စာမေးပွဲကျတဲ့အခါ လုပ်ဆောင်စရာ (၅)ခု

ငါတော့ သွားပြီ

ဒီအတွေက စာမေးပွဲကျတဲ့ ကျောင်းသားတစ်ယောက်ရဲ့ စိတ်ကူးထဲဝင်လာတဲ့ ပထမဆုံးအတွေးဖြစ်မှာပါ။ ကမ္ဘာကြီး အဆုံးသတ်သွားသလို ခံစားရမှာပါ။ အဆိုးဆုံးတွေအနေနဲ့ ဘွဲ့မရတော့မှာ၊ အလုပ်အကိုင်ကောင်းကောင်းမရတော့မှာတွေကို တွေးပူနိုင်ပါသေးတယ်။ အထူးသဖြင့် အရေးပါတဲ့ စာမေးပွဲကြီးတွေမှာ ကျရှုံးခဲ့ရင် ပိုဆိုးနိုင်ပါတယ်။

ဒါပေမယ့် အရမ်းတုန်လှုပ်ချောက်ခြားမသွားပါနဲ့။ စာမေးပွဲကျရှုံးတာကနေ ပြန်လည်ရုန်းထပြီး အကောင်းဆုံးရလဒ်တွေ ပြန်လည်ရယူနိုင်စေမယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

စိတ်ကို လွတ်ထွက်မသွားပါစေနဲ့

စာမေးပွဲကျတဲ့သူတိုင်း အရမ်းတုန်လှုပ်ချောက်ခြားပြီး ယူကျုံးမရဖြစ်စရာမလိုပါဘူး။ ပညာရေးလမ်းကြောင်းတစ်လျှောက်မှာ ကြုံတွေ့ရနိုင်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ စိတ်တွေလွတ်ပြီး ချောက်ခြားနေတာက သင့်အတွက် ဘာအကျိုးမှ မရှိစေနိုင်ပါဘူး။ တကယ်တော့ စာမေးပွဲကျတယ်ဆိုတာ ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ အတားအဆီးတစ်ခုပါ။ နောက်တစ်ခါ အကောင်းဆုံးရလဒ်တွေ ရယူနိုင်ဖို့ အတွေ့အကြုံကောင်းတစ်ခုအဖြစ် အသုံးချပါ။

ဝမ်းနည်းတာက မမှားပါဘူး

စာမေးပွဲမှ မဟုတ်ပါဘူး။ ဘယ်လိုကျရှုံးမှုမျိုးမဆို ဝမ်းနည်းစရာကောင်းတာသေချာပါတယ်။ ခံစားမယ်ဆိုရင်လည်း ခံစားလိုက်ပါ။ ဒါပေမယ့် အချိန်အကြာကြီးခံစားမနေပါနဲ့။ သင့်ရဲ့ အခြေအနေကို ပြန်သုံးသပ်ပါ။ စိတ်ပြေလက်ပျောက်ဖြစ်အောင် စားချင်တာတွေစားပါ။ သူငယ်ချင်းတွေနဲ့ အပြင်သွားတွေ့ပါ။ သင့်ကိုယ်သင် ပြန်ကြိုးစားရမယ်ဆိုတာ အသိပေးနှိုးဆော်ပါ။

သင်တော်မှန်ကန်တဲ့ အမြင်ရှိပါစေ

ဘယ်နေရာမှာ ဘယ်လိုအားနည်းခဲ့လဲဆိုတာ ပြန်စဉ်းစားပါ။ စာပေလေ့လာကျက်မှတ်မှုနဲ့ပတ်သက်ပြီး သင့်ရဲ့ ခံယူချက်၊ အလေ့အကျင့်နဲ့ ချဉ်းကပ်ပုံနည်းလမ်းတွေကို ပြန်သုံးသပ်ပါ။ မှန်ကန်တဲ့စာအုပ်တွေကို သုံးမိခဲ့ရဲ့လား၊ စာကျက်ပုံနည်းလမ်း မှန်ရဲ့လား အမှတ်ရအောင် ဖြေပုံဖြေနည်းမှန်တွေကို ဘယ်လို လေ့လာသင်ယူရမလဲ စသဖြင့် လေ့လာပါ။

ရှေ့ဆက်ပြီး ဘာလုပ်မှာလဲဆိုတာ စဉ်းစားပါ

အရှုံးတွေနဲ့ ရင်ဆိုင်ရချိန်မှာ ရှေ့ရေးကို စဉ်းစားက အကောင်းဆုံးပါ။ ပိုမိုခိုင်မာတဲ့ ရည်မှန်းချက်တွေ ချမှတ်ပြီး ပိုမိုတိကျတဲ့ လုပ်ဆောင်မှုလမ်းစဉ်အတိုင်း ကြိုးစားပါ။

အကူအညီတောင်းဖို့ မတွန့်ဆုတ်ပါနဲ့

မိမိကိုယ်ကိုနှိမ့်ချပြီး လိုအပ်တဲ့အကူအညီကို ရယူပါ။ သင့်အနေနဲ့ အကူအညီလိုအပ်နေတယ်ဆိုတာကို လက်ခံနိုင်အောင် ကြိုးစားပါ။ လိုအပ်တဲ့ သင်ကြားရေးပစ္စည်းတွေ၊ ဆရာတွေ ငှားပါ။

စာမေးပွဲကျတယ်ဆိုတာနဲ့ စိတ်ဓာတ်ကျနေလို့ ပြန်အောင်သွားမှာမဟုတ်ပါဘူး။ အမှားကနေ သင်ခန်းစာယူပါ၊ အရှုံးကို အတွေ့အကြုံယူပြီး ပြန်ကြိုးစားပါ။ လူတိုင်းမှာ ဒုတိယအခွင့်အရေးဆိုတာရှိပါတယ်။ သေချာဆုပ်ကိုင်နိုင်မယ်ဆိုရင် တကြိမ်ထဲအောင်မြင်ခဲ့တာထက် ပိုမိုကောင်းမွန်တဲ့ရလဒ်တွေကို ဖန်တီးနိုင်မှာပါ။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

Related Posts

%%footer%%