လိင်ကိစ္စများခြင်းရဲ့ ဆိုးကျိုး ၆ ခု

လိင်မှုကိစ္စနဲ့ပတ်သက်လာရင် အရွယ်ရောက်ပြီးသူတိုင်း ဘယ္သူမဆို အနည်းအများဆိုသလို စိတ်ဝင်စားကြပါတယ်။ လူအမ်ားစုက လိင်မှုကိစ္စကို ရည်ရွယ်ချက်အမျိုးမျိုးနဲ့ လုပ်ဆောင်ကြပါတယ်။ တချို့က ရင်သွေးရဖို့၊ တစ်ချို့ကတော့ နှစ်ဦးသား သာယာမှုကို ခံစားရဖို့ စသဖြင့် အကြောင်းရင်းတွေရှိပါလိမ့်မယ်။ လိင်မှုကိစ္စကြောင့် ကျန်းမာရေးကို ထောက်အကူဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေ ရှိသလို လိင်မှုကိစ္စ လွန်ကဲတာကြောင့်လည်း ဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။ လိင်မှုကိစ္စများခြင်းကြောင့် ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေကတော့ –

၁။ ရေဓာတ်ခမ်းခြောက်ခြင်း

သီတင်းပတ်တစ်ပတ်အတွင်းမှာ လိင်ဆက်ဆံမှုအကြိမ်ရေ ၅ ကြိမ်ကနေ ၁၀ ကြိမ်အထက်ရှိမယ်ဆိုရင် သင့်ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်မှု ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေပမာဏပြည့်ဝအောင် မရှိတော့ပဲ အသားအရေကို ဖြူဖျော့သွားစေပါတယ်။ အထူးသဖြင့် လိင်မဆက်ဆံခင်နဲ့ ဆက္ဆံနေချိန်အတောအတွင်း အရက်သောက်သုံးမယ်ဆိုရင် ရေဓာတ်ပို့မို့ ခမ်းခြောက်စေပါတယ်။

၂။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

လိင်ဆက်ဆံမှုအကြိမ်ရေများတဲ့အခါမှာ အမျိုးသားရော အမျိုးသမီးမှာပါ ဆီးလမ်းကြောင်း ပိုးဝင်နိုင်ချေပိုများလာပါတယ်။ ဒီလိုမဖြစ်ဖို့ ရေများများသောက်ပါ။ လိင်မဆက်ဆံခင်နဲ့ ဆက်ဆံအပြီးမှာ ဆီးများများသွားထားပြီး အတန်အသင့်ကာကွယ်နိုင်ပါတယ်။

၃။ ကိစ္စပြီးဖို့ ခက်ခဲခြင်း

အချိန်တိုအတွင်းမှာ အကြိမ်ရေများများ လိင်ဆက်ဆံမယ်ဆိုရင် အမျိုးသားတွေမှာ ကာမဆန္ဒပြည့်ဝ ကိစ္စပြီးမြောက်ဖို့ ခက်ခဲသွားတတ်ပါတယ်။ ဒီလိုဖြစ်ရတာဟာ ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်သွားပြီး နောက်တစ်ခါကိစ္စပြီးဖို့ လုံလောက်တဲ့ သုက်ရည်နဲ့ သုက်ပိုးမထုတ်ပေးနိုင်တော့တာကြောင့် ဖြစ်ပါတယ်။

၄။ အမြင်အာရုံထိခိုက်စေခြင်း

ဒိအခ်က္က ထူးဆန်းသလိုဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် လိင်မှုကိစ္ဏလုပ်ဆောင်နေချိန်အတွင်းမှာ မ်က္လုံးထဲက သွေးကြောမျှင်လေးတွေ ပေါက်သွားတာကြောင့် အမြင်အာရုံဝေဝါးတာမျိုး ဖြစ်နိုင်ပါတယ်။ စိတ္ပူစရာတော့မလိုပါဘူး။ အချိန်တစ်ခုကြာပြီးရင် အလိုလိုပြန်ကောင်းသွားတတ်ပါတယ်။

၅။ ဆံပင်ကျွတ်ခြင်း

လိင်ဆက်ဆံမှုများတဲ့အခါမှာ ခန္ဓာကိုယ်က Dihydrotestosrerone (DHT) ဟော်မုန်းထုတ်လုပ်မှုများလာပါတယ်။ ဒိဟောမုန်းက ဆံပင်အရင်းအမြစ်တွေကို အားနည်းပျက်စီးစေပြီး ဆံပင်ကျွတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ဆံပင်အကျွတ်များပြီး ထိပ်ပြောင်မယ့်အခြေအနေရှိနေတဲ့ အမျိုးသားတွေအနေနဲ့ လိင်မှုကိစ္စ အနည်းအများကို ပြန်လည်သုံးသပ်သင့်ပါတယ်။

၆။ နှလုံးတိုက်ခိုက်ခံရနိုင်ခြင်း

နောက်ဆုံးနဲ့ ကြောက်စရာ အကောင်းဆုံးအချက်ကတော့ လိင်မှုကိစ္စများခြင်းက နှလုံးတိုက်ခိုက်ခံရနိုင်ချေ မ်ားတာပဲ ဖြစ်ပါတယ်။ လိင်မှုကိစ္စဟာ အခြားကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေလိုပဲ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို အထောက်အကူဖြစ်စေပေမယ့် နှလုံးနဲ့ပတ်သက်တဲ့ ရောဂါအခံရှိသူတွေအနေနဲ့တော့ သတိထားသင့်ပါတယ်။ အခန့်မသင့်ရင် နှလုံးဖောက်ပြီး ဆေးရုံရောက်သွားနိုင်တာကြောင့် ဖြစ်ပါတယ်။

မိန်းကလေးတိုင်းတောင့်တပြီး ယောင်္ကျားလေးတိုင်း အားက်စေဖို့

Gentleman Magazine

Related Posts

%%footer%%