ချစ်တင်းနှောခြင်းရဲ့ အံ့အားသင့်စရာ အကျိုးကျေးဇူး (၆)ခု

ကမ္ဘာတဝှမ်းက လူအများစုဟာ လိင်မှုကိစ္စကို လူသိရှင်ကြားထုတ်ပြောလို့ မကောင်းတဲ့အရာတစ်ခုလို့ မှတ်ယူထားလေ့ရှိပါတယ်။ ဒါ့ကြောင့် လိင်မှုကိစ္စကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေအကြောင်းကို မသိကြတဲ့သူတွေက များပါတယ်။ လိင်မှုကိစ္စဟာ သင့်အသက်အန္တရာယ်ကို ချိမ်းခြောက်နိုင်တဲ့ ရောဂါတွေကိုတောင် တာကွယ်ပေးနိုင်တယ်ဆိုရင် ယုံနိုင်ပါ့မလား။ ရှင်းရှင်းလင်းလင်းသိရှိနားလည်ထားဖို့အတွက် လိင်မှုကိစ္စကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူး ၆ ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေတယ်။

အိပ်ရာတစ်ခုဟာ ကိစ္စနှစ်မျိုးအတွက် အသုံးချနိုင်ပါတယ်။ အနားယူအိပ်စက်ဖို့နဲ့ ချစ်တင်းနှောဖို့ပါ။ ဒီနှစ်ခုစလုံးကလည်း တစ်ခုကိုတစ်ခု အပြန်အလှန်အကျိုးပြုနေပါတယ်။ ချစ်တင်းနှော ကာမဆက်ဆံချိန်မှာ သင့်ခန္ဓာကိုယ်က ဟော်မုန်းတွေများစွာကို ထုတ်လုပ်ပေးပါတယ်။ ဒီဟော်မုန်းတွေထဲက အောက်စီတိုဂျင်လို့ခေါ်တဲ့ ဟော်မုန်းက သင့်ကို သာယာကျေနပ်မှုကို ခံစားရစေတာဖြစ်ပါတယ်။ နောက်ထပ်ဟော်မုန်းတစ်ခုဖြစ်တဲ့ ကော်တီဆိုးလ်ကတော့ စိတ်ဖိစီးမှုတွေကို လျော့ပါးသက်သာစေပါတယ်။ ဒါ့ကြောင့် လိင်ဆက်ဆံပြီးချိန်မှာဆိုရင် အိပ်စက်ရာမှာ ပိုပြီးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေနိုင်ပါတယ်။ တကယ်လို့ သင့်မှာ ညဖက်အိပ်မပျော်တဲ့အခြေအနေမျိုးရှိရင် ဘာလုပ်ရမယ်ဆိုတာ သိလောက်ပြီထင်ပါတယ်။

၂။ ကိုယ်ခံအားစနစ်ကို အားကောင်းစေတယ်။

ကိုယ်ခံအားကောင်းခြင်းက လိင်ဆက်ဆံမှုနဲ့ ဆက်စပ်နေတယ်ဆိုတာကို လေ့လာဆန်းစစ်မှုတွေအရ တွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။ လေ့လာမှုတွေအရ သီတင်းတစ်ပတ်ကို အနည်းဆုံး တစ်ကြိမ် နှစ်ကြိမ်လောက် လိင်ဆက်ဆံလေ့ရှိသူတွေဟာ အအေးမိတုပ်ကွေးရောဂါတွေကို ပိုပြီးခံနိုင်ရည်ရှိတယ်လို့ ဆိုပါတယ်။ တစ်ခုသတိထားရမှာက လိင်ဆက်ဆံမှုများလွန်းရင်လည်း ဆန့်ကျင်ဖက်အကျိုးရလဒ်အဖြစ် ကိုယ်ခံအားကို ကျဆင်းသွားစေနိုင်ပါတယ်။ ဒါ့ကြောင့် တစ်ပတ်နှစ်ကြိမ်က အကောင်းဆုံးပါပဲ။

