အမျိုးသားတွေလည်း နေလောင်ခံခရင်မ်သုံးသင့်တဲ့ အကြောင်းရင်း (၃)ခု

အသားအရေးပြဿနာတွေအများစုဟာ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မှုတွေကနေ စတင်တာဖြစ်ပါတယ်။ ဒီပြဿာနာတွေကို ကာကွယ်ဖြေရှင်းနိုင်ဖို့အတွက် နေလောင်ခံခရင်မ်ကို ပုံမှန်သုံးပေးသင့်ပါတယ်။ အမျိုးသမီးတွေသာမက အမျိုးသားတွေလည်း နေလောင်ခံခရင်မ် ပုံမှန်သုံးပေးသင့်တဲ့ အကြောင်းရင်း တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အရေပြားကင်ဆာကို ကာကွယ်ပေးနိုင်တယ်။

နေလောင်ခံခရင်မ်တွေကို သုံးစွဲသင့်တဲ့အကြောင်းရင်းတွေထဲမှာ အရေးအကြီးဆုံးက အရေပြားကင်ဆာ မဖြစ်အောင် ကာကွယ်ပေးနိုင်တာပဲ ဖြစ်ပါတယ်။ အရေပြားပြဿနာအမျိုးမျိုးကို ကာကွယ်နိုင်ဖို့အတွက် အမျိုးသမီးတွေသာမက အမျိုးသားတွေလည်း နေလောင်ခံခရင်မ်ပုံမှန်သုံးစွဲသင့်ကြောင်း ကျွမ်းကျင်ပညာရှင်တွေက တိုက်တွန်းထားပါတယ်။ နေလောင်ခံခရင်မ်အသုံးပြုခြင်းအားဖြင့် နေရောင်ခြည်ကြောင့် အရေပြားမှာရှိတဲ့ ဆဲလ်တွေ ထိခိုက်ပျက်စီးမှုကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့ကြောင့် အိမ်ထဲကအိမ်ပြင်ထွက်ခါနီး အချိန်တိုင်းမှာ နေလောင်ခံခရင်မ်တစ်ခုခု သုံးစွဲသင့်ပါတယ်။

၂။ အရွယ်တင်နုပျိုစေတယ်။

အသားအရေပျက်စီးပြီး ရှိရင်းစွဲအသက်အရွယ်ထက် အိုမင်းရင့်ရော်တဲ့ရုပ်ရည်ဖြစ်လာတဲ့ အဓိကအကြောင်းရင်းက နေရောင်ခြည်ကြောင့် ဖြစ်ပါတယ်။ အသားအရေကို နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မှု များတဲ့အခါမှာ အသားအရေးကို တင်းရင်းစိုပြေစေတဲ့ အရေပြားတင်းမာမှုနဲ့ ကော်လေဂျင်တွေကို ဆုံးရှုံးသွားစေပါတယ်။ ဒီလို မဖြစ်အောင်ကာကွယ်ဖို့ နေလောင်ခံခရင်မ်တွေကို ပုံမှန်သုံးစွဲပေးသင့်ပါတယ်။

၃။ တင်းတိတ်မှဲ့ခြောက်တွေ မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်။

အသားအရေကို အချိန်ကြာကြာနေရောင်ခြည်တိုက်ရိုက်ထိတွေ့မှုများတဲ့အခါ နေလောင်ဒဏ်ကို ခံစားရမှာဖြစ်တဲ့အပြင် တင်းတိတ်နဲ့ မှဲ့ခြောက်တွေလည်း ဖြစ်လာနိုင်ပါတယ်။ ဒီလို မဖြစ်အောင် ကာကွယ်ဖို့ နေလောင်ခံခရင်မ်ပုံမှန်သုံးစွဲပေးတာက အကောင်းဆုံးဖြစ်ပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

Related Posts

%%footer%%