အချစ်ရေးတစ်ခုမှာ မလုပ်သင့်တဲ့အရာ ၉ ခု

၁။ လက်တွေ့မကျတဲ့ ကတိနဲ့ မျှော်လင့်ချက်များ

ချစ်ကြကြိုက်စမှာ ကောင်မလေးအထင်ကြီးစေဖို့ ရည်ရွယ်ပြီး လက်တွေ့မကျတဲ့ ကတိနဲ့ မျှော်လင့်ချက်တွေ မပေးသင့်ပါဘူး။ ပုံမှန်အချိန်မှာ သင် တကယ်မစောင့်ထိန်းနိုင်တဲ့ ကတိတွေပေးတာ၊ မျှော်လင့်ချက်တွေပေးတာက တဖက်သူကို နာကျင်ခံစားရစေရုံသာမက သံသယတွေလည်း များလာစေပါတယ်။

၂။ မရိုးသားမှု

ဘယ်အချစ်ရေးမှာမဟုတ် ပြောဆိုဆက်ဆံရေးဟာ အဓိကသော့ချက်တစ်ခု ဖြစ်ပါတယ်။ ချစ်သူနဲ့ ပြောဆိုဆက်ဆံရာမှာ အလုံးစုံ ရိုးသားပွင့်လင်းဖို့ အရေးကြီးပါတယ်။ သင့်စိတ်ထဲက အတွေးတစ်ခုခုကို မပြောပဲထားလိုက်တာက နောက်ပိုင်းမှာ ပြဿနာဖြစ်လာစေနိုင်တဲ့ အကြောင်းရင်း တစ်ခုပါပဲ။

၃။ မှီခိုလွန်းခြင်း

ချစ်သူတွေဖြစ်လာကြပြီးဆိုရင် လူအများစုက သူတို့ရဲ့ သီးခြားဖြစ်တည်မှုတွေကို မေ့လျော့သွားတတ်ကြပါတယ်။ ဒီလိုနဲ့ အမြဲတပူးတွဲတွဲဖြစ်နေရာကနေ မဖြစ်နိုင်တဲ့အခြေအနေတစ်ခုရောက်ရင် နာကျင်ခံစားစရာ၊ ဒေါသဖြစ်စရာ အကြောင်းရင်းဖြစ်လာတတ်ပါတယ်။

၄။ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု

ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုဆိုတာက ချစ်တင်းနှောတာကိုပဲ ဆိုလိုတာမဟုတ်ပါဘူး။ လက်ကလေးကိုင်ထားတာ၊ နွေးနွေးထွေးထွေးပွေ့ဖက်တာတွေလည်း ပါဝင်ပါတယ်။ နှစ်ဦးသား ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု နည်းတာ၊ လုံးဝမရှိတာက နှစ်ဦးကြားက သံယောဇဉ်ကို အေးစက်သွားစေနိုင်ပါတယ်။ ဒီအချက်ကြောင့် အနေဝေးတဲ့ချစ်သူစုံတွဲတွေ အဆင်မပြေကြတာပါ။

၅။ အမှန်ထက် အမှားကို အာရုံစိုက်ခြင်း

လူဆိုတာက အမှားနဲ့မကင်းနိုင်ပါဘူး။ အမှန်ထက် အမှားကို အာရုံစိုက်တတ်ကြတာကလည်း လူ့သဘာဝပါပဲ။ အချစ်ရေးမှာလည်း ဒီလိုပါပဲ။ ချစ်သူအပေါ်မှာမှာ သင့်မကြိုက်တဲ့ အချက်လေးတစ်ခုအတွက်နဲ့ သူကောင်းခဲ့သမျှတွေကို လျစ်လျူရှုမထားသင့်ပါဘူး။ အဆိုးတွေကို အာရုံစိုက်လွန်းရင် ကောင်းတာတွေကို မြင်နိုင်မှာမဟုတ်ပါဘူး။

