ဒီဆောင်းပါးက သင့်ကို Single ဖြစ်ဖို့ တွန်းအားပေးဖို့ ရည်ရွယ်တာမဟုတ်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် လက်တွဲဖော် မတွေ့သေးပဲ Single ဖြစ်နေချိန်မှာ ဘဝကို အကောင်းဆုံးဖြတ်သန်းနိုင်ဖို့ ရည်ရွယ်ပါတယ်။
ပထမဆုံးပြောချင်တာက Single ဖြစ်နေတာဟာ သင့်အမှားမဟုတ်ပါဘူး။ Single ဖြစ်နေသမျှ သင့်ရဲ့ ဖြစ်တည်မှုအပေါ်မှာ အောင်ပွဲခံနေနိုင်ပါတယ်။ ပျော်ရွှင်ဖို့အတွက် အခြားတစ်ယောက်ကို မျှော်လင့်နေစရာမလိုပါဘူး။ ဒါ့အပြင် Single အဖြစ်နဲ့ ပျော်နေနိုင်မယ့် နည်းလမ်းတချို့ကို အကြံပြုပေးချင်ပါတယ်။
၁။ တစ်ကိုယ်တည်သမားတွေရဲ့ သာယာမှုကို ခံစားပါ
တစ်ကိုယ်တည်းသမားတွေဟာ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် ဆုံးဖြတ်ပိုင်ခွင့်ရှိသူတွေ၊ စိတ်သွားတိုင်း ကိုယ်ပါသူတွေလို့ သတ်မှတ်လို့ရပါတယ်။ အပြင်ထွက်မုန့်စားမလား၊ ခရီးသွားမလား၊ ဝါသနာပါရာတစ်ခုခုကို လုပ်မလား ဘယ်လိုကိစ္စမျိုးမဆို ဘယ်သူ့ကိုမှ တိုင်ပင်စရာမလိုပဲ (တကယ်တော့ ခွင့်တောင်းစရာမလိုပဲ) ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်နိုင်ပါတယ်။ ဒီအချက်ကို ခံစားပါ။
၂။ မိမိကိုယ်ကိုယ် တိုးတက်အောင်လုပ်ပါ
သင် ဘယ်နေရာတွေမှာ ကျွမ်းကျင်လဲ။ သင့်ရဲ့ အရည်အချင်းတွေ၊ အောင်မြင်မှုတွေကို စဉ်းစားပါ။ ဒါဆိုရင် သင့်ရဲ့ ဖြစ်တည်မှုက နောက်တစ်ယောက်မရှိလဲ ပြည့်စုံနေတာကို သဘောပေါက်လာပါလိမ့်မယ်။ မိမိကိုယ်ကိုယ် ပိုပြီး တိုးတက်ထူးချွန်လာအောင် လုပ်ပါ။ မိမိကိုယ်ကိုယ် တန်ဖိုးထား လေးစားမှု များလာလေလေ၊ ကိုယ်ပိုင်ဖြစ်တည်မှုနဲ့ ပိုပြီးပျော်ရွှင်လာနိုင်လေပါပဲ။
၃။ အကောင်းမြင်စိတ်မွေးပါ
ဘဝကို အကောင်းမြင်စိတ်နဲ့ ကြည့်နိုင်အောင် ကြိုးစားပါ။ သင့်မှာ ရှိနှင့်ပြီးသားအရာတွေကို အသိအမှတ်ပြုပါ။
၄။ လွတ်လပ်မှုကို ခံစားပါ
Single တွေရဲ့ အားသာချက်တွေထဲက တစ်ခုက လွတ်လပ်မှုပိုရှိတာပဲ ဖြစ်ပါတယ်။ သင့်ဘဝကို သင့်စိတ်တိုင်းကျ တည်ဆောက်နိုင်ပါတယ်။ ညှိနှိုင်းစရာ အစီအစဉ်တွေ၊ မလုပ်ချင်ပဲ လုပ်နေရတာတွေမရှိပဲ ကိုယ်တိုင်ကိုယ်ကျ လုပ်ချင်တာတွေကို စိတ်တိုင်းကျလုပ်ဆောင်နိုင်တဲ့ လွတ်လပ်မှုကို ခံစားပါ။
၅။ တစ်ယောက်ထဲ ခရီးသွားပါ
Single ဖြစ်နေလည်း တစ်ယောက်ထဲ ခရီးတွေသွားပြီး ကမ္ဘာကြီးကို စူးစမ်းပါ။ စိတ်တိုင်းကျ သွားချင်ရာသွားပြီး လုပ်ချင်တာလုပ်နိုင်တဲ့ အခွင့်အရေးရှိနေပြီပဲ။ ခရီးသွားရင်းနဲ့ သင့်ဘဝလက်တွဲဖော်ကို မတွေ့ဘူးလို့လည်း ပြောလို့မရပါဘူး။
၆။ ကိုယ့်ဘဝနဲ့ ကိုယ်နေပါ
သင့်ရဲ့ ကိုယ်ပိုင်ဖြစ်တည်မှုကို တန်ဖိုးထားပါ။ သင်မဟုတ်တဲ့ အခြားတစ်ယောက်ပုံစံကို လိုက်မနေပါနဲ့။ သင့်ရဲ့ အရှိအတိုင်းသာ ရှင်သန်ပါ။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့
Gentleman Magazine
အခြားစိတ်ဝင်စားစရာ ဆောင်းပါးအလန်းစား အကြမ်းစားတွေကို
Gentleman Website မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်