သန်းကြွယ်သူဌေးဖြစ်ချင်တာက လူတိုင်းရဲ့ စိတ်ကူးအိပ်မက်တစ်ခုလို့ ပြောနိုင်ပါတယ်။
သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ဖို့ လျှောက်လှမ်းရတဲ့ခရီးလမ်းက ခက်ခဲကြမ်းတမ်းသလို ရလဒ်ကလည်း ကြီးမားပါတယ်။
သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ပြီဆိုရင် ငွေကြေးအတွက် အပူအပင်တွေကင်းပြီး အချိန်တိုင်း ပျော်စရာတွေချည်းပဲလို့ ထင်စရာပါပဲ။ တကယ်တော့ သန်းကြွယ်သူဌေးတစ်ယောက် ဖြစ်ရတာမှာလည်း ဘယ်သူမှ မသိတဲ့ စိန်ခေါ်မှုတွေ ရှိနေပါသေးတယ်။
၁။ တစ်ပြားနှစ်ပြားခွာနေဖို့လိုတယ်
သန်းကြွယ်သူဌေးတစ်ယောက်က ငွေကို ရေလိုသုံးတတ်ကြတယ်လို့ ထင်စရာရှိပါတယ်။ တကယ်လက်တွေ့မှာတော့ မဟုတ်ပါဘူး။ ကိုယ့်ထူးကိုယ်ချွန် သန်းကြွယ်သူဌေးအများစုက ဝင်ငွေမှန်သမျှကို တစ်ပြားကနေ နှစ်ပြားခွာသလို နှစ်ပေါင်းများစွာ ချွေတာစိစစ်သုံးစွဲပြီး ရေရှည်မှာ အကျိုးရှိစေမယ့် ရင်းနှီးမြုပ်နှံမှုတွေကို လုပ်ကြပါတယ်။
၂။ ပျင်းစရာကောင်းတယ်
ငယ်ငယ်ရွယ်ရွယ်နဲ့ သန်းကြွယ်သူဌေးဖြစ်လာသူအများစုဟာ အခြားသူတွေလို အပျော်အပါးနဲ့ အပန်းဖြေခရီးတွေကို စိတ်မဝင်စားကြတာကြောင့်လို့ ဆိုနိုင်ပါတယ်။ အနာဂတ်ရည်မှန်းချက်အတွက် လတ်တလောပျော်ရွှင်မှုတွေအားလုံးကို စတေးတတ်ကြပါတယ်။ လက်ရှိအချိန်မှာ အများအားကျရလောက်တဲ့ ချမ်းသာအောင်မြင်မှုအတွက် အခုအချိန်မှာ အလုပ်ကို ကြိုးကြိုးစားစားအားထုတ်ဖို့ လိုပါတယ်။
၃။ အလုပ်တစ်ခုမက လုပ်ရတယ်
သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ချင်ရင ်ပုံမှန်ရုံးချိန်နဲ့ လုပ်ရတဲ့အလုပ်တစ်ခုထဲနဲ့ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ပါဘူး။ ဝင်ငွေကို တိုးမြင့်နိုင်ဖို့ ဘေးပေါက်အလုပ်တွေ လုပ်ဖို့ လိုပါတယ်။ ကိုယ်ပိုင်ကျွမ်းကျင်မှု၊ ဝါသနာ၊ တီထွင်ဖန်တီးနိုင်စွမ်းကို သုံးပြီး အပိုဝင်ငွေရမယ့် ဝင်ငွေလမ်းကြောင်းတွေ ဖန်တီးနိုင်မှသာ ရေရှည်မှာ ငွေကြေးလွတ်မြောက်မှုကို ရရှိမှာဖြစ်ပါတယ်။
၄။ လက်လျှော့အရှုံးပေးချင်စိတ်ပေါက်လိမ့်မယ်
တစ်ခါတစ်လေမှာ လုပ်နေတာတွေအားလုံးကို ထိုက်တန်ရဲ့လားလို့ တွေးမိနိုင်ပါတယ်။ လက်လျှော့အရှုံးပေးချင်စိတ်တွေလည်း ပေါက်လာနိုင်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ မျှော်လင့်ချက်နဲ့ စိတ်ပိုင်းဖြတ်မှုက အားကောင်းနေသ၍ စိတ်ကူးအိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေမှာပါ။ စိတ်ဓာတ်ကျပြီး လက်လျှော့အရှုံ့းပေးချင်စိတ်ပေါက်လာရင် ဘာကြောင့် စတင်ခဲ့လဲဆိုတာ ပြန်တွေးပါ။
၅။ မိတ်ဆွေအပေါင်းအသင်းတွေ လိုတယ်
သန်းကြွယ်သူဌေးဖြစ်ဖို့၊ ငွေကြေးလွတ်မြောက်မှုရဖို့ ခရီးလမ်းကို လျှောက်လှမ်းရာမှာ အနီးစပ်ဆုံး ပတ်ဝန်းကျင်မှာ ရှိတဲ့လူတွေရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။ သင့်ရဲ့ စိတ်ကူးအိပ်မက်တွေကို အမြဲတမ်းနိုးကြားရှင်သန်နေအောင် အားပေးလှုံ့ဆော်ပေးနိုင်သူတွေ၊ စိတ်ဓာတ်ကျ အကူအညီလိုအပ်နေချိန်မှာ တတ်နိုင်သလောက် အားပေးကူညီတတ်သူတွေ ရှိဖို့ လိုပါတယ်။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့
Gentleman Magazine
အခြားစိတ်ဝင်စားစရာ ဆောင်းပါးအလန်းစား အကြမ်းစားတွေကို
Gentleman Website မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်