နေ့စဉ်ဘဝကိုဖြတ်သန်းရာမှာ ဘယ်အရာဆို စိတ်ထဲ ဝမ်းနည်းရတဲ့ အချိန်တွေ ရှိတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ စိတ်ကြည်လင်လန်းဆန်းလာဖို့ အကောင်းဆုံးနည်းလမ်းက တစ်ယောက်ယောက်ကို ချီးကျူးစကားပြောလိုက်တာပါပဲ။ တစ်ခြားသူတွေကို ချီးကျူးစကားပြောတာက သင့်ရဲ့စိတ်ခံစားမှုကိုလည်း ကြည်လင်လန်းဆန်းစေနိုင်တာကြေည့်ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ ချီးကျူးစကားပြောခြင်းရဲ့ အခြားအကျိုးကျေးဇူးတွေရှိပါသေးတယ်။
၁။ မိမိကိုယ်ကို အာရုံစိုက်နေခြင်းက အနားရစေတယ်။
တစ်နေ့တာ အလုပ်တွေ၊ စိတ်ညစ်စရာတွေနဲ့ ကြီးမားပြီး စိတ်သောကရောက်နေရခြင်းကနေ သက်သာသွားဖို့ တစ်ယောက်ယောက်ကို ချီးကျူးစကားပြောကြည့်လိုက်ပါ။ ချီးကျူးစကားပြောတဲ့အခါမှာ တစ်ဖက်သားအပေါ်မှာ အာရုံစိုက်ရတာကြောင့် ကိုယ်ပိုင်သောကတွေ ခဏလောက် မေ့လျော့သွားစေပါတယ်။ ချီးကျူးခံရသူအနေနဲ့လည်း ကျေနပ်ပီတဖြစ်သွားစေနိုင်ပါတယ်။ ဒီအခြေအနေက နှစ်ယောက်စလုံးအတွက် စိတ်ပေ့ါပါးလန်းဆန်းစေတဲ့ အလှည့်အပြောင်းတစ်ခုပါပဲ။
၂။ အပြုံးတွေက ကကယ်လိုရီလောင်ကျွမ်းစေတယ်။
တစ်နေ့ကို ဘယ်နှစ်ခါလောက် စိတ်ပါလက်ပါပြုံးလေ့ရှိပါသလဲ။ စိတ်ထဲမှာ တစ်ခုခုခံစားနေရချိန်မှာဆ်ိုရင် ပြုံးဖို့ မလွယ်ပါဘူး။ ချီးကျူးစကားပြောတဲ့အခါမှာ သင်ကိုယ်တိုင်လည်း ပြုံးဖို့လိုအပ်သလို တဖက်သူကိုလည်း ပြုံးသွားစေနိုင်ပါတယ်။ အပြုံးတွေက ကယ်လိုရီလောင်ကျွမ်းစေနိုင်တာကြောင့် ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေနိုင်ပါတယ်။
၃။ ဆန်းသစ်တီထွင်နီုင်စွမ်းကို နိုးကြားစေတယ်။
တစ်ယောက်ယောက် စိတ်ညစ်နေတာ စိတ်ညစ်တောတွေ့ရင် တစ်ခုခုကို ချီးကျူးစကားပြောလိုက်ပါ။ သူ့ရဲ့ စိတ်အကောင်းမြင်စိတ်တွေ ပြန်လည်ပြည့်ဝလာစေပြီး ယုံကြည်မှုတွေ ရှိလာစေနိုင်ပါတယ်။ ရင်ဆိုင်နေရတဲ့ အခက်အခဲအတွက် ဖြေရှင်းနိုင်မယ့်နည်းလမ်းသစ်တွေကို တွေးမိလာစေပြီး စိတ်အားတက်ကြွမှုကို နိုးကြားစေနိုင်ပါတယ်။
၄။ ကြင်နာမှုကို ထုတ်ဖော်ပြသနိုင်တယ်။
ချီးကျူးစကားပြောရတာက သင့်ဆီကနေ ဘာမှဆုတ်ယုတ်သွားတာ မရှိပါဘူး။ ဒါပေမယ့် ချီးကျူးခံရသူအတွက် ပျော်ရွှင်မှုကို ခံစားရစေနိုင်ပါတယ်။ ဒါ့အပြင်ကို သင့်ကို သဘောကောင်းကြင်နာတတ်သူတစ်ယောက်အဖြစ် သတ်မှတ်ခံရပါလိမ့်မယ်။
၅။ ယုံကြည်မှုကို တည်ဆောက်နိုင်တယ်။
ဒီကမ္ဘာပေါ်မှာ ရှင်သန်နေတဲ့ ဘယ်အရာမဆို အသိအမှတ်ပြုခံရတာကို သဘောကျပါတယ်။ ချီးကျူးစကားအပြောခံရတာဟာ အသေးစိတ်အချက်လေးတွေကိုက အစဂရုစိုက်တတ်သူတစ်ယောက်ရှိနေကြောင်း ခံစားရစေပါတယ်။ သင့်အနေနဲ့ တစ်ယောက်ယောက်ကို ပုံမှန်ချီးကျူးစကားပြောလေ့ရှိတယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ အချင်းချင်း ယုံကြည်မှုရှိလာနိုင်ပါတယ်။
၆။ အကျိုးပြန်ခံစားရမယ်
သင်က တစ်စုံတစ်ယောက်ကို ချီးကျူးစကားပြောလိုက်ရင် တဖက်သူကလည်း သင့်ကို ချီးကျူးစကားပြန်ပြောနိုင်ပါတယ်။ ဒါဆိုရင် သင့်အတွက် စိတ်ကျေနပ်ပျော်ရွှင်စရာ ဖြစ်လာနိုင်ပါတယ်။ စားသောက်ဆိုင်တွေမှာ မှာစားတဲ့အခါ စားပွဲထိုးကို ချီးကျူးစကားပြောလိုက်ရုံနဲ့ သင့်ကို ပုံမှန်ထက်ပိုပြီး ဝန်ဆောင်မှုကောင်းကောင်းပေးပါလိမ့်မယ်။
၇။ ချီးကျူးစကားက အခမဲ့ပါ။
ဟုတ်ပါတယ်။ လူတစ်ဖက်သားကို ချီးကျူးစကားပြောကတာက အခမဲ့ ဖြစ်ပါတယ်။ အချိန်လေးနည်းနည်းပေးပြီး သင့်နှုတ်က ထုတ်ပြောလိုက်ဖို့ပဲ လိုပါတယ်။ ပြန်ရနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့ အများကြီးပါ။ ဒါ့ကြောင့် သင်ကိုယ်တိုင်ရော၊ ပတ်ဝန်းကျင်က လူတွေအတွက်ပါ စိတ်အားတက်ကြွ ရွှင်လန်းစေဖို့ ချီးကျူးစကားပြောပါ။
မိန်းကလေးတိုင်းတောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့
Gentleman Magazine