စိုပြေကြည့်ကောင်းတဲ့ အသားအရေကို ပိုင်ဆိုင်ချင်ရင် ရေဓာတ်ပြည့်ဝနေဖို့ အရေးကြီးပါတယ်။ အသားအရေမှာ ရေဓာတ်ခမ်းခြောက်နေတဲ့အခါမှာ ယားယံတာ၊ အနီကွက်တွေ ထွက်တာနဲ့ အသားကွဲအက်တာတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုမဖြစ်ရအောင် ရေဓာတ်ပြည့်ဝနေစေမယ့် နည်းလမ်းကောင်းတချို့ကို ဝေမျှပေးလိုက်ပါတယ်။
၁။ ကြက်သီးနွေးရေကိုပဲ အသုံးပြုပါ။
ရေနွေးနဲ့ ရေချိုးတာက လန်းဆန်းပေါ့ပါးစေတာ မှန်ပါတယ်။ ဒါပေမယ့် အရမ်းပူတဲ့ရေက အရေပြားမှာရှိတဲ့ အဆီဓာတ်တွေကို ခမ်းခြောက်သွားစေပြီး အသားအရေကို ခြောက်သွားစေနိုင်ပါတယ်။ ရေချိုးမှမဟုတ်ပါဘူး မျက်နှာသစ်တာနဲ့ ခြေလက်ဆေးကြောရာမှာလည်း ကြက်သီးနွေးရေကိုပဲ အသုံးပြုသင့်ပါတယ်။
၂။ အစိုဓာတ်ကို ထိန်းပါ။
အစိုဓာတ်ဟာ အသားအရေအတွက် အရေးကြီးပါတယ်။ ဒါ့ကြောင့် ရေချိုးပြီးတိုင်း မျက်နှာသစ်ပြီးတိုင်းမှာ အစိုဓာတ်ထိန်းခရင်မ်တစ်ခုခုကို သုံးပေးပါ။
၃။ အသားအရေကို ဖုံးအုပ်ထားပါ။
ခြောက်သွေ့တဲ့ လေနဲ့ နေရောင်ခြည်က အသားအရေမှာရှိတဲ့ အဆီဓာတ်တွေကို ခမ်းခြောက်သွားစေနိုင်ပါတယ်။ ဒါ့ကြောင့် အသားအရေကို နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့အောင်၊ လေပူဒဏ်မခံရအောင် ကာကွယ်ထားပါ။ အပြင်သွားမယ်ဆိုရင် နေလောင်ခံခရင်လိမ်းပါ။ အင်္ကျီလက်ရှည် ဘောင်းဘီရှည်ဝတ်ပါ။
၄။ ရေများများသောက်ပါ။
အသားအရေမှာ အစိုဓာတ်ပြည့်ဝနေစေဖို့အတွက် ရေများများသောက်ပေးဖို့ လိုပါတယ်။ ကော်ဖီတွေ၊ လက်ဘက်ရည်တွေပဲ သောက်မနေသင့်ပါဘူး။ ရေများများသောက်ခြင်းက ဘာမှအပန်းမကြီးသလို အသားအရေအတွက်သာမက ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပါတယ်။
၅။ ရေဓာတ်ဖြည့်တင်းပေးနိုင်တဲ့ စားစရာတွေ စားပါ။
ရေများများသောက်ဖို့ လိုသလိုပဲ ရေဓာတ်ကြွယ်ဝတဲ့ စားစရာတွေကို စားပေးဖို့လည်း လိုပါတယ်။ အရည်ရွှမ်းတဲ့ အသီးတွေဖြစ်တဲ့ ဖရဲသီး၊ ပန်းသီး၊ လိမ္မော်သီးနဲ့ ကီဝီသီးတို့ကို များများစားပါ။ ခရမ်းချဉ်သီး၊ သခွားသီး၊ မုန်လာဥတို့လို့ ဟင်းသီးဟင်းရွက်တွေ စားပါ။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့
Gentleman Magazine