ဘီယာဗိုက်ကို ကွယ်ဖျောက်ဖို့ နည်းလမ်း (၆)ခု

ဘီယာသောက်လို့ပဲဖြစ်ဖြစ်၊ ဘီယာမသောက်ပဲနဲ့ပဲဖြစ်ဖြစ် ဗိုက်ပူနေတာက အမျိုးသားတစ်ယောက်အတွက် ဂုဏ်ယူစရာတစ်ခုတော့ မဟုတ်ပါဘူး။ သင့်အနေနဲ့ ဘီယာဗိုက်ကို ဖျောက်ဖျက်ချင်ပေမယ့် လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မရဘူးဆိုရင် အခုဖော်ပြမယ့် အကြောင်းအရာတွေက သင့်အတွက်ပါပဲ။

ကျန်းမာရေးကို ဂရုစိုက်ပြီး စနစ်တကျလေ့ကျင့်ခန်းလုပ်တာက အကောင်းဆုံးဆိုပေမယ့် လတ်တလောအချိန်မှာ ဘီယာဗိုက်ကို ကွယ်ဖျောက်နိုင်မယ့် နည်းလမ်းကောင်းတစ်ချို့ကို ဖော်ပြလိုက်ပါတယ်။

၁။ ကိုယ်နေဟန်ထားက အရေးကြီးတယ်

ပထမဆုံး ဘာတွေဝတ်ဆင်ရမယ်၊ ဘာတွေကို မဝတ်ရဘူးဆိုတာ မပြောခင်မှာ ခန္ဓာကိုယ်ဟန်အနေအထား မှန်ဖို့ လိုပါတယ်။ နေပုံထိုင်ပုံ၊ မတ်တပ်ရပ်ပုံ စတဲ့ ကိုယ်ဟန်အနေအထားက သင့်ရဲ့ဝမ်းဗိုက်အချိုးအစားအပေါ်မှာ သက်ရောက်မှုရှိပါတယ်။ ဒါ့ကြောင့် လက်ပြင်ကုန်းတာ၊ ခါးကိုင်းတာ စတဲ့ကိုယ်နေဟန်အလေ့အကျင့်တွေကို ဖျောက်ဖျက်ပါ။ ထိုင်နေစဉ်မှာပဲဖြစ်ဖြစ်၊ မတ်တပ်ရပ်နေစဉ်မှာပဲဖြစ်ဖြစ် ခန္ဓာကိုယ်ကို မတ်မတ်ထားပါ။

၂။ ကိုယ်ကြပ်အဝတ်အထည်တွေကို ရှောင်ပါ

သင့်အနေနဲ့ ကိုယ်အလေးချိန်တိုးလာပြီး ၀ လာတယ်ဆိုရင် ယခင်ဝတ်နေတဲ့အဝတ်အစားတွေက မသိမသာရော၊ သိသိသာသာပါ ကြပ်လာပါလိမ့်မယ်။ ဒီလို ခန္ဓာကိုယ်နဲ့ မတော်တဲ့ အဝတ်အစားကြပ်ကြပ်တွေကို မဝတ်သင့်ပါဘူး။ သင့်ခန္ဓာကိုယ်နဲ့ သင့်တော်တဲ့ ဆိုက်ဒ်တွေကို ပြောင်းလဲရွေးချယ်ဝတ်ဆင်ဖို့ အချိန်ပါပဲ။ သင့်ရဲ့ ဗိုက်ကို သိသာထင်ရှားစေမယ့် ကိုယ်ကြပ် တီရှပ်တွေ၊ ရှပ်အင်္ကျီတွေကို မဝတ်မိအောင် ရှောင်ပါ။

၃။ အရပ်ပွပြီးချောင်နေတဲ့အဝတ်အထည်တွေကိုလည်း ရှောင်ပါ

ဗိုက်ကို မသိသာစေဖို့ ကိုယ်ကြပ်အဝတ်အထည်တွေကို မဝတ်သင့်သလို အရမ်းပွပြီးချောင်နေတဲ့ အဝတ်အထည်တွေကိုလည်း ရှောင်သင့်ပါတယ်။ အင်္ကျီအပွကြီးတွေဟာ ဝမ်းဗိုက်အဆီတွေကို ဖုံးကွယ်နိုင်တာထက် ပိုပြီးသိသာစေနိုင်တာကြောင့် ဖြစ်ပါတယ်။

၄။ Mid-rise ဘောင်းဘီတွေကို ရွေးချယ်ပါ

ဘောင်းဘီတစ်ထည်ရဲ့ ခွကြားနေရာနဲ့ ခါးပတ်နေရာကြား အကွာအဝေးကို rise လို့ ခေါ်ပါတယ်။ သင့်ဘောင်းဘီရဲ့ ခါးပတ်နေရာဟာ ချက်ရဲ့ အောက်ဖက်မှာပဲ ရှိနေမယ်ဆိုရင် Low-rise လို့ ခေါ်ပါတယ်။ ချက်နားတဝိုက်မှာရှိနေတယ်ဆိုရင် Mid-Riseလို့ သတ်မှတ်ပါတယ်။ Mid-rise ဘောင်းဘီတွေဟာ သင့်ရဲ့ဗိုက်ကို ဖိနှိပ်ထားနိုင်တာကြောင့် ဗိုက်ပူနေတာကို မသိသာအောင် ဖုံးကွယ်ထားနိုင်ပါတယ်။

၅။ ဗိုက်အဆီတွေနဲ့ပတ်သက်တဲ့ ယုံတမ်းစကားတွေကို မေ့လိုက်ပါ

ဗိုက်ပူနေသူတွေဟာ အရောင်အဖျော့တွေကို မဝတ်သင့်ဘူးလို့ ပြောကြတာတွေရှိပါတယ်။ တကယ်တော့ သင့်ခန္ဓာကိုယ်နဲ့ လိုက်ဖက်နေမယ်ဆိုရင် ဘယ်အရောင်ကိုမဆို ဝတ်ဆင်နိုင်ပါတယ်။ ဘယ်အရောင်ပဲဖြစ်ဖြစ် မှန်ကန်တဲ့ ဆိုက်ဒ်ဖြစ်မယ်ဆိုရင် ကြည့်ကောင်းနေမှာပါပဲ။ အရေးကြီးက ဆိုက်ဒ်မှန်ဖို့ပဲဖြစ်ပါတယ်။

၆။ အပေါ်ထပ်ဝတ်ပါ

သင့်ရဲ့ဗိုက်ကို ဖုံးကွယ်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းက အဝတ်အစားနှစ်ထပ်သုံးထပ်ဝတ်တာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် တီရှပ်တစ်ထည်ထဲ ဝတ်တာထက် အပေါ်က ရှပ်အင်္ကျီလေးတစ်ထပ် ထပ်ဝတ်တာက သင့်ဗိုက်ကို မသိသာအောင် ဖုံးကွယ်ပေးနိုင်ပါတယ်။ ရာသီဥတုကိုလိုက်ပြီး ကုတ်အင်္ကျီ၊ ဂျာကင် စတာတွေကိုလည်း ထပ်ဝတ်နိုင်ပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

Related Posts

%%footer%%