၀င်ငွေ၊ ထွက်ငွေ၊ အသုံးစရိတ်တွေကို အလွယ်တကူ မှတ်သားနိုင်ဖို့

ချမ်းသာချင်တယ်ဆိုရင် ငွေကြေးကို စီမံခန့်ခွဲတတ်ဖို့ လိုပါတယ်။

ချမ်းသာကြွယ်ဝလာဖို့ နည်းလမ်းတွေ၊ လမ်းညွှန်ချက်တွေ၊ အကြံပေးဆောင်းပါးတွေတိုင်းမှာ သင့်ရဲ့ ဝင်ငွေထွက်ငွေကို မျက်ချေမပြတ် ဂရုစိုက်စောင့်ကြည့်ဖို့ အမြဲတမ်း ပါဝင်လေ့ရှိပါတယ်။

သင့်လက်ထဲက ငွေကြေး အဝင်အထွက်ကို သိဖို့က အရေးကြီးပါတယ်။ ဒီလိုသိထားမှသာ ငွေကြေးကို လိုအပ်သလို အပြည့်အဝထိန်းချုပ်စီမံနိုင်မှာ ဖြစ်ပါတယ်။

သင့်ရဲ့ ဝင်ငွေထွက်ငွေတွေနဲ့ အသုံးစရိတ်တွေကို မျက်ခြေမပြတ်စောင့်ကြည့် မှတ်သားဖို့က ပြောရလွယ်ပေမယ့် တကယ်လက်တွေ့လုပ်ဖို့ ခက်ခဲတတ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပုံမှန် မှတ်ဖြစ်ဖို့ မလွယ်ပါဘူး။

အသုံးစရိတ်တွေကို စာအုပ်တစ်အုပ်နဲ့ ရေးမှတ်မယ်ဆိုရင်လည်း စာအုပ်ထုတ်ရေးဖို့ အဆင်မပြေတာ၊ ဘောပင်မရှိတာတွေကြောင့် ချက်ချင်းမမှတ်ဖြစ်ပဲ မေ့ကျန်ခဲ့တာတွေ ရှိလာနိုင်ပါတယ်။

ဒီလိုအခက်အခဲတွေမရှိပဲ သင့်ရဲ့ ဝင်ငွေထွက်ငွေနဲ့ အသုံးစရိတ်မှန်သမျှကို အလွယ်တကူ မှတ်သားနိုင်တဲ့ Mobile App တစ်ခု အကြောင်းပြောပြပေးချင်ပါတယ်။

ဒီ Mobile App ရဲ့ နာမည်က Shwe Su Buu – ရွှေစုဘူးဖြစ်ပါတယ်။

(Play Store မှ download Link ကို First Comment မှာ ဖော်ပြထားပါတယ်)

ရွှေစုဘူး App ကို Google Play Store ကနေ အခမဲ့ Download ရယူသုံးစွဲလို့ရပါတယ်။

ဒီ App မှာ သင့်ရဲ့ ဝင်ငွေကို လစာ၊ မုန့်ဖိုး၊ စုငွေ၊ ဘဏ်တိုး စသဖြင့် အမျိုးအစားအလိုက် ခွဲခြားထည့်သွင်းနိုင်သလို ထွက်ငွေကိုလည်း စားစရိတ်၊ ဘတ်စ်ကားခ၊ တက္ကစီခ စသဖြင့် အမျိုးအစားလိုက် ခွဲခြား မှတ်သားနိုင်ပါတယ်။ (ဝင်ငွေစာရင်းအမျိုးအစားမှာ ဘတ်ငွေတောင်ပါသေး)

သင့်ထည့်သွင်းထားတဲ့ ဝင်ငွေ၊ ထွက်ငွေစာရင်းမှန်သမျှကို အမျိုးအစားအလိုက် ဖော်ပြထားပေးမှာ ဖြစ်သလို ဘယ်အမျိုးအစားအတွက် ဘယ်လောက် သုံးထားပြီးပြီလဲဆိုတာကိုလည်း မှတ်တမ်းပြန်ကြည့်လို့ရပါတယ်။

တစ်လစာ ဝင်ငွေထွက်ငွေ လချုပ်စာရင်းလည်း တွက်ထားပေးတာကြောင့် လိုတိုးပိုလျှော့လုပ်ဖို့ အဆင်ပြေနိုင်ပါတယ်။

သင့်ရဲ့ အသုံးစရိတ်ကိုလည်း လိုတာထက် ပိုမသုံးမိအောင် ကန့်သတ်ထားနိုင်ပါတယ်။

ဒါ့ကြောင့် အသုံးစရိတ်ကို မှတ်သားထားချင်သူတွေအတွက် အသုံးတည့်မယ့် App လေးတစ်ခုဖြစ်လို့ သုံးကြည့်ဖို့ အကြံပြုလိုက်ပါတယ်။

(Play Store မှ download Link ကို First Comment မှာ ဖော်ပြထားပါတယ်)

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

အခြားစိတ်ဝင်စားစရာ ဆောင်းပါးအလန်းစား အကြမ်းစားတွေကို

Gentleman Website မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်

Related Posts

%%footer%%