ငွေကြေးကို ဘယ်လိုဆွဲဆောင်မလဲ

သင့်ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင် တချို့လူတွေက သိပ်အားမစိုက်ရပဲ ငွေကြေးအမြောက်အများဝင်နေပြီး တချို့တွေက ပင်ပန်းဆင်းရဲကြီးစွာ ရုန်းကန်နေကြတာကို တွေ့ရပါလိမ့်မယ်။ ဒါဆိုရင် သိပ်အားစိုက်စရာမလိုပဲ ငွေကြေးချမ်းသာသူတွေက အခြားသူတွေ မသိတဲ့ ငွေကြေးဆိုင်ရာ လျို့ဝှက်ချက်တွေကိုများ သိထားလို့လား??

လျို့ဝှက်ချက်က ဘာလဲ?

သင်လည်း လူအများစုထဲက တစ်ယောက်ဖြစ်တာကြောင့် ဘဝမှာ ငွေကြေးအပူအပင်ကင်းမဲ့ရတဲ့ ချမ်းသာကြွယ်ဝမှုမျိုးကို လိုချင်မှာပါပဲ။ ဒါပေမယ့် ဝင်ငွေနဲ့ ထွက်ငွေနဲ့ မမျှပဲ အမြဲတမ်း ငွေကြေးအတွက် ရုန်းကန်နေရတဲ့ ဘဝက မလွတ်နိုင်ဘူးဖြစ်နေလို့ စိတ်ညစ်နေပါသလား။ ဒီလိုဖြစ်နေတယ်ဆိုရင် သင့်ဘဝထဲကို ငွေကြေးတွေအမြောက်အများ ဝင်လာအောင် ဆွဲဆောင်နိုင်မယ့် နည်းလမ်း (၇)ခုကို ဝေမျှပေးချင်ပါတယ်။

၁။ သင်လည်း ပျော်ရွှင်မှုနဲ့ ထိုက်တန်တယ်လို့ ယုံကြည်ထားပါ

ချမ်းသာကြွယ်ဝမှုကို ဆွဲဆောင်ရာမှာ သင်ကိုယ်တိုင်လည်း ပျော်ရွှင်မှုနဲ့ ထိုက်တန်တယ်လို့ ယုံကြည်ထားဖို့ လိုပါတယ်။ ပျော်ရွှင်မှုကို ဖန်တီးရာမှာ မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ်မှုက စတင်ပါတယ်။ သင့်ကို ပျော်ရွှင်စေမယ့်အရာတွေကို လုပ်ဆောင်နေရရင် ပင်ပန်းတာကို မသိသာပဲ အကျိုးရလဒ်တွေ ပိုမိုဖြစ်ထွန်းလာနိုင်ပါတယ်။ အတိတ်အက အမှားတွေ၊ နောင်တတွေကို လွှတ်ချလိုက်ပါ။ ပျော်ရွှင်မှုကို ခံစားပါ။

၂။ လက်ရှိပိုင်ဆိုင်ပြီးသား အရာတွေကို အာရုံစိုက်ပါ

လူအများစုက သူတို့မှာ မရှိသေးတဲ့အရာတွေနဲ့ လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့အရာတွေနောက်ကို လိုက်ရင်း ထောင်ချောက်မိနေကြပါတယ်။ ဒီအရာတွေကို ခေါင်းထဲမှာ ထည့်ထားတာက မကောင်းတဲ့ အတွေးအခေါ်တွေကိုပဲ ဖြစ်ပေါ်စေတာကြောင့် ပျော်ရွှင်မှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒီအစား သင့်မှာ ပိုင်ဆိုင်ထားပြီးသား အရာတွေကို အသိအမှတ်ပြုပါ။ လက်ဝယ်ပိုင်ဆိုင်ပြီးသားအရာတွေကို အသိအမှတ်ပြုနိုင်ပြီဆိုရင် တိုးတက်ပွားများလာအောင် ကြံဆောင်ဖန်တီးနိုင်လာမှာပါ။

