ငယ်ရွယ်စဉ်မှာ အချစ်ကို စိတ်မဝင်စားသင့်တဲအကြောင်းရင်းများ

အချစ်ကို ခံစားသိရှိခြင်းဟာ လူသားတွေရဲ့ အတွေ့အကြုံတွေထဲမှာ အချိုမြိန်ဆုံး ခံစားမှုတစ်ခု ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အရွယ်မရောက်သေးချိန်မှာ အချစ်ရေးကိစ္စ စိတ်ဝင်စားနေတာကတော့ နည်းလမ်းမကျပါဘူး။ ငယ်ရွယ်စဉ်အချိန် အထူးသဖြင့် ဆယ်ကျော်သက်အရွယ်မှာ အချစ်ကို ကိုးကွယ်နေတာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတဲ့ အကြောင်းရင်းတချို့ကို ဖော်ပြလိုက်ပါတယ်။

၁။ ကိုယ့်အကြောင်းကိုယ် သေချာမသိသေးဘူး။

ဆယ်ကျော်သက်အရွယ်ဟာ ကိုယ့်အကြောင်းကိုယ်သိဖို့ ရှာဖွေဖော်ထုတ်ရမယ့် အချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာ ဘာတွေဝါသနာပါလဲ၊ စိတ်အားထက်သန်တာတွေက ဘာတွေလဲ၊ ဘဝကို ဘယ်လိုရှင်သန်ဖြတ်သန်းချင်တာလဲဆိုတာ ရှာဖွေပြီး ကိုယ်ဖြစ်ချင်တာနဲ့ ကိုယ့်အကြောင်းကိုယ်သိအောင် ကြိုးစားရမယ့်အချိန်ပါ။ ဒီအရွယ်မှာ ချစ်သူရည်းစားထားပြီး အချစ်ရေးကို အာရုံရောက်နေမယ်ဆိုရင် သင်ကိုယ်တိုင်အနေနဲ့ ရင့်ကျက်ဖွံ့ဖြိုးမလာပဲ အခြားသူတစ်ယောက်ရဲ့ ချစ်သူရည်းစားအဖြစ်နဲ့ အရွယ်ရောက်လာပါလိမ့်မယ်။ ဒီလိုဖြစ်ခဲ့ရင် သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ ခံယူချက်အားလုံးအပေါ်မှာ သက်ရောက်မှုရှိနေတာကြောင့် ကိုယ့်အကြောင်းကိုယ်သိဖို့ မဖြစ်နိုင်သလောက်ပါပဲ။

၂။ ရွေးချယ်မှုတွေ မှားနိုင်တယ်။

ဘဝမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့၊ ရွေးချယ်မှုတွေလုပ်နိုင်ဖို့ အတွေ့အကြုံတွေ အများကြီး လိုအပ်ပါတယ်။ ဆယ်ကျော်သက်အရွယ်ဟာ ဘဝရဲ့ အစပိုင်းပဲ ရှိသေးတာကြောင့် လောကကြီးရဲ့ စိန်ခေါ်မှုတွေကို ဘာမှသိဦးမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ချစ်သူရည်းစားရွေးချယ်ရာမှာ မှားယွင်းနိုင်ချေ အများကြီးရှိပါတယ်။ နောင်တချိန်မှ နောင်တရမယ့် အချစ်ရေးတွေကို အာရုံရောက်နေမယ့်အစား ကိုယ်ပိုင်အရည်အချင်းတွေကို ဖြည့်ဆည်းပြီး ကိုယ်ပိုင်ရည်တည်မှုကို တည်ဆောက်သင့်ပါတယ်။

၃။ အာရုံများစေတယ်။

ငယ်ရွယ်စဉ်မှာ အချစ်ကို စိတ်ကစားနေတာက ပညာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒီအချက်က စာမေးပွဲအမှတ်တွေ နည်းတာကအစ၊ ဘဝခရီးအတွက် ရွေးချယ်နိုင်တဲ့ အခွင့်အလမ်းတွေအထိ လျော့နည်းပျက်စီးစေနိုင်ပါတယ်။ တကယ်တော့ ငယ်ရွယ်စဉ်မှာ အချစ်ရေးကို ဦးစားပေးတာက လက်ကျန်ဘဝတစ်ခုလုံးကို ပေါ့ပေါ့တန်တန်သဘောထားလိုက်တာနဲ့ အတူတူပါပဲ။

၄။ မိမိကိုယ်ကို အရင်ချစ်တတ်အောင် ကြိုးစားပါ။

ငယ်ငယ်ရွယ်ရွယ်နဲ့ အချစ်ရေးကိစ္စတွေကို ဦးစားပေးနေမယ်ဆိုရင် မိမိကိုယ်ကိုယ် ဖော်ထုတ်ဖို့ အခွင့်အရေး နည်းသွားပါလိမ့်မယ်။ မိမိကိုယ်ကို အရင်ချစ်ခင်တန်ဖိုးထားတတ်ဖို့က ဘဝအောင်မြင်ရေးအတွက် အရေးကြီးပါတယ်။ ချစ်သူရဲ့ အလိုဆန္ဒကို ညှိနှိုင်းနေရတဲ့အတွက် ဘဝမှာ တိုးတက်သင့်သလောက် တိုးတက်အောင်မြင်မှာ မဟုတ်ပါဘူး။

ဒါ့ကြောင့် အချစ်ရေးနဲ့ပတ်သက်လာရင် ဘာအကြောင်းကြောင့်မှ လောကြီးနေစရာ မလိုပါဘူး။ အချိန်တန်ရင် သင့်တော်တဲ့ဘဝလက်တွဲဖော်ကို တွေ့ရပါလိမ့်မယ်။ ဘယ်ကိစ္စမဆို အချိန်လိုအပ်တယ်ဆိုတာ မှတ်ထားပါ။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်းအားကျစေဖို့

Gentleman Magazine

Related Posts

%%footer%%