အကြီးကြီးတွေးပါ၊ ရလဒ်ကြီကြီးရယူပါ

လူတချို့က အောင်မြင်မှုအကြောင်း စဉ်းစားနေချိန်မှာ တချို့ကတော့ စဉ်းစားနေရုံတင်မဟုတ်ပဲ အောင်မြင်မှုအတွက် စိတ်ကူးယဉ်၊ ယုံကြည်မှုရှိရှိနဲ့ လက်တွေ့လုပ်ဆောင်ပြီး အကောင်အထည်ဖော်နေကြပါတယ်။ အောင်မြင်မှု ရရှိသူတွေနဲ့ မအောင်မြင်သူတွေရဲ့ကြားက အဓိကကွဲပြားခြားနားမှုက စိတ်နေသဘောထားပါပဲ။ အောင်မြင်သူတွေက ဘဝအပေါ်မှာ အကောင်းမြင်တတ်တဲ့ စိတ်နေသဘောထားရှိကြပြီး အပြုသဘောဆောင်တဲ့အလေ့အကျင့်တွေနဲ့ အရာအားလုံးကို စီမံဆောင်ရွက်တတ်ကြပါတယ်။

ဒီထဲကမှ ထူးထူးခြားခြားအောင်မြင်မှုကို ရူးသွပ်ဆာလောင်ကြသူတွေက ကမ္ဘာကြီးကို ပိုကောင်းတဲ့နေရာတစ်ခုဖြစ်အောင် လုပ်ဆောင်ခဲ့ကြသူတွေဖြစ်ပါတယ်။ သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိကြသလို၊ သူတို့ရဲ့ အရည်အချင်းနဲ့ ကြီးကြီးမားမား စဉ်းစားတွေးခေါ်နိုင်စွမ်းတွေနဲ့ စိတ်ကူးအိပ်မက်တွေကို လက်တွေ့ဖြစ်လာအောင် ဖန်တီးနိုင်ကြသူတွေပါ။ မှန်ကန်တဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ ကြီးမားတဲ့အကျိုးရလဒ်တွေကို ရယူနိုင်စွမ်းရှိကြပါတယ်။

ယုံကြည်မှုဟာ ကြီးကြီးမားမား စဉ်းစားတွေးခေါ်ဖို့အတွက် ကနဦးအဆင့်လို့ ဆိုနိုင်ပါတယ်။ တစ်ခုခုကို သင်ယုံကြည်ထားမယ်ဆိုရင် ယုံကြည်တဲ့လမ်းအတိုင်း လျှောက်လှမ်းရင်း ဖြစ်အောင်လုပ်နိုင်ပါလိမ့်မယ်။ ကြီးကြီးမားမား စဉ်းစားတွေးခေါ်ခြင်းရဲ့စွမ်းအားဟာ ဘဝအပေါ် အပြုသဘောဆောင်တဲ့ စိတ်နေသဘောထားနဲ့အတူ ယှဉ်တွဲနေတတ်ပါတယ်။ အကြီးကြီးတွေးခြင်းအားဖြင့် ရည်မှန်းချက်စိတ်ကူးတွေကို မျက်လုံးထဲမှာ ပိုမိုမြင်သာလာစေပြီး ဘဝထဲက ပိုကောင်းတဲ့အခွင့်အလမ်းတွေကို ရှာဖွေတွေ့ရှိလာပါလိမ့်မယ်။

အမေရိကန်နိုင်ငံသာ ဘဝနေနည်း နည်းပြ တိုနီရော်ဘင်က အောင်မြင်မှုရဲ့ ၈၀ ရာခိုင်နှုန်းဟာ စိတ်နဲ့ဆိုင်တယ်လို့ ပြောခဲ့ပါတယ်။ ဆိုလိုတဲ့အဓိပ္ပါယ်က သင့်အနေနဲ့ တစ်ခုခုကို အမှန်တကယ် မအောင်မြင်ခင်မှာကလည်းက စိတ်ထဲမှာ အောင်မြင်ဖို့ ယုံကြည်ချက်ရှိထားရမယ်ဆိုတာပါပဲ။ လူအများစုက အချိန်တစ်နှစ်အတွင်း ဘာလုပ်နိုင်မလဲဆိုတာကို အများကြီး ခန့်မှန်းတတ်ကြပေမယ့် နှစ်နှစ်ဆယ်သုံးဆယ်အတွင်းမှာ ဘာလုပ်နိုင်မလဲဆိုတာကိုတော့ သိပ်မတွေးတတ်ကြပါဘူး။

