မိန်းကလေးတွေ သဘောကျသည့် အမျိုးသားတွေရဲ့ အလေ့အကျင့်(၅)ခု

ဒီမှာ ကိုယ့်လူ… ဆော်ကြည်ဖို့အတွက် ဝိတ်မနေစရာ မလိုပါဘူး။ ယောင်္ကျားတစ်ယောက်မှာ Six packs တွေ၊ လက်မောင်းကြွက်သားတွေနဲ့ ချောမောခန့်ညားတဲ့ ရုပ်ရည်တွေထက် မိန်းကလေးတွေ သဘောကျတဲ့ အခြားအရာတွေရှိပါသေးတယ်။

၁။ မိမိကိုယ်ကို ယုံကြည်မှု။

မိမိကိုယ်ကို ယုံကြည်မှုရှိတဲ့ အမျိုးသားတွေကို အမျိုးသမီးတွေက သဘောကျပါတယ်။ ဇဝေဇဝါနဲ့ တုန်လှုပ်နေတတ်တဲ့ ယောင်္ကျားမျိုးကို ဘယ်မိန်းကလေးကမှ အထင်မကြီးပါဘူး။ ဆုံးဖြတ်ချက်တွေကို ပြတ်ပြတ်သားသား ချတတ်တာ၊ စွန့်စားစရာရှိတာကို စွန့်စားလိုက်တာမျိုးကို မိန်းကလေးတွေက ရင်ခုန်တတ်ပါတယ်။

၂။ ကိုယ်ချင်းစာစိတ်။

စီးပွားရေးမှာပဲဖြစ်ဖြစ်၊ လူမှုဆက်ဆံရေးမှာပဲဖြစ်ဖြစ် ကိုယ်ချင်းစာစိတ်က အရေးကြီးပါတယ်။ သင့်ကိုယ်သင် တည်ဆောက်ဖို့၊ အမွှန်းတင်ဖို့ အခြားသူကို ချနင်းတာမျိုး မလုပ်သင့်ပါဘူး။ ဒီလို လုပ်တတ်တာက စိတ်မလုံခြုံမှုနဲ့ မောက်မာမှုကို ဖော်ပြနေပါတယ်။ မိန်းကလေးတွေက ယုံကြည်မှုလွန်ကဲပြီး မောက်မာသူတစ်ဦးထက် ကိုယ်ချင်းစာစိတ်ရှိသူတစ်ယောက်ကို ပိုသဘောကျပါလိမ့်မယ်။

၃။ အကောင်းမြင်စိတ်။

အကောင်းမြင်စိတ်ရှိသူတွေနဲ့ အတူနေရတာက ဘဝကို ပျော်ရွှင်စေပါတယ်။ ကိုယ်တိုင်ထိန်းချုပ်နိုင်တာထက် ကျော်လွန်နေတဲ့အရာတွေကို အကောင်းမြင်စိတ်နဲ့ ရှုမြင်သုံးသပ်နိုင်စွမ်းက မလိုလားအပ်တဲ့ စိတ်ဖိစီးမှုတွေကို ရှောင်လွှဲနိုင်ပါတယ်။ မိန်းကလေးတွေက ပင်ကိုယ်အားဖြင့် အရာရာတိုင်းကို စိုးရိမ်တတ်ကြတာကြောင့် အကောင်းမြင်စိတ်နဲ့ နှစ်သိမ့်ပေးနိုင်တဲ့ အမျိုးသားတွေကို လိုအပ်ကြပါတယ်။

၄။ လေးစားမှု။

အမျိုးသားတစ်ယောက်က သူမအတွက် တံခါးဖွင့်ပေးတာ၊ ထိုင်ဖို့ခုံနေရာပြင်ပေးတာတွေ လုပ်ပေးတိုင်းမှာ မိန်းကလေးတွေက ကျေနပ်မှုကို ခံစားရပါတယ်။ ဒီထက်အရေးကြီးတာက သူမရဲ့ ထင်မြင်ချက်ကို လေးစားမှုရှိတာပါပဲ။ သူတို့ကို လေးလေးစားစား ဆက်ဆံတတ်တဲ့ အမျိုးသားတွေကို မိန်းကလေးတွေက စိတ်ဝင်စားလေ့ရှိပါတယ်။

၅။ နားထောင်ပေးခြင်း။

အမျိုးသားတွေက ယေဘုယျအားဖြင့် ခံစားချက်တွေကို ဖွင့်ပြောလေ့မရှိပါဘူး။ မိန်းကလေးတွေကတော့ အသေးအမွှားကအစ ပြောချင်သူတွေပါ။ ဒီတော့ မိန်းကလေးတစ်ယောက် ပြောသမျှကို သေချာအာရုံစိုက်ပြီး နားထောင်ပေးတတ်တဲ့ ယောင်္ကျားတွေကို မိန်းကလေးတွေ သဘောကျတာ မထူးဆန်းပါဘူး။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

Related Posts

%%footer%%