၆။ မှန်ကန်ကြောင်း ငြင်းခုံခြင်း

ချစ်သူစုံတွဲတွေမှာ ပြောစရာစကားက သိပ်မရှိပါဘူး။ အချိန်ကြာကြာစကားပြောတဲ့အခါ နိုင်ငံရေး၊ ဘာသာရေး၊ ကျားမ အရေးကိစ္စတွေ ရောက်သွားတတ်ပါတယ်။ ဒီအချိန်မှာ သူ့အမြင် ကိုယ့်အမြင် အမှန်အမှား ငြင်းခုံတတ်ကြပါတယ်။ ဒီနေရာမှာ မှန်တယ်မှားတယ်ဆိုတာကို ဦးစားပေးလွန်းပြီး အသားစီးရအောင် ချိုးနှိမ်ပြောဆိုတာက အချစ်ရေးကို ထိခိုက်စေနိုင်တဲ့အချက်တစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် မှန်တာမှားတာထက် ချစ်နေရဖို့ကို ဦးစားပေးပါ။

၇။ အကဲဖြတ်လွန်းခြင်း

လူတစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံရတာအဆင်ပြေပြီး တစ်ယောက်အနားမှာရှိနေရင် စိတ်ချလုံခြုံမှုကို ခံစားရမှာ အချစ်ရေးကို တည်ဆောက်နိုင်တာပါ။ ဒီလိုမဟုတ်ပဲ တစ်ယောက်လုပ်သမျှ၊ ပြောသမျှကို တစ်ယောက်က အပြစ်လိုက်ပြော အကဲဖြတ်နေမယ်ဆိုရင် ဘယ်သူမှ ပျော်ရွှင်နိုင်တော့မှာမဟုတ်ပါဘူး။ သင့်ချစ်သူအပေါ်မှာ အကဲမဖြတ်ပါနဲ့။ သူမမှာလည်း ကိုယ်ပိုင်စိတ်ကူး၊ ကိုယ်ပိုင်ဖြစ်တည်မှုတွေ ရှိတယ်ဆိုတာ သတိရပါ။

၈။ စိတ်ကူးအိပ်မက်တွေကို စွန့်လွှတ်ရခြင်း

အချစ်ရေးတစ်ခုကို တည်ဆောက်ရတာက တစ်ဦးတစ်ယောက်ထဲကိစ္စမဟုတ်ပါဘူး။ နှစ်ယောက်စလုံးနဲ့ သက်ဆိုင်ပါတယ်။ ဒီနေရာမှာ တစ်ဦးချင်းစီရဲ့ စိတ်ကူးအိပ်မက်နဲ့ လိုအပ်ချက်တွေကို ကြားချညှိနှိုင်းတတ်ဖို့ အရေးကြီးပါတယ်။ နှစ်ယောက်စလုံးအတွက် အဆင်ပြေနိုင်မယ့် နည်းလမ်းကို တိုင်ပင်ဆွေးနွေးဖို့ လိုပါတယ်။ ဒီလိုမဟုတ်ပဲ တစ်ယောက်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ အခြားတစ်ယောက်ရဲ့ စိတ်ကူးအိပ်မက်တွေကို စွန့်လွှတ်လိုက်ရတာ၊ ပြောင်းလဲလိုက်ရတာတွေက အချိန်ကြာလာရင် အချစ်ရေးကို ထိခိုက်လာစေနိုင်ပါတယ်။

အချစ်ရေးဟာ ရှုပ်ထွေးတဲ့ သဘောတရားတစ်ခုဖြစ်ပါတယ်။ ဘယ်သူမဆို အမှားတွေလုပ်မိနိုင်ပါတယ်။ အခုဖော်ပြခဲ့တာတွေကတော့ အမှားတွေထဲက တချို့ပဲရှိပါသေးတယ်။ ဒီအချက်တွေကို ဆင်ခြင်နိုင်မယ်ဆိုရင်တော့ သင့်ရဲ့အချစ်ရေးက ပိုပြီးသာယာပျော်ရွှင်ရမယ်ဆိုတာ သေချာပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

Related Posts

%%footer%%