လူအများစုက ပုံသေကားချပ်တစ်ခုလို စိတ်ထားမျိုးရှိကြပါတယ်။ အဆုံးစွန်အထိ တိုက်တွန်းလှုံ့ဆော်မှုမရှိခဲ့ရင် သူတို့ရဲ့ အမှန်တကယ်လုပ်နိုင်စွမ်းကို သူတို့ကိုယ်တိုင် မသိကြပါဘူး။ ဘယ်လောက်ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်လဲ၊ ဘယ်လောက်ကြီးမားတဲ့ အောင်မြင်မှုတွေကို ရယူနိုင်လဲ၊ ဘယ်လောက်အကြီးကြီးတွေ လုပ်နိုင်လဲဆိုတာကို မသိကြပါဘူး။ ကြီးကြီးမားမား စဉ်းစားတော့မယ်ဆိုရင် အကြောက်တရားကင်းမဲ့ဖို့၊ အကန့်အသတ်တွေကို ချိုးဖျက်ဖို့နဲ့ ရလဒ်အတွက် စိုးရိမ်ပူပန်မနေဖို့ လိုပါတယ်။ အကြီးကြီးတွေးတတ်သူအားလုံးဟာ အခက်အခဲတွေ၊ အဆင်မပြေမှုတွေ၊ ကျရှုံးမှုတွေအတွက် ဘယ်တော့မှ မစိုးရိမ်တတ်ကြပါဘူး။

ရည်မှန်းချက်ကြီးကြီးထားပြီး အောင်မြင်မှုကြီးကြီးမားမားတည်ဆောက်ဖို့အတွက် စိန်ခေါ်မှုတစ်ခုက လက်ရှိအဆင်ပြေနေတဲ့ အခြေအနေပျက်စီးသွားမှာကို စိုးရိမ်တဲ့စိတ်ဖြစ်ပါတယ်။ ဒီလို စိုးရိမ်စိတ်ရှိနေမယ်ဆိုရင် စိတ်ကူးထားတာတွေကို ဖြစ်အောင်လုပ်ဆောင်နိုင်စွမ်း ရှိမှာမဟုတ်ပါဘူး။ ဒီစိုးရိမ်စိတ်ကို ပိုကဲစေတဲ့အကြောင်းရင်းက သင့်ပတ်ဝန်းကျင်မှာရှိတဲ့လူတွေပဲဖြစ်ပါတယ်။ သင့်ရဲ့ မိတ်ဆွေအပေါင်းအသင်း၊ မိသားစုဝင်တွေထဲမှာ ရည်မှန်းချက်ကြီးကြီးထားဖို့၊ စီးပွားရေးအကြောင်း၊ ချမ်းသာကြွယ်ဝဖို့နဲ့ အခွင့်အလမ်းတွေအကြောင်း ပြောလေ့မရှိသူတွေကို တတ်နိုင်သမျှရှောင်ဖို့ လိုပါတယ်။ သူတို့အစား အောင်မြင်မှုကို ရယူနိုင်သူတွေ၊ ရည်မှန်းချက်ကြီးသူတွေ၊ အားပေးလှုံ့ဆော်နိုင်သူတွေကို ဦးစားပေးပေါင်းသင်းဆက်ဆံပါ။

Impossible မဖြစ်နိုင်ဘူးဆိုတဲ့စကားလုံးဟာ တကယ်တော့ I’m Possible (ဖြစ်အောင်လုပ်နိုင်တယ်) ဆိုတာပဲဖြစ်ပါတယ်။ အရေးကြီးတာက သင့်ရဲ့ အမြင်ရှုထောင့်ကို ပြောင်းဖို့ပဲ လိုတာပါ။ ဒါ့ကြောင့် ကြီးကြီးတွေးပါ။ ရည်မှန်းချက်ကြီးကြီးထားပါ။ ယုံကြည်မှုကြီးကြီးရှိမယ်ဆိုရင် ကြီးမားတဲ့ရလဒ်တွေကိုလည်း ရရှိပိုင်ဆိုင်နိုင်မှာပါ။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

Related Posts

%%footer%%