၃။ ကူကယ်ရာမဲ့နေတဲ့ ဒုက္ခသည်စိတ်ကို ဖျောက်ပါ

သင့်ဘဝကို သင်ကိုယ်တိုင်ပြောင်းလဲဖို့ လိုပါတယ်။ နိုင်ငံစီးပွားရေး၊ အစိုးရ စသဖြင့် ပြင်ပအကြောင်းအရာတွေကို အကြောင်းပြပြီး ဆင်းရဲတွင်းထဲမှာ ထိုင်မနေပါနဲ့။ ငါ မလုပ်နိုင်ပါဘူး၊ ငါ လုပ်လည်း ဖြစ်မှာ မဟုတ်ဘူးဆိုတဲ့ အတွေးအခေါ်တွေကို ဖျောက်ဖျက်ပစ်ပါ။ သင် မလုပ်နိုင်တာတွေအတွက် အကြောင်းပြချက်တွေလည်း ပေးမနေပါနဲ့။ ချမ်းသာအောင်မြင်ဖို့ လုပ်နိုင်တယ်လို့ ယုံကြည်ထားမှသာ ငွေကြေးနဲ့ အောင်မြင်မှုတွေကို ဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။

၄။ မနာလိုစိတ်ကို ရှင်းထုတ်ပါ

အခြားသူတစ်ယောက်ရဲ့ ပိုင်ဆိုင်မှုကို မနာလိုဖြစ်တာဟာ သင့်စိတ်ထဲက သိမ်ငယ်မှု၊ မပြည့်စုံမှုတွေရဲ့ လက္ခဏာပါပဲ။ အခြားတစ်ယောက်က ကားအကောင်းစားမောင်းသွားတိုင်း သူက ဘာမှပူပန်စရာမလိုအောင် ချမ်းသာနေတာ ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ မနာလိုခြင်းဟာ လိမ်လည်လှည့်ဖျားတတ်ပြီး သင့်စိတ်ကို ချိုးနှိမ်နိုင်စွမ်း ရှိပါတယ်။

၅။ ငွေကြေးရဲ့ စွမ်းအားကို လေးစားပါ

ငွေကြေးဟာ ကြိုးစားအားထုတ်မှုရဲ့ တွဲဖက်ထွက်ကုန်တစ်ခု ဖြစ်ပါတယ်။ ငွေကြေးကို မလေးစားတာဟာ သင့်ကိုယ်သင် မလေးစားတာပါပဲ။ ငွေကြေးကို တလေးတစားနဲ့ အစီအစဉ်ကျအောင် လုပ်ပါ။ အမြဲတမ်း လေ့လာစောင့်ကြည့်ပါ။ သင့်ရဲ့ ဝင်ငွေ၊ ထွက်ငွေ အသုံးစရိတ်မှန်သမျှကို ဂရုစိုက်ပါ။

၆။ ချမ်းသာကြွယ်ဝမှုအကြောင်း လေ့လာပါ

ချမ်းသာကြွယ်ဝမှု၊ ငွေကြေးကို သင့်ဘဝထဲကို ဆွဲဆောင်နိုင်ဖို့ သင့်စိတ်ထဲမှာ မှန်ကန်တဲ့ အတွေးအခေါ်နဲ့ စိတ်ကူးစိတ်သန်းတွေ ရှိဖို့ လိုပါတယ်။ ဒါမှသာ ငွေကြေးနဲ့ပတ်သက်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ပြီး ဓနဥစ္စာတွေ ပိုမိုစီးဝင်လာအောင် ဆွဲဆောင်နိုင်မှာဖြစ်ပါတယ်။ အောင်မြင်ချမ်းသာသူတွေအကြောင်းလေ့လာပါ။ သူတို့လုပ်ကိုင်ဆောင်ရွက်သလို အတုယူကျင့်ကြံပါ။ ချမ်းသာကြွယ်ဝမှုအကြောင်း လေ့လာပါ။

၇။ ငွေကြေးကို ဝေမျှပါ

နောက်ဆုံးအချက်ကတော့ ငွေကြေးရဲ့ အသွားအပြန်သဘောတရာတစ်ခု ဖြစ်ပါတယ်။ သင့်အနေနဲ့ အမှန်တကယ်လိုအပ်သူတွေကို ငွေပေးမယ် တနည်းအားဖြင့် လှူဒါန်းမယ်ဆိုရင် သင့်စိတ်ကို ချမ်းသာစေနိုင်ပါတယ်။ ဒီလို စိတ်ချမ်းသာမှုက သင့်ဆီကို နောက်ထပ်ငွေတွေ စီးဝင်လာဖို့ ဆွဲဆောင်နိုင်ပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

အခြားစိတ်ဝင်စားစရာ ဆောင်းပါးအလန်းစား အကြမ်းစားတွေကို

Gentleman Website မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်

Related Posts

%%footer%%