၃။ စိတ်ဖိစီးမှုကို လျော့ပါးသက်သာစေတယ်။

လိင်ဆက်ဆံခြင်းဟာ စိတ်ဖိစီးမှုကို သက်သာစေနိုင်တယ်ဆိုတာ လျို့ဝှက်ချက်တစ်ခုတော့ မဟုတ်ပါဘူး။ သင့်ပါတနာကို ပွေ့ဖက်တာ၊ ထိတွေ့တာ၊ ကြင်ကြင်နာနာဆက်ဆံတာ၊ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေအားလုံးက စိတ်ကို တည်ငြိမ်စေပြီး စိတ်ညစ်စရာတွေကို မေ့ပျောက်သွားစေနိုင်တာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် လိင်ဆက်ဆံနေချိန်မှာဆိုရင် သင့်ဦးနှောက်က တစ်ခုခုကို အနိုင်ရသလို၊ ထူးခြားပျော်ရွှင်စရာတစ်ခုခု ကြုံတွေ့နေရသလို အချက်ပြမှုတွေကို ထုတ်လွှတ်နေတာကြောင့် အလုပ်နဲ့ပတ်သက်တဲ့ စိတ်ဖိစီးမှုတွေ စိုးရိမ်သောကတွေကနေ သက်သာရာရစေပါတယ်။ ဒါ့အပြင် သွေးဖိအားကိုလည်း ကျစေတာကြောင့် စိတ်ကိုတည်ငြိမ်စေပါတယ်။

၄။ အသက်အန္တရာယ်ချိမ်းခြောက်နိုင်တဲ့ ရောဂါတွေက ကာကွယ်နိုင်တယ်။

လူအများစုက ချစ်တင်းနှောကာမဆက်ဆံရာတကို သဘောကျကြပါတယ်။ ဒါကို ပုံမှန်လုပ်ဆောင်ပေးမယ်ဆိုရင် ပျော်ရွှင်ကျေနပ်မှုကို ခံစားရမှာပါ။ စိတ်ပျော်ရွှင်ကျေနပ်နေမယ်ဆိုရင် ခန္ဓာကိုယ်ကလည်း လုပ်ငန်းတွေ ပုံမှန်လည်ပတ်လုပ်ဆောင်နိုင်နေမှာပါ။ လေ့လာမှုတွေအရ ပုံမှန်လိင်ဆက်ဆံလေ့ရှိသူတွေမှာ နှလုံးတိုက်ခိုက်ခံရနိုင်ချေ ထက်ဝက်ခန့်ကျဆင်းသွားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ချေနည်းသွားတယ်လို့လည်း သိရပါတယ်။

၅။ ဦးနှောက်စွမ်းဆောင်ရည်ကို တိုးတက်စေတယ်။

လိင်ဆက်ဆံမှုက ဉာဏ်ကောင်းစေနိုင်တယ်လို့ ဆိုနိုင်ပါတယ်။ ပုံမှန်လိင်ဆက်ဆံလေ့ရှိသူတွေမှာ စိတ်ပိုင်းဆိုင်ရာ နိုးကြားထက်မြက်မှုအားကောင်းတာကို လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် မှတ်ဉာဏ်တွေကို သိမ်းဆည်းထားတဲ့ ဦးနှောက်အစိတ်အပိုင်း ဖွံ့ဖြိုးမှုကိုလည်း တိုးတက်စေတာကြောင့် မှတ်ဉာဏ်စွမ်းရည်လည်း တိုးတက်လာစေနိုင်ပါတယ်။

၆။ မိမိကိုယ်ကို ယုံကြည်မှုရှိစေတယ်

အခြေခံအားဖြင့် လိင်ဆက်ဆံဖက် ပါတနာတစ်ယောက်ရှိခြင်းက မိမိကိုယ်ကို ဆွဲဆောင်မှုရှိတယ်လို့ ခံစားရစေနိုင်ပါတယ်။ ဒီခံစားမှုကို ယုံကြည်မှုကို အထောက်အကူပြုပေးနိုင်ပါတယ်။ ဒီကတဆင့် မိမိကိုယ်ကိုယ် ယုံကြည်မှုရှိခြင်းရဲ့ အကျိုးကျေးဇူးတွေကိုပါ ရရှိလာမှာပါ။ ဒါ့အပြင် လိင်ပိုင်းဆိုင်ရာ လိုအင်ဆန္ဒပြည့်ဝမှုဟာ ဘဝကို ကျေနပ်အားရစေတဲ့ အချက်တစ်ခုဖြစ်ပါတယ်။

ဒါတွေကတော့ ချစ်တင်းနှောကာမဆက်ဆံခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတချို့ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်အရာမဆို တန်ဆေးလွန်ဘေးဖြစ်တတ်တာကြောင့် အကျိုးရှိရုံပဲ လုပ်တတ်ဖို့ သတိချပ်ပါ။ လိုတာထက်ပိုသွားရင် ဆန့်ကျင်ဖက် ဆိုးကျိုးတွေရရှိနိုင်ပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

Related Posts

%%footer%%