လူချမ်းသာတွေရဲ့ အောင်မြင်မှုလျို့ဝှက်ချက်က စီးပွားရေးအောင်မြင်မှုတစ်ခုထဲကြောင့် မဟုတ်ပါဘူး။ ကျန်းမာရေးကို ဦးစားပေးဂရုစိုက်တတ်တာလည်း ပါဝင်ပါတယ်။ ကျန်းမာခြင်းသည့် လာဘ်တစ်ပါးဆိုတဲ့ အတိုင်း ကျန်းမာရေးကောင်းမွန်နေမှသာ လိုချင်တဲ့ ဓနဥစ္စာကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့ ကျန်းမာရေးကို ဘယ်လိုအလေးထားဂရုစိုက်တတ်ကြလဲဆိုတာ လေ့လာထားသင့်ပါတယ်။
၁။ တစ်ပတ်ကို လေးရက် လေ့ကျင့်ခန်းလုပ်တယ်။
လေ့လာဆန်းစစ်မှုတွေအရ လူချမ်းသာတွေရဲ့ ၇၆ ရာခိုင်နှုန်းလောက်ဟာ တစ်ပတ်မှာ လေးရက်၊ တစ်ရက်မှာ အနည်းဆုံး မိနစ်သုံဆယ်လောက် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေ လုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။ ချွေးထွက်စေတဲ့ ခန္ဓာကိုယ်လှုပ်ရှားမှု လေ့ကျင့်ခန်းတွေဟာ ခွန်အားတိုးစေခြင်း၊ စိတ်ဖိစီးမှု နည်းစေခြင်း၊ ရွှင်လန်းတက်ကြွစေခြင်း၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေခြင်း၊ ဆီးချိုးနဲ့ နှလုံးရောဂါဖြစ်နိုင်ချေ နည်းသွားခြင်း စတဲ့ အကျိုးကျေးဇူးများစွာ ရရှိနိုင်ပါတယ်။
၂။ သွားရည်စာတွေ ရှောင်ကြတယ်။
သာမန်လူတန်းစာတွေဟာ လူချမ်းသာတွေထက် အသင့်စားအမြန်စာတွေ၊ သွားရည်စာတွေ ပိုစားလေ့ရှိပါတယ်။ အပေါ်ယံအားဖြင့်ကြည့်ရင်တော့ အမြန်စာတွေ၊ သွားရည်စာတွေက တန်ဖိုးသင့်တယ်လို့ ထင်ရပေမယ့် ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ အစားအစာတွေကို အိမ်မှာ ချက်ပြုတ်စားသောက်တာက ကုန်ကျစရိတ်သက်သာစေတဲ့အပြင် ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။
၃။ တစ်ညကို ၇ နာရီအိပ်တယ်။
အိပ်စက်ခြင်းဟာ ခန္ဓာကိုယ်ကျန်းမာရေး၊ အလှအပရေးရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရှိပါတယ်။ လေ့လာသင်ယူမှုနဲ့ မှတ်ဉာဏ်စွမ်းရည်တိုးတက်ဖို့၊ အာရုံစူးစိုက်နိုင်စွမ်းနဲ့၊ အလုပ်ပြီးမြောက်စေဖို့ အထောက်အကူပြုပေးပါတယ်။ လူချမ်းသာတွေက အိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို ရယူဖို့အတွက် တစ်ရက်ကို အနည်းဆုံးအိပ်စက်ချိန် ၇ နာရီရှီအောင် အိပ်လေ့ရှိကြပါတယ်။
၄။ အရက်ကို အလွန်အကျွံမသောက်ကြဘူး။
အရက်ဟာ စနစ်တကျသောက်သုံးတတ်မယ်ဆိုရင် ကျန်းမာရေးအကျိုးကျေးဇူးတွေရပါတယ်။ လိုတာထက်ပိုပြီး သောက်မယ်ဆိုရင်တော့ ဆိုးကျိုးတွေ ပေးနိုင်ပါတယ်။ လေ့လာမှုတွေအရ လူချမ်းသာတွေဟာ တစ်ရက်ကို နှစ်ခွက်ထက်ပိုပြီး သုံးသောက်လေ့မရှိဘူးလို့ ဆိုပါတယ်။ ဒီပမာဏက ဆေးဖြစ်ဝါးဖြစ်မှီဝဲရုံသာဖြစ်ပြီး သာမန်ဝင်ငွေနည်းသူတွေလို အမူးလွန်နေအောင် သောက်သုံးလေ့မရှိကြပါဘူး။ အရက်ကို အလွန်အကျွံ သောက်သုံးတာက လက်ငင်းအချိန်မှာ ငွေကုန်ကြေးကျများသလို ရေရှည်မှာလည်း ကျန်းမာရေးထိခိုက်နိုင်ပါတယ်။
၅။ တီဗွီ သိပ်မကြည့်ကြဘူး။
လူချမ်းသာတွေဟာ တစ်ရက်ကို တီဗွီကြည့်ချိန် တစ်နာရီတောင် မရှိကြပါဘူး။ သာမန်လူတွေက တီဗွီ အစီအစဉ်တွေ၊ ရုပ်သံဇာတ်လမ်းတွေကြည့်ပြီး အချိန်ကုန်နေချိန်မှာ လူချမ်းသာတွေက စာဖတ်ခြင်းဖြင့် ပင်ကိုယ်အရည်အချင်းနဲ့ ဗဟုသုတတွေ တိုးတက်အောင် လုပ်ဆောင်နေလေ့ရှိပါတယ်။
၆။ အစားအသောက်ဆင်ခြင်ကြတယ်။
လူချမ်းသာတွေဟာ သူတို့စားသမျှ စားစရာတွေရဲ့ ကယ်လိုရီပမာဏကို ထိန်းသိမ်းတတ်ကြပါတယ်။ အပြင်စာတွေ အစားနည်းသလို စားသမျှကလည်း ကျန်းမာရေးနဲ့ ညီညွတ်တာတွေဖြစ်ဖို့ ဂရုစိုက်တတ်ကြပါတယ်။
၇။ ခံတွင်း သန့်ရှင်းရေးဂရုစိုက်ကြတယ်။
လူချမ်းသာတွေရဲ့ ၆၀ ရာခိုင်နှုန်းလောက်က နေ့တိုင်း သွားတိုက်ရုံသာမက သွားအကြိုအကြားတွေ သန့်ရှင်းစေဖို့အတွက် Floss လုပ်လေ့ရှိပါတယ်။ ဒီလို သွားကျန်းမာရေးကို ဂရုစိုက်တာက သွားတွေကို ဖြူစင်သန့်ရှင်းစေရုံသာမက ခံတွင်းကျန်းမာရေးပြဿနာတွေကို လျှော့ချပြီးသား ဖြစ်စေပါတယ်။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့
Gentleman Magazine