင် ဘယ်လိုဖြတ်သန်းမလဲဆိုတာဖော်ပြလိုက်ပါတယ်။
၁။ ဆိုရှယ်မီဒီယာတွေ လျှော့သုံးပါ
အနည်းဆုံးတစ်ပတ်ကို တစ်ရက်လောက် Facebook Twitter Instagrm စတဲ့ ဆိုရှယ်မီဒီယာတွေ မသုံးဖြစ်အောင် နေပါ။ ဆိုရှယ်မိဒီယာသုံးနေမယ့်အစား လမ်းလျှောက်ပါ၊ အားကစားလုပ်ပါ၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ တွေ့ဆုံပါ။ အသစ်အဆန်းတစ်ခုခုကို လေ့လာသင်ယူပါ။
၂။ အချစ်ရေးအတွက် စိတ်ညစ်မခံပါနဲ့
အသက် ၂၀ ကျော်အရွယ်ဟာ သင်ဘယ်လိုလူမျိုးလဲ၊ ဘယ်အရာတွေကို စိတ်အားထက်သန်လဲ၊ ဘဝရည်ရွယ်ချက်က ဘာလဲဆိုတာ စူးစမ်းရှာဖွေ ဖော်ထုတ်ဖို့ အကောင်းဆုံး အချိန်ဖြစ်ပါတယ်။ ဒီအရွယ်မှာ အချစ်ကိစ္စနဲ့ စိတ်ညစ်အချိန်ကုန်နေတာမျိုး မဖြစ်ပါစေနဲ့။
၃။ ငွေကြေးစီမံခန့်ခွဲတတ်အောင် လေ့လာသင်ယူပါ
ငွေကြေးစီမံခန့်ခွဲမှုဟာ တစ်သက်လုံးသုံးရမယ့် မသိမဖြစ်တဲ့ အကြောင်းအရာတစ်ခုဖြစ်ပါတယ်။ အရွယ်ရောက်လာချိန်မှာ ငွေကြေးကို အကောင်းဆုံး စီမံခန့်ခွဲပြီး ရည်မှန်းထားတဲ့ ငွေကြေးရည်မှန်းချက်တွေပြည့်စုံဖို့ ငွေကြေးစီမံခန့်ခွဲမှုကို လေ့လာပါ။ စာအုပ်တွေဖတ်ပါ။ သင်တန်းတွေတက်ပါ။
၄။ ရည်မှန်းချက်ကြီးကြီးထားပါ
အသက် ၂၀ ကျော်အရွယ်က စိတ်ကူးအိပ်မက်တစ်ခုနောက်ကိုလိုက်ဖို့ ဒါမှမဟုတ် စိတ်အားထက်သန်ကာတစ်ခုခုကိုလုပ်ဖို့ အကောင်းဆုံးအချိန်းဖြစ်ပါတယ်။ ဒီအချိန်မှာ လုပ်ချင်တာတွေလုပ်ဖို့ အသင့်တော်ဆုံးဖြစ်ပါတယ်။ နောက်တစ်ချိန် အသက်အရွယ်ရပြီး အိမ်ထောင်တွေကျသွားရင် အခုအချိန်လောက် စွန့်လွှတ်စွန့်စားလုပ်နိုင်တော့မှာ မဟုတ်ပါဘူး။
၅။ ခရီးတွေသွားပါ
လူအသစ်တွေနဲ့တွေ့ဆုံပါ။ အတွေ့အကြုံအသစ်အဆန်းတွေ တွေ့ကြုံခံစားပါ။ ကျယ်ပြောလှတဲ့ကမ္ဘာကြီးထဲက မတူကွဲပြားမှုတွေကို အတတ်နိုင်ဆုံး တွေ့ကြုံခံစားပြီး လေ့လာသင်ယူပါ။
၆။ အသစ်အဆန်းတွေ လေ့လာသင်ယူပါ
သင်မလုပ်တတ်သေးတာတစ်ခုခု၊ ဘာသာစကားအသစ်တစ်ခုခုပဲ ဖြစ်ဖြစ်၊ အားကစားနည်းပဲဖြစ်ဖြစ် ဂီတတူရိယာတစ်မျိုးမျိုးကိုပဲဖြစ်ဖြစ် လေ့လာသင်ယူပါ။
၇။ စာများများဖတ်ပါ
ဘဝနဲ့ပတ်သက်ပြီး သိသင့်သိထိုက်တာတွေအများစုက စာအုပ်တွေထဲမှာ ရှိပါတယ်။ ပုံမှန်ပညာရေးက လိုအပ်သလို အပြင်စာတွေများများဖတ်ဖို့ကလည်း အရေးကြီးပါတယ်။ သင်စိတ်ဝင်စားတဲ့ အကြောင်းအရာ ခေါင်းစဉ်တစ်ခုအကြောင်းကို ထဲထဲဝင်ဝင်လေ့လာဖတ်ရှုပါ။
၈။ အပတ်စဉ်တိုင်း မလုပ်ချင်တာတစ်ခု လုပ်ဖြစ်အောင် လုပ်ပါ
ဒီအလေ့အကျင့်ကတော့ သင့်ကိုယ်သင်စိန်ခေါ်တာပဲ ဖြစ်ပါတယ်။ အရာအားလုံးအသားကျအဆင်ပြေနေတဲ့ဝန်းကျင်ကနေ ထွက်ပြီး သင့်ရဲ့ စွမ်းဆောင်ရည်တွေကို တိုးမြှင့်ပါ။
၉။ အသိုင်းအဝိုင်းတစ်ခု တည်ဆောက်ပါ
ဘဝမှာ တစ်ဥိးတစ်ယောက်ထဲ မအောင်မြင်နိုင်ဘူးဆိုတာ မှတ်ထားပါ။ အဆက်အသွယ်ကောင်းတွေရှိတဲ့ အသိုင်းအဝိုင်းတစ်ခုက အောင်မြင်မှုကို တည်ဆောက်ရာမှာ အထောက်အကူဖြစ်စေနိုင်ပါတယ်။ မှန်ကန်သင့်တော်မယ်လူတွေကို ရွေးချယ်ပေါင်းသင်းပါ။ လမ်းညွှန်ဆုံးမပေးနိုင်မယ့်သူတွေကို ဆည်းကပ်ပါ။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့
Gentleman Magazine